နှာခေါင်းသွေးလျှံခြင်း
24-Feb-2017ပူပြင်းခြောက်သွေ့သည့် ရာသီဥတုတွင် နှာခေါင်းသွေးလျှံခြင်း ဖြစ်တတ်သည်။ အသားအရေပြားခြောက်သွေ့ခြင်းကြောင့် သွေးကြောများ ပေါက်လွယ်တတ်သဖြင့် နာခေါင်းသွေးလျှံခြင်း အလွယ်တကူ ဖြစ်တတ်ပါသည်။ ဖြစ်လာခဲ့ပါက မိမိကိုယ်တိုင်အလွယ်ဆုံးလုပ်ဆောင်သင့်သည့်အချက်များမှာ
၁။ နှာခေါင်းသွေးလျှံသည့်အခါ နှာခေါင်းထိပ်ဖြားနေရာကို လက်မနဲ ့လက်ညိုး ဖြင့်ညှပ်ပေးထားပါ။
၂။ သွေးတိတ်သည့်အထိနေပေးပါ။ အဲဒီလိုဖြစ်နေသည့်အချိန်တွင် လှဲအိပ်ခြင်းမပြုလုပ်ရပါ။ သွေးများအသက်ရှူလမ်းကြောင်းအတွင်းသို ့ရောက်ရှိတတ်ပါသည်။
၃။ ဦးခေါင်းကို အနည်းငယ်မော့ပေးထားပါ ။
၄။ ရေခဲအဝတ်ဖြင့် နှာခေါင်းထိပ်နေရာတွင် မကြာမကြာကပ်ပေးပါ ။
၅။ နှာခေါင်းအတွင်း လက်ဖြင့်နှိုက်ခြင်းလုံးဝမပြုလုပ်ရပါ။ ငြိမ်သက်စွာနားနားနေနေပေးပါ။
၆။ အလေးပင်မခြင်း ၊ လေ့ကျင့်ခန်းလုပ်ခြင်း မလုပ်ဆောင်သင့်ပါ ။
၇။ ဆေးလိပ်သောက်တက်သူများ ဆေးလိပ်ဆက်မသောင်သင့်ဘဲ တစ်ရက်တာမျှ နားပေးပါ။
၈။ သွေးလျှံနေခြင်းကြောင့် ပူသောဟင်းရည်၊ ကော်ဖီ၊ လက်ဖက်ရည်တို ့သောက်သုံးခြင်း ရှောင်ရှားလိုက်ပါ။
Ref:
Mg Mandalay
Tuesday, June 23, 2015