Print

ခုနစ်ရက်အတွင်း ကိုယ်အလေးချိန် ၁၅ ပေါင်အထိ ကျဆင်း နိုင်အောင်

  30-Oct-2016
Preview Image

အခုဖော်ပြ မယ့်နည်းလမ်းဟာ ကနေဒါ နိုင်ငံမှ ထိပ်တန်း ကိုယ်အလေး ချိန်လျှော့ချ နိုင်တဲ့ နည်းလမ်း တွေဖြစ်ပြီး သကြားစွဲလမ်းတဲ့ အခြေအနေကို အနိုင်ယူကာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်တဲ့အတွက် ကိုယ်အလေးချိန် လျှော့ချလိုသူတွေ လိုက်နာသင့်ပါတယ်။ သကြားဓာတ်တွေ ခန္ဓာကိုယ်အတွင်း နေရာအနှံ့မှာရှိနေရင် ခန္ဓာကိုယ်ရဲ့ဓာတုလုပ်ငန်းတွေ ပြောင်းလဲသွားပြီး ကိုယ်တွင်းအင်္ဂါထဲ အဆီတွေ တွယ်ကပ်နေသလို ဖြစ်သွားပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာ သကြားတွေ စုဆောင်းမှုမရှိအောင် Detox လုပ်ရပါမယ်။ Detox လုပ်တာကြောင့် တစ်ပတ်အတွင်း ကိုယ်အလေးချိန် ၁၅ ပေါင်အထိ လျော့ကျသွားနိုင်ပါတယ်။

၁။ သန့်ရှင်းတဲ့အစာနဲ့ စတင်ပါ

ဆိုလိုတာက သဘာဝအတိုင်းဖြစ် တဲ့အစာတွေဖြစ်ပြီး ဘာမှ မပြုပြင်ထား တဲ့အစာတွေပါ။ ဥပမာအားဖြင့် ကြက်ဥ၊ ငါး၊ ကြက်သား၊ မြက်စားနွား၊ အခွံမာသီး၊ ပဲအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်တို့ ဖြစ် ကြပါတယ်။

ဘယ်လိုအလုပ်လုပ်သလဲ

သစ်သီးတွေမှ သဘာဝအချိုဓာတ် တွေရပေမယ့် သကြားနဲ့ အချိုပါဝင်တယ် လို့ စာတန်းကပ်ထားတဲ့ အစားအသောက် ထုတ်ကုန်တွေလောက် ကယ်လိုရီမများတဲ့အတွက် အဲဒါတွေကိုရှောင်ကြဉ်တာ ကြောင့် ခန္ဓာကိုယ်တွင်း သကြားဓာတ် ရရှိမှု နည်းသွားနိုင်ပါတယ်။

၂။ တစ်ကြိမ်ကို နည်းနည်းနဲ့ ခဏ ခဏ စားပါ

တစ်နေ့တာလုံးအတွက် အစာကြီး သုံးကြိမ်နဲ့ အဆာပြေအစာ သုံးကြိမ်စားပါ။

ဘယ်လိုအလုပ်လုပ်သလဲ

သကြားပါဝင်မှုနည်းတဲ့အစာမျိုးစုံ ဖြစ်ပေမယ့် အဲဒီအစာတွေကို ပမာဏများ များစားလိုက်တာကြောင့် သွေးတွင်း သ ကြားဓာတ် မြင့်တက်သွားနိုင်ပါတယ်။ မကြာခဏ သကြားဓာတ်မြင့်တက်တာ ကြောင့် Insulin အဆင့်တွေ မြင့်သွားတယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ Insulin ဆိုတာ အဆီလောင်ကျွမ်းမှုကို ပိတ်ပင် ပြီး အဆီစုဆောင်းမှုကို အားပေးတဲ့ ဟော်မုန်းပါ။ အစာပမာဏ အနည်းငယ် ကို မကြာခဏစားလိုက်တာကြောင့် ခန္ဓာ ကိုယ်က Relax ရရှိသွားပြီး လပေါင်းများ စွာ သကြားစုဆောင်းမှု များတဲ့အတွက် ပျက်စီးမှုဖြစ်စဉ်တွေကို မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

၃။ ကစီဓာတ်အစား ပရိုတင်း စားပေးပါ

ကာဗိုဟိုက်ဒရိတ်ခေါ်တဲ့ ကစီဓာတ် ပါဝင်တဲ့ ဆန်၊ ပေါင်မုန့်၊ ခေါက်ဆွဲ အစ ရှိတာတွေကို တစ်နေ့နှစ်ကြိမ်ထက် ပို မစားပါနဲ့။ သင်အစာစားတဲ့ အချိန်တိုင်း ပရိုတင်းပါဝင်အောင် စားပေးပါ။

ဘယ်လိုအလုပ်လုပ်သလဲ

ကစီဓာတ်ကို ကန့်သတ်ပြီးစားကာ ပရိုတင်း ပိုမိုစားသုံးတာကြောင့် သွေးတွင်း သကြားဓာတ်မြင့်တက်မှုကို ကာကွယ် နိုင်ပါတယ်။ ဒါ့အပြင် ပရိုတင်း များများစားတာကြောင့် အချိန်အကြာကြီး ဗိုက် ပြည့်တင်းမှု ရရှိစေနိုင်ပါတယ်။

၄။ သကြားဓာတ်ကို ဖြိုခွဲနိုင်တဲ့ အစာစားပါ

သစ်ကြံပိုးခေါက်နဲ့ ပန်းသီးဝိုင်ရှာ လကာရည် (Apple Cider Vinegar) တွေပါဝင်အောင် စားပါ။

ဘယ်လိုအလုပ်လုပ်သလဲ

အစာမစားခင် Vinegar အနည်း ငယ်သောက်လိုက်တာကြောင့် သွေးတွင်း သကြားအဆင့်မြင့်တက်မှု ၈၁ ရာ ခိုင်နှုန်းခန့် လျှော့ချနိုင်ပါတယ်။ သစ်ကြံ ပိုးခေါက်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ ဆဲလ်တွေမှ သကြားဓာတ်ကိုလောင်ကျွမ်းနှုန်း ပုံမှန်ထက် အဆ ၂၀ ပိုမြန်ပါတယ်။ သကြားများများ လောင်ကျွမ်းနိုင်အောင်ကြွက်သားတွေ တည်ဆောက်ပါ။နေ့စဉ် မိနစ် ၂၀ ခန့် ခွန်အားမြှင့် လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးပါ။ ဒီလို လေ့ကျင့်ခန်းတွေဟာ ြွကက်သားအတွင်း သွေးရောက်ရှိမှု များစေတဲ့အတွက် သ ကြားလောင်ကျွမ်းနိုင်တဲ့ စွမ်းရည်လည်း မြင့်မားလာပါတယ်။

ံHealthcare.com.mm

Ref: လပ်ကီးမြို့တော်

Source: Good Health



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18