လက်တစ်ဖက်တည်းတွင်မှဲ့နှင့် အညိုစက်၁၁လုံးကျော်အထိရှိပါက အရေပြား ကင်ဆာ ဖ...
30-Dec-1899
လက်တစ်ဖက်တည်းတွင်မှဲ့နှင့် အညိုစက်၁၁လုံးကျော်အထိရှိပါက အရေပြား ကင်ဆာ ဖြစ်နိုင်ခြေမြင့်မား
သုတေသနများအရ လက်တစ်ဖက်တည်းတွင် မှဲ (သို့) အညိုစက် ၁၁ လုံးကျော်ရှိေ နသည်ဆိုပါက အရေပြားကင်ဆာဖြစ်နိုင်ခြေ ပိုမိုများပြားသည်ဟု သိရသည်။ ယင်းသုတေသနရလဒ်ကို British Journal of Dermatology တွင် ဖော်ပြခဲ့ပြီး ဗြိတိန်တွင် အမြွှာပေါင်း ၃၀၀၀ ကျော်ကို သုတေသနပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ Melanoma သည် အရေပြားကင်ဆာတစ်မျိုးဖြစ်ပြီး နှစ်စဉ် ဗြိတိန်တွင် လူပေါင်း ၁၃၀၀၀ ကျော် ရောဂါဝေဒနာ ခံစားနေကြရသည်။ ယင်းရောဂါသည် မှုမမှန်သည့် မှဲ့နှင့် အညိုစက်များမှ တစ်ဆင့် ဖြစ်ပေါ် လာခြင်းဖြစ်၍ လူနာတွင်ရှိသည့်မှဲ့ (သို့) အညိုစက်အရေအတွက်နှင့်လည်း တိုက်ရိုက် သက်ဆိုင်နေသည်။
သုတေသနပညာရှင်များက ရှစ်နှစ်တာကာလလုံးလုံး အမြွှာအမျိုးသမီးများ၏ အရေပြားအမျိုးအစား၊ အရေပြားပေါ်မှ အညိုရောင် အစက်အပြောက်များနှင့် မှဲ့များကို လေ့လာခဲ့ပြီး ညာလက်တွင် မှဲ့ (သို့) အညိုစက် ခုနစ်ခုထက်ပိုပါသော အမျိုးသမီးများက တစ်ကိုယ်လုံးတွင် ၅၀ ကျော်ပါဝင်သူများထက် အရေပြားကင်ဆာဖြစ် ပွားနိုင်သူ ကိုးရာခိုင်နှုန်း ပိုမိုမြင့်မားသည်ကို တွေ့ရှိရသည်။ အညိုစက်လေးများ မဖြစ်ပေါ်စေရန်အတွက် နေပူထဲထွက်ပါက အနည်းဆုံး SPF15 ပါဝင်သည့်နေရောင်ကာ ခရင်မ်ကိုလိမ်းသွားရန်နှင့် အကာအကွယ်များ ဆောင်းသွားကြရန် လိုအပ်သည်ဟု သိရသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine, No.281, December 2015, Pg.187
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
