Print

နံနက်စောစော ရေသောက်ခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ

  24-Feb-2017
Preview Image

နံနက်စောစော အစားမစားမီ ရေသောက်ခြင်းကြောင့် ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူး အမြောက်အမြား ရရှိနိုင်သည်။ နံနက်စောစော အစာမစားမီ ရေအရင်ဆုံးသောက်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းကို သန့်ရှင်းစေနိုင်ကြောင်း သိထားကြသည်မှာ ကြာမြင့်ပြီဖြစ်သည်။ နံနက်စောစော ရေသောက်ပေးခြင်း၏ အဓိက အကျိုးကျေးဇူးမှာ အူမကြီးကို သန့်စင်စေပြီး အူမကြီးသန့်စင်ပါက အစားအစာများမှ အာဟာရကို ခန္ဓာကိုယ်က များစွာပို၍ စုပ်ယူလာနိုင်မည်ဖြစ်သည်။ယင်းသို့ နံနက်စောစော ရေသောက်ပေးခြင်းကြောင့် ရောဂါအများအပြား ဖြစ်ပွားနိုင်သည့် အန္တရာယ်များကိုလျော့ကျစေနိုင်ရုံသာမကဘဲ အာဟာရဓာတ်များကို အစာအိမ်က ကောင်းစွာစုပ်ယူနိုင်မှုကို အားကောင်းလာစေသည်။

 

အစောချေဖျက်မှုစနစ် ပိုကောင်းလာပါက အခြားကောင်းကျိုးများစွာ အလိုအလျောက် ဖြစ်ပေါ်လာမည် ဖြစ်သကဲ့သို့ ရေသောက်ခြင်းမှာ အသားအရေ ရွှန်းစိုတောက်ပခြင်း၏ နောက်ကွယ်မှ အချက်တစ်ခုဖြစ်ပြီး ရေက သွေးထဲမှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။ ရေသောက်ခြင်းကြောင့် ကြွက်သားဆဲလ်များအပြင် သွေးဆဲလ်အသစ်များ ဖန်တီးဖြစ်ပေါ်မှုကို အားကောင်းလာစေပြီး ကိုယ်အလေးချိန် လျှော့ချရာတွင်လည်း အထောက်အကူ ပြုနိုင်သည်။ နံနက်စောစော ရေသောက်ပြီးနောက် ခဏကြာသည်အထိ အစာမစားဘဲ နေရန်လိုသည်။ ယခုကဲ့သို့ ရေဖြင့်ကုသမှုမှာ ဘေးထွက်ဆိုးကျိုးများမရှိဘဲ ခန္ဓာကိုယ် ဇီဝဖြစ်ပျက်မှုကို ကြီးကျယ်စွာ အားကောင်းလာစေနိုင်သည်။ တစ်နေ့လျှင် ပျမ်းမျှရေ လေးခွက် (တစ်လီတာ)ခန့် နေ့စဉ်သောက်သုံးပေးရမည် ဖြစ်သည်။ နံနက်စောစော ရေသောက်သည့် အလေ့အထ စတင်ရာ၌ များများမသောက်နိုင်လျှင်ဖြည်းဖြည်းချင်းစီ သောက်ပြီးမှ တဖြည်းဖြည်းနှင့် သောက်သုံးမှု ပမာဏကို မြှင့်တင်ပါ။အစပိုင်းတွင် အခက်အခဲရှိပါက နည်းနည်းချင်းစီ သောက်ပြီးမှ တဖြည်းဖြည်းတိုး၍ သောက်သုံးခြင်းဖြင့် အကျိုးကျေးဇူးများကို စတင်မြင်တွေ့ရပါလိမ့်မည်။ 

 

Ref:
TOI
7daydaily No.662 
Sunday, February 22, 2015

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18