SPF ဆိုတာ
29-Oct-2016
SPF ဆိုတာ ခရမ်းလွန်ရောင်ခြည် B ကို ကာကွယ်နိုင်မှု စွမ်းရည်ကို ပြောတာ။ UVB ဆိုတာ နေလောင်တာကို အဓိကဖြစ်စေတာ။ အဲဒီတော့ နေကာလိမ်းဆေး မလိမ်းရင် နေလောင်တဲ့အချိန်နဲ့ နေကာလိမ်းဆေးလိမ်းထားရင် နေလောင်တာဖြစ်ဖို့ အချိန်ပိုကြာတယ်ဆိုတာကို ပြောချင်တာပါ။
SPF 100 ဟာ SPF 50 ထက် နှစ်ဆပိုကောင်းသလား
-----------------------------------------------------------
အခုတလော တီဗီကြော်ညာမှာ နှစ်ဆနော်၊ နှစ်ဆဆိုတာကို အမြဲတွေ့နေတယ်။ အိုဗာတင်း ကြော်ညာထင်တယ်။ ကောင်းတာ နှစ်မျိုးပါ၀င်တာကြောင့်အာနိသင် နှစ်ဆ
ရတယ်လို့ ကြော်ညာတာ။ နေကာ ပစ္စည်းမှာတော့ နံပါတ် ၁၀၀ ဟာ ၅၀ ထက်
နှစ်ဆပိုကောင်းသလား။ SPF ဆိုတာ “အချိန်” ပိုကြာကြာကာကွယ်နိုင်တဲ့ နံပါတ်ဖြစ်ပါ
တယ်။ သိနေကြတာ၊ ကြော်ညာနေကြတာက SPF ဆိုတာ “အဆ” ပိုများများ
ကာကွယ်ပေးတယ်ဆိုတာပါ။ “အဆ” လို့ယူဆရင် SPF 30 က SPF 15 ထက် နှစ်ဆပို ကာကွယ်ပေးနိုင်တယ်လို့ အဓိပ္ပာယ် ရတာပေါ့။ အမှန်က အဲဒီလို မဟုတ်ဘူး။SPF 15 ဟာ ခရမ်းလွန်ရောင်ခြည် B ကို 94 ရာခိုင်နှုန်း ကာကွယ်ပေးပြီး SPF 30 က 97 ရာခိုင်နှုန်းနှင့် SPF 45 က 98 ရာခိုင်နှုန်း ကာကွယ်ပေးပါတယ်။ SPF 45 (သို့) 50 ထက် မြင့်ရင်တော့ သိပ်မထူးခြားတော့ဘူး။ SPF နံပါတ် မြင့်ရင် UVB ကို ကာကွယ်မှု ရာခိုင်နှုန်းနည်းနည်းချင်း မြင့်လာတာ တွေ့ရမယ်။ ဒါပေမဲ့ ဘယ်ဟာကမှ ရာနှုန်းပြည့် ၁၀၀ ရာခိုင်နှုန်း ကာကွယ်မှုမပေးနိုင်ဘူး။ SPF 100 ကလည်း ၁၀၀ ရာခိုင်နှုန်း ကာကွယ်မှုမရပါဘူး။ SPF 100 က SPF 50 ထက် နှစ်ဆ ကာကွယ်မှုရတယ် ဆိုတာလည်း မဟုတ်ပါဘူး။
Ref:
ဒေါက်တာစိုးဝင်းဦး
(အရေပြားအထူးကု ဆရာဝန်ကြီး)
Health for all
No.101 June 2015
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
