၀မ်းဗိုက်ချပ်ရပ်စေမည့် နည်းလမ်းကောင်းများ
29-Oct-2016
ပိုနေသော အဆီများကို လျှော့ချပြီး ၀မ်းဗိုက်ကို ချပ်ရပ်လာစေမည့် နည်းလမ်းကောင်းများကို မျှဝေပေးလိုက်ပါသည်။ (၁) တစ်နေ့ကို အနည်းဆံး ခြေလှမ်း ၁၀၀၀ လှမ်းလျှောက်ပေးပါ။ (၂) တစ်နေ့ကို ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်း မိနစ်(၂၀)ခန့်လုုပ်ပါ။ တစ်ပတ်ကို ၅ ရက် သာလုပ်၍ (၂)ရက် အနားယူပါ။ (၃) တစ်နေ့ကို ထိုင်ထလေ့ကျင့်ခန်း အကြိမ် ၁၀၀ လုပ်ပါ။ (၄) ယောဂကျင့်စဉ်ကဲ့သို့သော လေ့ကျင့်ခန်းကို ကိုယ်နေဟန် မှန်အောင်ထား၍ ခါးမတ်မတ်ထိုင်၍ (၁၅) မိနစ်ခန့်အသက်ပြင်းပြင်းရှုထုတ်ပါ။ (၅) တစ်နေ့ကို အစာ (၃) ကြိမ် အဝစားမည့်အစား နည်းနည်းစီသာ ၅ ကြိမ်ခန့် ခွဲ၍စားပါ။ (၆) အစာမစားခင် ရေတစ်ဖန်ခွက်ကို အရင်သောက်ပေးပါ။ (၇) အစာကို ကျေညက်အောင် ဖြေးဖြေးစားပါ။ (၈) အချိုပါသော အစားအစာများ၊ သရေစာများကို ရှောင်ပါ။ (၉) ဆားပမာဏကို လျှော့စားပါ။ အငံဓါတ်ကို လျှော့စားပါ။ အဆီအဆိမ့်ပါသော အစားအစာများကို ရှောင်ပါ။ (၁၀) အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာစသည့် မူးယစ်များကို ရှောင်ပါ။ ဗိုက်သားချပ်ချပ်ဖြင့် လှပသောကိုယ်ခန္ဓာများကို ပိုင်ဆိုင်နိုင်ကြပါစေ။ Ref: စောနွဲ ့နေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ Tuesday, August 25, 2015 as in Beauty and Healthy Tips.
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
