Warning Signs of Depression ခေါ်စိတ်ဝေဒနာ၏ အကြိုလက္ခဏာများ
30-Oct-2016သာမန်ဆိုးသွန်းကလေးတို့နဲ့လည်းမတူဘဲ အောက်ပါအချက်တို့ကို ရက်သတ္တပတ် နှစ်ပတ်ထက် ကျော်ပြီးတွေ့ရပါက အထူးသတိပြုသင့်သည်။
- မောပန်းနွမ်းနယ်နေခြင်း
- အိပ်ပျော်ခြင်းဆိုင်ရာ ပြဿနာများ (Sleep Problems)
- အစာမစားနိုင်မှု၊ ကိုယ်အလေးချိန်ဆိုင်ရာ ပြဿနာများဖြစ်လာမှု
- ဆုံးဖြတ်ချက်ချမှုဆိုုင်ရာများတွင် မရေရာမှု၊ အခက်အခဲရှိမှုများ
- မိမိကိုယ်ကို အပြစ်တင်နေတတ်မှု၊ အရေးမပါထင်နေတတ်မှုများ
- ဂနာမငြိမ်ဖြစ်မှု၊ နုံးခွေနေတတ်မှုများ
- “ သေတာကောင်းတယ်၊ သေချင်တယ်” ဟူသောအတွေများ၊ စကားများဖြစ်ပါသည်။
စိတ်ကျရောဂါအတွက် ကုသခြင်းထက်ကြိုတင်ကာကွယ်ခြင်း၊ ကျန်းမာရေးပညာပေးခြင်း တို့သည် အလွန်ထိရောက်သည်ဟုသိရသည်။ “ ဆယ်ကျော်သက်အရွယ်နှင့် စိတ်ကျဝေဒနာတို့ လုံးဝမဆက် စပ်၊ အရွယ်ငယ်ငယ်နဲ့ စိတ်ကျဝေဒနာမျိုး မခံစားရနိုင်” ဟူသော အယူအဆများသည် မှားယွန်းနေသည်ဟု ယူဆကြသည်၊။ အခြေအနေနဲ့အချိန်အခါအရ၊ မျိုးရိုးဗီဇအရ ဖြစ်လာနိုင်သည့် သဘောကိုမူလက်ခံသင့် ပါတယ်။ ထို့ကြောင့် ဆယ်ကျော်သက်အရွယ် သားသမီးတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကောင်းများ ဖန်တီးနိုင်ကြစေရန် မိဘများ၊ ဆရာသမားမျာ သတိပြုဆောင်ရွက်ကြသင့်ကြောင်း အကြံပေးလိုပါသည်။
Ref:
ဒေါက်တာမြင့်သန်း(ညောင်လေးပင်)
Health For All Magazin No.101, Pg.86-88,June.2015