ညအိပ်မပျော်ခြင်းကို ဖြေရှင်းရန်နည်းလမ်းများ
30-Oct-2016
အချို့သောသူများက ညအိပ်ခါနီးတွင် အတွေးများနယ်ချဲ့နေသောကြောင့် အိပ်မပျော်နိုင်ဖြစ် ကြသည်။ အကြံပေးချင်တာကတော့ အိပ်ခါနီးတွင် ပူပန်နေမှုများ၊နောက်နေ့တွင် လုပ်ဆောင်ရမယ့် ကိစ္စများနှင့် အခြားသောအရာများအား ခေါင်းထဲမှထုတ်ပစ်လိုက်ပါ။ အောက်ဖော်ပြပါ အကြံပြုခ ျက်များက သင့်အားကောင်းမွန်စွာ အိပ်စက်နိုင်ရန် များစွာအထောက်အကူ ပြုနိုင်ပါသည်။
(၁) ဆိတ်ငြိမ်သောနေရာတွင်အိပ်ပါ
အေးမြတိတ်ဆိ်တ်၍ အလင်းလင်းများများ မရောက်နိုင်သော နေရာတွင်အိပ်ပါ။ တီဗွီ၊ ကွန်ပျူ တာနှင့် ဖုန်း များကို အိပ်ခါနီးတွင် မသုံးမိပါစေနှင့် ၄င်းတို့မှ ထွက်သော အလင်း များကဦးနှောက်ကို လှုံ့ဆော်မှုများ ဖြစ်စေသော ကြောင့် ပိုအိပ်မပျော်စေပါ။
(၂) အသက်ရှူလေ့ကျင့် ခန်းလုပ်ပါ
အိပ်ယာထဲ တွင်အိပ်ယာမပျော်ပါက အသက်ရှူသွင်း ရှူထုတ်ခြင်း လေ့ကျင့်ခန်းလုပ်ပါ။ ဤသို့ပြုလုပ်ခြင်းဖြင့် အတွေးများ၊ ပူပန်မှု များမှ ကင်းဝေးစေ၍ စိတ်သက်သာရာရစေပါသည်။
(၃) အစားအသောက် ဂရုစိုက်ပါ
မအိပ်ခင် ကော်ဖီ၊ အရက်နှင့် အချိုဓာတ်များ စားသုံးခြင်းကို ရှောင်ပါ။ မအိပ်ခင်နွားနို့တစ်ခွက် သောက်သုံးပေးပါ။
(၄) ကျန်းမာရေးစစ်ဆေးပေးပါ
နေထိုင်မကောင်းဖြစ်လျှင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ သွား၍ ကုသမှုခံယူပါ။လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးပါ။
(၅) တစ်နေ့တာလုပ်ဆောင်စရာများကို ရေးမှတ်ပါ
နောက်နေ့တွင် လုပ်ဆောင်ရမည့် ကိစ္စများကို ပူပန်ခြင်းမှ ကင်းဝေးရန် စာအုပ်တစ်အုပ် ပေါ်တွင် ထိုလုပ်ဆောင်စရာများကိုမအိပ်ခင် ရေးမှတ်လိုက်ပါ။ ဤသည်က သင်၏ စိတ်ကို သက်သာရာ ရစေပါသည်။
(၆) သောက်နေကျဆေးများကို ပြန်စစ်ဆေးပါ
အချို့သောဆေးများက သင်၏ အိပ်စက်ခြင်းကို များစွာသက်ရောက်မှုရှိပါသည်။ စိတ်ကျန်းမာရေး အတွက် သောက်ဆေးများသောက်နေရပါလျှင် သင်၏ဆရာဝန်နဲ့ တိုင်ပင်၍ ဆေးပမာဏ (သို့) အကြိမ်အရေအတွက်ကိုပြန်လည်ညှိနှိုင်းသင့်ပါသည်။
Ref:
ဒေါက်တာ ခြူးမျက်ချယ်
၅.၁၀ ၂၀၁၅
Source:
Mind for better mental Health
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
