ခြေစွယ်မငုပ်ရန် ခြေသည်းညှပ်နည်း
30-Oct-2016(၁) ခြေသည်းညှပ်မီ ခြေသည်းနူး၊ ပျော့သွားစေရန် ရေနွေးဇလုံထဲတွင် ခြေထောက်များကို ဆယ်မိနစ်ခန့် စိမ်ထားပါ။
(၂) တုံးသော ခြေသည်းညှပ်၊ ဓား၊ ကတ်ကြေးတို့ မသုံးသင့်။ တစ်ခါညှပ်လျှင် တစ်ချက်တည်း ခြေသည်း ပြတ်မည့် ခြေသည်းညှပ်ကို သုံးပါ။ ခြေသည်းကို ကွေးဝိုက်ညှပ်သွားပါ။ထောင့်ဘက်များကို ဂရုစိုက်ညှပ်ပါ။ အသားထဲ တိုးဝင်သွားလေ့ရှိသော ခြေစွယ်မကျန်အောင် ညှပ်ပါ။ ထောင့်ဘက် ဖျားများကို တံစဉ်း တိုက်ပါ။
(၃) ခြေစွယ် ကုပ်နေလျှင်၊ ခြေသည်းစွန်းကို ထိုကုပ်နေသော နေရာသို့ ခြေသည်းညှပ်၊ ဓား၊ ကတ်ကြေးစသည်တို့ကို ဇွတ်ထိုးမထည့်ရ။ ရေနွေးစိမ်ပြီး ခြေသည်း နူးည့ံနေချိန်မှာ ထိုခြေစွယ်ကို ညှပ်ပါ။ မာခေါက်ကွေးကုပ်နေသော ခြေစွယ်အောက်သို့ မည်သည့်အရာမှ ထိုးမသွင်းရ။
ံHealthcare.com.mm
Ref:
အိမ်သားသမားတော်
ဒေါက်တာသန်းထွဋ်