၀က်ခြံမပေါက်အောင်ကာကွယ်ဖို့
29-Oct-2016၀က်ခြံဆိုတာ အဖြစ်အများဆုံး အရေပြားပြဿနာ တစ်ခုဖြစ်ပါသည်။ မျက်နှာမှာ အများဆုံးပေါက် ကြတာပါ။ မျက်နှာပြင် ရင်ဘတ်၊ လည်ပင်း၊ ကျောနဲ့ လက်မောင်းလို
နေရာမျိုးမှာလည်း ဖြစ်ပွားတတ်ပါသေး တယ်။ သိပ်ဆိုးရွားရင် ကိုယ်ခန္ဓာတစ်လုံးပေါက်တဲ့
သူလည်းရှိပါတယ်။ ၀က်ခြံဟာ စိတ်ဒုက္ခပေးတဲ့ ပြဿနာတစ်ခုဆိုလည်းမမှားပါဘူး။မျက်နှာမှာ
အဖုမျိုးစုံပေါက်နေတာ၊ အမာရွက်တွေ ကျန်တာတွေကြောင့် ကုရင်လည်း လနှင့်ချီအချိန်
ပေးရပါတယ်။ ဒါကြောင့် ၀က်ခြံမထွက် အောင် ကာကွယ်ဖို့ နည်းလမ်းတွေအကြောင်း
ရေးသားဖော်ပြသွားမှာပါ။
၁။ မျက်နှာကို သန့်ရှင်းအောင်ထားပါ။
သင့်မှာ ၀က်ခြံရှိရှိ၊ မရှိရှိ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ဖို့
နေ့စဉ်မျက်နှာကို ဆေးကြောသန့် ရှင်းပေးရမှာပါ။ သန့်ရှင်းပေးတဲ့အတွက် အညစ်အကြေးတွေမကဘဲ အရေပြား၊ ဆဲလ်အဟောင်းတွေ၊ အဆီ တွေ၊
ကြေးတွေအားလုံး၊ လျော့နည်းသန့်စင်သွားတာပါ။ ရေပူမသုံးပါနဲ့။ ကြက်သီးနွေးရေ သို့မဟုတ် ရိုးရိုးရေ ကိုသုံးပါ။ ဆပ်ပြာ သို့မဟုတ် Clanser ပျော့ပျော့သုံးပါ။
ဆပ်ပြာပြင်းပြင်း၊ အနှံ့ပြင်းပြင်းဆပ်ပြာသုံးရင် နဂို ရောင်ရမ်းနေတဲ့ မျက်နှာအသားအရေ ပိုဆိုးပြီး တုံပြန်မှု ပိုများပြီး နေရခက်တတ်တယ်။ မျက်နှာပြောင်စင်အောင် ကြေးတွန်းဖတ်၊
လက်အိတ်၊ အဝတ်ကြမ်းကြမ်းတွေနဲ့ ပွတ်တိုက်တာ လုံးဝ ရှောင်ကြဉ်ပါ။လက်သန့်သန့်နှင့်
အသာအယာ ဖွဖွဆေးပေးပါ။ ရေများများ ဆေးကြောပေးပြီး သန့်ရှင်းတဲ့ ပဝါနဲ့ ဖွဖွဖိသုတ်ပေးပါ။ ပွတ် မသုတ်ပါနဲ့။
၂။ ရေစိုဓာတ်ထိန်းခရင် လိမ်းပေးပါ။
၀က်ခြံလိမ်းဆေးအများစုမှာ အသားခြောက်စေတတ်တာတွေပါတယ်။ ၀က်ခြံဆေး
လိမ်းနေတယ်ဆိုရင် အရေပြားကွာတာနဲ့ အသားခြောက်တာ ကာကွယ်ဖို့ ရေစိုဓာတ်ထိန်း
ခရင်(Moisturizer) ကောင်းကောင်း အမြဲလိမ်းပေးပါ။ အဆီပြန်တဲ့ မျက်နှာအတွက် ဂျဲလ် (Gel) က ကောင်းတယ်။ ခြောက်တဲ့မျက်နှာအတွက် ခရင် သို့မဟုတ် လိုးရင်းသုံးပါ။
ပေါင်းစပ်အသားအရေ မျက်နှာမျိုးကျတော့ နှစ်မျိုးပေါင်းလိမ်းရတယ်။ အဆီပြန်တဲ့အပိုင်း
ကို ရေစိုဓာတ်ထိန်းဂျဲလ်၊ ခြောက်တဲ့အပိုင်းကို ခရင် သို့မဟုတ် လိုးရှင်းလိမ်းပါ။ မျက်နှာဆေးကြော ပြီးပြီးချင်း လိမ်းတာကောင်းတယ်။
၃။ ၀က်ခြံဆေးတွေကို ဒီလိုလိမ်းပါ။
၀က်ခြံလိမ်းဆေးတွေမှာ ပိုးသတ်ဆေး၊ ဘင်ဇွိုင်ပါအောက်ဆိုက်၊ ဆယ်လီစလစ်
အက်စစ််တာမျိုးတွေ ပါတတ်တယ်။ အရေပြားခြောက်ပြီး ကွာတတ်တယ်။ ဒါကြောင့် အစပိုင်းမှာ ဆေးနည်းနည်းနဲ့ပဲစလိမ်းပါ။ ခံနိုင်ရင် နည်းနည်းချင်း ဆေးပမာတိုးလိမ်းပါ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေကတော့ ပိုသတိထားရမှာဖြစ်ပါတယ်။
လိမ်းဆေးတွေက အဖတ်ကွာရုံသာမကဘဲ အသားအရေနီရဲတာ၊ ခြောက်ပြီး
နေရခက်တာ မျိုးတွေလည်း ဖြစ်တတ်လို့ပါ။
၄။ မိတ်ကပ်လျှော့လိမ်းပါ။
၀က်ခြံထွက်နေတုန်းမှာ မိတ်ကပ်ရော၊ ဖောင်ဒေးရှင်းပါ ရှောင်ထားနိုင်ရင် ပိုကောင်းတယ်။ မဖြစ်မနေ လိမ်းရမယ်ဆိုရင် လျှော့လိမ်းပါ။ အဆီမပါတဲ့ Oil-Free ပစ္စည်းတွေသုံးပါ။ မိတ်ကပ်ခရင်ထက်စာရင် မိတ်ကပ် အရည်မျိုးသုံးပါ။ အပြင်အလုပ်
စတာတွေက ပြန်လာတိုင်း မိတ်ကပ်ဖျက်ဆေးနဲ့ အမြဲပြန်လည် ဆေးကြောပေး ပါ။
၅။ ဆံပင်အလှကုန်ကိုလည်း သတိပြုပါ။
ဆံပင်မှာ ပင်ကိုအဆီရှိတယ်။ မျက်နှာအသားအရေနဲ့ ပွတ်မိရင် ၀က်ခြံ
ပိုဆိုးတတ်တယ်။ ၀က်ခြံ မထွက်အောင် ဆံပင်အလှကုန်တွေကိုလည်း သတိထား
အသုံးပြုရမှာဖြစ်ပါတယ်။ ဆံပင်ကို လိမ်းတာတွေမှာ အဆီပါတာရှောင်ပါ။ အနံ့ပြင်းပြင်း၊ ဓာတုပစ္စည်းပြင်းပြင်းပါတာတွေကို လည်းရှောင်ပါ။ ဒါတွေက မျက်နှာအထိ စီးကျလာပြီး
ချွေးပေါက်ပိတ်တတ်တယ်။ ၀က်ခြံပိုဆိုးတတ်တယ်။ မျက်နှာအသားအရေတုံ့ပြန်မှု ပိုဆိုးတတ်ပါ တယ်။ ခေါင်းလျှော်ရည်ပျော့ပျော့၊ ကွန်ဒီရှင်နာပျော့ပျော့သုံးပါ။ ၀က်ခြံထွက်နေတုန်းမှာ အကြိမ်များများ ခေါင်း လျှော်ပါ။ ဒါမှ ဆံပင်ခြောက်နေမှာပါ။ မျက်နှာ၊ နဖူး၊ နားသယ်အစပ် နေရာတွေကို ဆံပင်ဖုံးတာ၊ ပွတ်တိုက်တာ မဖြစ်အောင် ဆံပင်ကို စည်းထားပေးပါ။ လိုအပ်ရင် ဘီးကုပ်သုံးပါ။
၆။ မျက်နှာကို လက်နဲ့မကိုင်ပါနဲ့
၀က်ခြံရှိရင် မနေတတ်ကြဘူး။ လက်နဲ့ တစ်ချိန်လုံးကိုင်မိ၊ စမ်းမိနေတတ်ကြတယ်။ မနေနိုင်လျှင် ညှစ်မိတတ်တယ်။ တချို့ဆို ကိုယ့်မျက်နှာက ၀က်ခြံအဖုတွေကို ညှစ်လို့အားမရလို့ သူများမျက်နှာက အဖုတွေ ကိုလည်း လိုက်ညှစ်တတ်ကြသေးတယ်။ ၀က်ခြံမထွက်ချင်ရင် မျက်နှာကို လက်နဲ့မကိုင်ပါနဲ့၊
မညှစ်ရ။ မပွတ်ရ၊ မထိရ၊ မကလိရပါဘူး။ လက်ကို ငြိမ်ငြိမ်ထားပါ။ လက်ဆိုတာ
နေရာအနှံ လျှောက်ကိုင်တွယ်နေတာမို့ မသန့်တာတွေ၊ ဗက်တီးရီးယားပိုးတွေ အမြဲရှိတယ်။ ရှိပြီးသားသက်ခြံ ရောင်ရမ်းစေတယ်၊ ပိုးကူးစက်စေတယ်၊ ပြည်တည်တာ
ဖြစ်စေတယ်။ အမာ ရွက်ပို ဆိုးစေပါတယ်။
၇။ နေရောင်ခြည် တက်နိုင်သမျှ ရှောင်ပါ။
နေရောင်ခြည်မှာ ခရမ်းလွန်ရောင်ခြည်ပါတယ်။ သူက နီရဲတာ၊ ရောင်ရမ်းတာ ပိုဆိုးစေတယ်။ အဲဒါ အပြင် တချို့ဝက်ခြံသောက်ဆေး၊ လိမ်းဆေးတွေဟာ နေရောင်ခြည်
ကို အသားအရေတုန့်ပြန်မှု ပိုဆိုးစေ တယ်။ မြန်မာပြည်ဟာ နေရောင်ခြည်ရရှိမှု
မြင့်မားတဲ့အတွက် နေရောင်ကိုတတ်နိုင်သမျှ ရှောင်ဖို့အရေးကြီး တယ်။ ၀က်ခြံရှိရှိ မရှိရှိနေကာနံပတ် ၁၅ အနည်းဆုံးပါတဲ့ နေကာလိမ်းဆေးလိမ်းပါ။ အပြင်မထွက်ခင် ကြို လိမ်းပါ။ အဆီမပါတဲ့ Oil-Free နေကာလိမ်းဆေးသုံးပါ။
၈။ အစားအစာဘယ်လိုစားသလဲ။
အပူ၊ အစပ်၊ အငန်၊ အဆီများတာ၊ ချောကလက်စတာတွေဟာ ၀က်ခြံနဲ့မဆိုုင်ဘူးလို့ ဆရာဝန်တွေက ပြောလိမ့်မယ်။ မှန်ပါတယ်။ ၀က်ခြံမှာ အစားရှောင်ဖို့မလိုဘူး။ ဒါပေမဲ့ အရေပြားဟာ ကိုယ်ခန္ဓာရဲ့ အစိတ် အပိုင်းဖြစ်တာမို့ ကိုယ်ခန္ဓာအတွက် မကောင်းတဲ့
အစားအစာတွေဟာ အရေပြားအတွက်လည်း ကောင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် အဆီအငန်များတာနဲ့ အမြန်စာ (Junk Food) တွေ ရှောင်ပါ။ လတ်ဆတ်တဲ့ အသား ငါး၊ သစ်သီးဝလံ စတာတွေစားပါ။ ဗိုက်တာမင်အေ၊ ကယ်ရိုတင်းများတဲ့ အစားအစာတွေဟာ ကိုယ်ခံအားမြင့် ပေးတဲ့ အရေပြားအတွက် ပိုကောင်းတယ်။ အရေပြားအတွက် ပိုကောင်း
တယ်။ ဒါတွေက နီဝါစိမ်း ရောင်စုံသစ် သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါတယ်။
၉။ ၀က်ခြံကနေ ပြေးပါ။
ပြေးပါ၊ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာ ကိုယ်ခန္ဓာကျန်းမာရေးအတွက်
ကောင်းတယ်ဆို တာ လူတိုင်းသိပြီးသား။ အရေပြားကျန်းမာရေးအတွက်လည်း ပါတာပေါ့။ အရေပြားသွေးလည့်ပတ်မှု ကောင်း မယ်၊ အသားအရေစိုပြေမယ်။ ကိုယ်ခံအားကောင်းစေပါတယ်။ စိတ်ဖိစီးမှုလည်း လျော့တယ်။ လေ့ကျင့်ခန်း လုပ်နေချိန်မှာ မျက်နှာနှင့်နဖူးကို ပွတ်တိုက်နေစဉ်တတ်တဲ့ နဖူးစည်း၊ ဦးထုပ်၊ မျက်ကာမှန်၊ ခေါင်းဆောင်းစ တာတွေ မဝတ်ပါနဲ့။ ပါတ်တိုက်မှုကြောင့် အရေပြားတုံ့ပြန်မှု ပိုဆိုးတတ်တယ်၊ ပိုးဝင်တတ်တယ်။ ချွေးထွက် တာ ပိုများတတ်တယ်၊ ၀က်ခြံပိုဆိုးတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ရေချိုးဖို့လည်း လိုပါတယ်။
၁၀။ စိတ်ဖီစီးမှု လျှော့ချပေးပါ။
သင်ရော၊ ကျွန်ုပ်ပါ ကိုယ်ခန္ဓာနဲ့ စိတ်ဟာ ဆက်စပ်နေတယ်။ ဟုတ်ပါတယ်။ စိတ်အခြေအနေဟာ ကိုယ်ခန္ဓာကျန်းမာရေးကို အကျိုးသက်ရောက်မှုရှိတယ်။ အရေပြားနဲ့ လုပ်ငန်းတာဝန်တွေလည်း ပါတာပေါ့။ လေ့လာမှုအရ စိတ်ဖီစီးမှုများရင် ၀က်ခြံပိုဆိုး
တတ်တယ်လို့ တွေ့ရှိထားတယ်။ ဒါကြောင့် စိတ်ဖီစီးမှုလျှော့ချ ပေးပါ။ စိတ်ဖီစီးမှုလျော့ချ
နည်းတွေကို လေ့လာဆောင်ရွက်ပါ။ သတိထားမိရင် ဖီစီးမှုကို လျော့ချနိုင်မယ်၊ ၀က်ခြံ သက်သာစေမယ်။
၀က်ခြံဆိုတာ ဆယ်ကျော်သက်ဘဝ၊ လူငယ်ဘဝမှာအများဆုံး ဖြစ်ပွားလေ့ရှိတာပါ။ ဒါကြောင့် အထက်ပါအချက်တွေကို နေ့စဉ်မှန်မှန် လိုက်နာဆောင်ရွက်ရင် ၀က်ခြံထွက်
တာ အနည်းနဲ့အများ ကာကွယ် နိုင်မှာပါ။ ဒီထက် ၀က်ခြံပိုဆိုးရင် ကြာရှည်ရင်တော့ တတ်ကျွမ်းသူနဲ့ ပြသကုသဆောင်ရွက် ပေးသင့်ပါတယ်။
Ref:
ဒေါက်တာစိုးဝင်းဦး
(အရေပြား အထူးကုဆရာဝန်ကြီး)
Health For All Magazine No.98, Pg.47-48, March.2015