ရေကျောက်ရောဂါနှင့်ပတ်သက်၍ အခြေခံသိထားရမည့်အချက်များ
30-Oct-2016ရေကျောက်ပေါက်ခြင်းသည် ကလေးဘဝတွင် ကြုံတွေ့ရမှုအများ ဆုံးရောဂါ တစ်ခုဖြစ်ပြီး အလွန်ယားယံသော အဖုအပိမ့်များထွက်ပေါ် တတ်သည့် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါတစ်မျိုးဖြစ်သည်။
သို့သော် ၁၉၉၀ ပြည့်နှစ်များမှစ၍ ကာကွယ်ဆေးများ ကျယ် ကျယ်ပြန့်ပြန့် အသုံးပြုမှုကြောင့် ရေကျောက်ပေါက်ခြင်းကို ယနေ့ ခေတ်ဆရာဝန်များ မမြင်ဖူးသလောက်နီးပါး ဖြစ်နေပြီဖြစ်သည်။
ရေကျောက်ရောဂါသည် ကလေးငယ်များတွင် မပြင်းထန်သော်လည်း အရွယ်ရောက်ပြီး သူများ ရေကျောက်ပေါက်ပါက ဘက်တီးရီး ယားကြောင့်ဖြစ်သော နမိုးနီးယားရောဂါအပါအဝင် ပြင်းထန်သော ကျန်းမာရေးအခြေအနေ ရှုပ်ထွေးမှုများဖြစ်နိုင်သည့် အန္တရာယ်ရှိသည်။ ရေကျောက်ပေါက်ဖူးသော လူများအနေဖြင့် ဘဝတစ်လျှောက်လုံး ယင်းရောဂါကင်းစင်သွားပြီ (နောက်တစ်ကြိမ် ထပ်မဖြစ်နိုင်တော့)ဟု ထင်မှတ်နိုင်သော်လည်း ယင်းဗိုင်းရပ်စ်မှာ ခန္ဓာကိုယ်ထဲ ငုပ်လျှိုးနေနိုင်ကာ ဘဝနှောင်းပိုင်းတွင် ရောဂါပိုးများပြန်လည် အသက်ဝင်လာနိုင်သည်။
ရေကျောက်ရောဂါပိုးသည် ကိုယ်ဝန်ဆောင်များမှ သန္ဓေသားထဲသို့ ကူးစက်နိုင်သောကြောင့် မွေးဖွားချိန် ကိုယ်အင်္ဂါချို့ယွင်းမှုများဖြစ်နိုင်သောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ရေကျောက် ရောဂါကင်းစင်ကြောင်း သေချာစေရန် ဆရာဝန်များက သွေးစစ်ခိုင်းလေ့ရှိသည်။
ရေကျောက်ရောဂါမှာ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပေါ်ခြင်းဖြစ်ပြီး နှာချေခြင်း(သို့မဟုတ်) ချောင်းဆိုးခြင်းတို့မှ စဉ်ထွက်လာသော အရည်စက်များမှ တစ်ဆင့် (သို့မဟုတ်) အဝတ်အထည်၊ အိပ်ရာခင်းတို့မှ တစ်ဆင့် (သို့မဟုတ်) ရေကျောက်ပေါက်နေ သူ၏ အနာအရည်ကြည်ဖုများမှတစ်ဆင့် ကူးစက်တတ်သည်။
ရောဂါပိုးကူးစက်ပြီး ရ ရက်မှ ၂၁ ရက်အထိ ရောဂါလက္ခဏာများပြသသည်။ အဖုများ မပေါက်မီတစ်ရက်၌ ယင်းရောဂါမှာ ကူးစက်နိုင်မှုအများဆုံးဖြစ်ပြီး ရောဂါလက္ခဏာများ လုံးဝပျောက်ကင်းသွားပြီး ခုနစ်ရက်အထိ ရောဂါကူးစက်နိုင်သေးသည်။
Ref:
ကျန်းမာရေး, ဗဟုသုတ
ဖိုးသူတော် (www.phothutaw.com)
Credit: 7 Day Daily