ပွေး
25-Feb-2017
ပွေး
ပွေးဆိုတာ အရေပြားမှို ကူးစက်ရောဂါပါ။ အရေပြားဆဲလ် အဟောင်းတွေ၊ လက်သည်း၊ ခြေသည်းနဲ့ ဆံပင်မွေးတွေမှာ ပေါက်ဖွားကူးစက်တတ်တယ်။ ပွေးဟာ အလွန်ကူးစက်လွယ်တယ်။ နည်းအမျိုးမျိုးနဲ့ ကူးစက်တတ်တယ်။
အစမှာ ယား တဲ့ အနီစက်ပုံစံလေးနဲ့ စဖြစ်တယ်။ တဖြည်းဖြည်းကြီးလားပြီး အဝိုင်းကွက် ထူထူလေး ဖြစ်လာတယ်။ ယားတယ်၊ ကုတ်ရတယ် အဖတ်ကွာတာမျိုး ဖြစ်တတ်တယ်။ လူ,လူချင်း ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်တွေနဲ့ ထိတွေ့မှုတွေ ကနေ အဓိက ကူးစက်ကြတာပါ။ အဝတ်အစား၊ အသုံးအဆောင်တွေကနေ တစ်ဆင့်ခံ ထိတွေ့ကူးစက်မှု ကလည်း ကူးစက်တတ်ပါသေးတယ်။ လိမ်းဆေး၊ သောက်ဆေးများနဲ့ ကုသနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာစိုးဝင်းဦး
(အရေပြားအထူးကုဆရာဝန်ကြီး)
Ziwaka magazine, January 2016, Pg.70
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
