လက်အရေပြား ခြောက်သွေ့လွန်းနေပါသလား
25-Feb-2017
လက်အရေပြား ခြောက်သွေ့လွန်းနေပါသလား
မျက်နှာပြင် (သို့) ဆံပင်တို့ကဲ့သို့ပင် လက်နေရာရှိ အရေပြားဟာလည်း ခြောက်သွေ့တတ်တဲ့အတွက် ၎င်းတို့ကို လစ်လျူရှု မထားသင့်ပါပေ။ လက်အရေပြား မခြောက်သွေ့စေရန် -
၁။ သန့်ရှင်းအောင်နှင့် အစိုဓာတ်ရအောင် ထားပေးပါ။ လက်ကို ဆေးကြောသန့်စင်ရာတွင် ဂရေစလင် ပါဝင်တဲ့ ဆပ်ပြာအမျိုးအစားကို အသုံးပြုပေးပါ။ အကယ်၍ လက်အရေပြားဟာ အလွန်ခြောက်သွေ့နေပါက အဆီပါဝင်မှု များသော ဆပ်ပြာအမျိုးအစားကို အသုံးပြုပေးပါ။
၂။ အစိုဓာတ်ပေးပါ။ ရေ ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကို မဖြစ်မနေ Moisturizer လိမ်းပေးပါ။
၃။ နေကာလိမ်းဆေးကို အသုံးပြုပါ။ မျက်နှာပြင်ကဲ့သို့ပင် လက်အရေပြားကို နေရောင်ခြည် ထိတွေ့လွန်းပါက အရွယ်မတိုင်မီ အရေးအကြောင်းများနှင့် အစက်အပြောက်တွေ ထင်လာတတ်တဲ့အတွက် ရှောင်ကြဉ်ပေးပါ။ နေရောင်ခြည် ထိတွေ့လွန်းရင် အရေပြားကို ညိုညစ်စေတဲ့ Melanin (မယ်လနင်) ဓာတ် ပိုထွက်စေပါတယ်။ အဲဒါကြောင့် အနည်းဆုံး SPF 15 ပါဝင်မှုရှိတဲ့ Sunblock (နေရောင်ကာ) လိမ်းဆေးကို ပုံမှန် အသုံးပြုပေးပါ။ ၎င်း က နေရောင်ခြည်ဒဏ်မှာ ၉၀ ရာခိုင်နှုန်းခန့် ကာကွယ်ပေးပါလိမ့်မယ်။ ဒါကြောင့်မို့ မျက်နှာပြင်ကို Sunblock လိမ်းပေးမယ်ဆိုရင် လက်ဖမိုးများကိုပါ လိမ်းပေးဖို့ မမေ့ပါနဲ့။
၄။ ပန်းကန်ဆေး၊ အဝတ်လျှော်စသည် ပြုလုပ်ရာတွင်လည်း လက်အိတ်ကို အသုံးပြုနိုင်လျှင် ကောင်းပါသည်။ လက်အိတ် မစွပ်ခင်မှာလည်း လက်ကို Moisturizer လိမ်းပေးဖို့သတိရပါ။
Hand Cream ကို မဖြစ်မနေ အသုံးပြုပေးပါ။ Hand Cream သည် -
၁။ နှင်းခူရောဂါ ဖြစ်ခြင်းမျိုး
၂။ လက်ဖဝါးပြင် အရေပြား ကွဲအက်ခြင်းမျိုး
၃။ နီမြန်းခြင်းမျိုးနဲ့
၄။ အညိုရောင် အစက်အပြောက်များ ဖြစ်ခြင်းမျိုးတို့ကို ကာကွယ်ပေးနိုင်တဲ့အတွက် အသုံးပြုပေးဖို့ လုံးဝမမေ့သင့်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဦးခိုင်
Health for all magazine, December 2013, Pg. 56
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
