Print

ဆီး က ပြောပြသော သင့်ကျန်းမာရေးအကြောင်း

  24-Feb-2017
Preview Image

 

ကျောက်ကပ်ဆိုသည်မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် ကလီစာတစ်ခုဖြစ်ပြီးအဓိကအားဖြင့်သွေးကိုဆေးကြောသန့်စင်ပေးသော လုပ်ငန်းအား လုပ်ဆောင်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် သတ္တုဓာတ် ပမာဏတို ့ကို ထိန်းညှိပေးကာ၊ ပိုလျှံထွက်ရှိလာသော အရည်များအား ဆီးအိမ်၊ ဆီးပို ့ပြွန်မှ တဆင့် ဆီးအဖြစ်ထွက်ရှိလာခြင်းဖြစ်ပါသည်။ အရွယ်ရောက်သူတစ်ဦး၏ နေ ့စဉ်ရေသောက်နှုန်းသည် ပျမ်းမျှ ၁-လီတာမျှ သောက်သုံးသင့်ပြီး၊ ဆီးသွားမှု ပမာဏသည် အနဲဆုံး လီတာဝက်ခန် ့မှ ၁-လီတာ ထိစွန် ့ပစ်ရပါမည်။ ချွေးထွက်များသောနေ ့တွင် ရေပိုမိုသောက်ပေးသင့်သည်။အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီးအားလုံး၏ ပုံမှန်ဆီးအရောင်သည် ၀ါဖျော့ဖျော့(သို ့) အဝါရောင်ဖြစ်သည်။ 

 

(၁)ရေသောက်နည်းခြင်း 
(၂)အစားအစာ
(၃)သောက်သုံးသောဆေးဝါးတို ့ကြောင့်လည်း ဆီးအရောင်ယာယီပြောင်းလဲတတ်သည်။

 

ထိုအကြောင်း(၃)ရပ်ကြောင့် ဆီးအရောင် ၂၄နာရီ ခန် ့ကြာပြောင်းလဲခြင်းသည် ပြသနာမရှိလှသော်လည်း၊ ကျနး်မာရေးတစ်စုံတစ်ရာ ချို ့ယွင်းမှုကြောင့် *ဆီးအရောင်သိသိသာသာ ပြောင်းလဲတတ်ပေရာ၊ မိမိကျန်းမာရေးအခြေအနေကို အောက်ပါအကြောင်းအရာတိုြ့ဖင့် သုံးသပ်နိုင်ပါသည်။

 

(၁) ကျန်းမာရေးကောင်းသူ၏ ဆီးအရောင်သည် အနယ်အနှစ်မပါဘဲကြည်လင်သော ၀ါဖျော့ဖျော့ဖြစ်ပြီး၊ ရေသောက်များလေဆီးအရောင်
ဖျော့လေဖြစ်သည်။

 

(၂) ဆီးထဲတွင် သွေးပါခြင်းသည် သွေးမတိတ်ရောဂါ၊ ကျောက်ကပ် ကျောက်တည်ခြင်းနှင့် ဆီးအိမ်ကင်ဆာတို ့ဖြင့် ဆက်စပ်နေသည်။ အထူးသဖြင့် အသက်၄ဝကျော်အမျိုးသားများအတွက် ဆီးအိမ်ကင်ဆာဖြစ်နိုင်ချေ အလားအလာများ၍ သတိပြုပါ။ 

 

(၃) အချို့ဝမ်းနှုတ်ဆေးများ နှင့် အကြောပြေဆေးများတွင် cascara (သို ့) senna ဓာတ်ပါရှိသဖြင့် ဆီးသွားသည့်အခါ အညိုရင့်ရင့်် (သို ့) လ္ဘက်ရည်ကြမ်းရောင်ပြောင်းနေတတ်သည်။ အသည်းပျက်စီးခြင်း၊ အသည်းရောင်ရောဂါ၊ကျောက်ကပ်အတွင်းသွေးခဲ၍ ပျက်စီးခြင်းတို ့ ကလည်း ဆီးအရောင်ကို အညိုရင့်ရောင်ပြောင်းစေတတ်သလို၊ ကိုကာကိုလာ အရောင်ဆီးပျစ်ပျစ် သွားပါက ဆီးအိမ် နှင့် ကျောက်ကပ်တို ့ တွင်ပြင်းထန်သောရောဂါရနေပါပြီ။ နီးစပ်ရာ ဆရာဝန်ဖြင့် အမြန်ဆုံးဆွေးနွေးတိုင်ပင်ပါ။

 

(၄) ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်၊ ဘက်တီးရီးယားများတိုးပွားလာကြကာ ဆီးအရောင်သည် နို ့ကဲ့ သို ့ဖြူသွားတတ်သည်။ ကျောက်ကပ် ကျောက်တည်ခြင်းကလည်းဆီးကိုဖြူစေသည်။

 

(၅) အနီရောင် (သို ့) ပန်းရောင်ဆီးသွားခြင်းကို ဆီးထဲတွင် သွေးပါသည်ဟုထင်မှတ်မှားလေ့ရှိကြသည်။ အနီရောင်သကြားမုန်လာ နှင့်ဘယ်ရီသီး
အနီရောင်များစားခြင်းဖြင့် ဆီးနီစေသလို၊ anti-psychotics ဓာတ်ပါရှိသော ဆေးဝါးအချို ့သောက်သုံးခြင်းကလည်း ဆီးနီစေ၏။ အကယ်၍ သင့်ခန္ဓာကိုယ်ထဲတွင် ခဲဆိပ်တက်လျှင် ဆီးနီရဲစေသဖြင့် အထူးဂရုစိုက်ပါ။ 

 

(၆) ဘီယာသောက်ခြင်းနှင့် ကယ်ရိုတင်းဓာတ်ပါသော မုန်လာဥနီ အမြောက် အများစားသုံးခြင်းဖြင့် ဆီးလိမ္မော်ရောင်သွားစေသည်။ ဗီတာ မင်စီအလွန်အကျွံသောက်သုံးခြင်း၊ ခီမိုဆေးသွင်းကုသခြင်း နှင့် ပိုးသတ်ဆေးအချို ့ကလည်း ဆီးကို လိမ္မော်ရောင် ဖြစ်စေတတ်သည်။ သင့်ဆီးသည် လိမ္မော်ရောင်ဖြစ်ပြီး၊ ဝမ်းအဖြူရောင်သွားနေပါက အသည်းရောင်အသားဝါ လက္ခ္ခဏာဖြစ်သည်။ လိုအပ်သောပမဏထက် ဗီတာမင်စီ မှီဝဲခြင်းကကျောက်ကပ်ကိုပျက်စီးစေသည်။

 

(၇) အကယ်၍ သင်သည် ဗီတာမင်ဘီဓာတ် ကြွယ်ဝသော အားဖြည့်ဆေးသောက်သုံးနေသူဖြစ်ပါက၊ အဝါရောင် ဆီးသွားခြင်းအတွက် စိုးရိမ်ဖွယ်မရှိပါ။

 

(၈) ထုံဆေး/မေ့ဆေးအချို ့က အစိမ်းရောင်ဆီးသွားစေသလို၊ ကညွတ်အမြောက်အများစားသုံးခြင်းဖြင့်လည်း ဆီးအရောင်ကို စိမ်းဖန် ့ဖန် ့ဖြစ်၍ ဆီးရနံ ့ဆိုးဝါးစေသည်။

 

(၉) အော်ဂလီဆန် ပျို ့အန်၊ ပျောက်ဆေးအချို ့သည် ဆီးအပြာရောင် သွားစေတတ်သဖြင့်စိုးရိမ်ဖွယ်မရှိပါ။

 

(၁၀) ဦးနှောက်နှင့် အာရုံကြောဂါရှိသူ၏ ဆီးသည် မာပယ်လ်ပန်းရနံထွက်လေ့ရှိပြီး၊ ဆီးချိုရောဂါဝေဒနာသည်၏ ဆီးသည် အချို ့နံ ့ထွက်သဖြင့်
မိမိကိုယ်ကို စမ်းစစ်ပါ။

 

(၁၁) ဆီးအနည်ပါသူ နှင့် ဆီးကျောက်တည်သူများသည် တနေ ့လျှင် ရေ ၃-လီတာ မျှသောက်သင့်ပြီး၊ ကွမ်းမစားသင့်ပေ။ကျောက်ကပ်ပျက်စီးစေသော အဆိုးရွားဆုံး အစားအစာများမှာပူစပ်သောအစားအစာများ၊ ရေခဲရေ၊ အနီရောင်အသား၊ ဆား၊ ငရုပ်ကောင်း၊ သစ်သီးဖျော်ရည်၊ ပြု ပြင်ပြောင်းလဲထားသော ဓာတုအချိုသွားရည်စာအမျိုးမျိုး နှင့် အချိုမှုန် ့၊ ဆိုဒါ နှင့် အဖျော်ယမကာများ၊ အထူးသဖြင့် တရုတ်ပြည်ထုတ်နို ့ထွက်ပစ္စည်းအမျိုးမျိုး၊ ကဖိန်းဓာတ်လွန်ကဲသော ကော်ဖီ၊ လ္ဘက်ရည်တို ့ဖြစ်သည်။ 

 

အနီရောင်ငရုပ်ပွ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ပန်းသီး၊ ကျောက်ဖရုံသီး၊ ဖရဲသီး၊ စတော်ဘယ်ရီ အပါအဝင် ဘယ်ရီသီးအမျိုးမျိုး၊ ချယ်ရီးသီး၊ အနီရောင်စပျစ်သီး၊ ကြက်ဥအဖြူရောင်၊ အိုမီဂါ ၃ဖက်ဆီးအက်ဆစ်ကြွယ်ဝသော ငါး၊ သံလွင်ဆီ၊ မြင်းခွာရွက်တို ့သည် ကျောက်ကပ်ကျန်းမာရေးအတွက်  အကောင်းဆုံးအစားအစာများဖြစ်သည်။  ထို ့ပြင် ဆီးသွားသည့်အခါ ဆီးကုန်သည်အထိ စိတ်ရှည်ရှည်စွန် ့ထုတ်ရန် လိုအပ်ပြီး၊ ဆီးကျန်ခြင်းကြောင့် မလိုလားအပ်သော နောက်ဆက်တွဲ ရောဂါများ ဖြစ်လာနိုင်သည်။

 

Ref: 
ပေါက်ပေါက်
ကျန်းမာရေးစာတိုများစုစည်းမှု
Friday, February 27, 2015
Source: the urology department at the University of Kansas



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18