မျက်ကွင်းညိုခြင်းအတွက် အလွယ်နည်းများ
29-Oct-2016မျက်ကွင်းညို၍ စိတ်ညစ်နေသူများအတွက် အိမ်တွင်းကု အလွယ်ကူဆုံး သဘာဝနည်းလေးများကို ကျန်းမာရေးသတင်းများ စာမျက်နှာမှ မျှဝေပေးလိုက်ပါ
ရစေနော်။
နည်းလမ်း(၁)
--------------
သခွါးသီးကို အကွင်းလိုက်လှီး၍ ရေခဲသေတ္တာထဲ ၁၀ မိနစ်ခန့် အေးအောင် ထည့်ထားပါ။ (ရေခဲသေတ္တာမရှိလျှင်လည်း သခွါးသီးဟာ သဘာဝအတိုင်းအေးပြီးသားမို့
ဒီအတိုင်း သုံးနိုင်ပါတယ်) အေးသွားတဲ့ သခွါးသီးကွင်းကို မျက်လုံးပေါ်ကို ၁၅ မိနစ်ခန့် ကပ်ပေးပါ။ တစ်နေ့ကို ၂ ကြိမ်နဲ့ တစ်ပတ်ကို ၄ ရက်လောက် လုပ်ပေးနိုင်ပါတယ်။
နည်းလမ်း(၂)
--------------
ရေခဲတုံးလေးများဖြင့် မျက်ခွံများပေါ်တွင် ခံနိုင်သလောက် ကပ်ခွါကပ်ခွါ လုပ်ပေးပါ။
နေ့စဉ် လုပ်ပေးနိုင်ပါတယ်။
နည်းလမ်း(၃)
--------------
စတီးဇွန်းကို ရေခဲသေတ္တာထဲ အေးအောင် ထည့်ထားပြီးလျှင် မျက်လုံး၏
အောက်နားကို ၁၀ မိနစ်ခန့် ကပ်ပေးပါ။ ဒီနည်းကိုလည်း နေ့စဉ် လုပ်ပေးနိုင်ပါတယ်။
နည်းလမ်း(၄)
--------------
အလှကုန်ဆိုင်တွေမှာရောင်းတဲ့ အကောင်းစားတံဆိပ် Eye Roll တစ်ခုခုကို ၀ယ်ပြီး မကြာခဏ လိမ်းခြယ်ပေးပါ။ အထက်ပါ နည်းလမ်း(၄)မျိုးထဲမှ မိမိနှင့်အဆင်ပြေမည့် နည်းလမ်းကို ရွေးချယ်ပြုလုပ််ပေးနိုင်ကြပါတယ်။ မျက်ကွင်းညိုခြင်း ကင်းဝေးနိုင်ကြပါစေနော်။
Ref:
စောနွဲ့နေဆိုင်(ပူတာအို)
ကိုးကား - How to hide dark circles eyes
Saw Noi Nay Saing – Putao