Print

မျက်လုံးတိမ်စွဲခြင်း၊ ရေတိမ် (Glaucoma)

  24-Feb-2017
Preview Image

 

လူတစ်ယောက်ရဲ့မျက်လုံးမှာ အရည်တွေရှိပါတယ်။ အဲဒီအရည်တွေပာာ အဝင်နဲ့အထွက် မျှတနေရပါတယ်။ အဲလိုမျှတနေရာကနေပြီး အထွက်လမ်းကြောင်း တစ်နေရာမှာ ပိတ်ဆို့ပြီး မျက်လုံးထဲမှာ ဖိအားတွေများလာပါတယ်။ အဲဒီ ဖိအားတွေက မျက်စိရဲ့ အကြောတွေကို ထိခိုုက်ပြီး အမြင်အာရုံ ချို့ယွင်းတာကို ရေတိမ် (Glaucoma) လို့ခေါ်ပါတယ်။ ရေတိမ်မှာ ၂မျိုးရှိပါတယ်။

 

ပထမ အမျိုးအစားက တဖြည်းဖြည်းချင်း ဖြစ်လာတတ်ပါတယ်။ အစပိုင်းမှာ ဘာလက္ခဏာမှ မပြဘဲ မျက်စိအမြင်အာရုံ ရုတ်တရက် ထိခိုက်သွားတော့မှ သိရပါတယ်။ လူနာပာာ တဖြည်းဖြည်းချင်း အမြင်ချို့ယွင်းလာတာကို သတိမထားမိဘဲ နောက်ဆုံး လုံးဝအမြင်ကွယ်သွားမှ သိပါတယ်။ ဒီအမျိူးအစားကို အမြင်အာရုံ သူခိုးလို့ခေါ်ပါတယ်။

 

ဒုတိယ အမျိုးအစားကတော့ ရုတ်တရက်ဖြစ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ သူက မျက်စိတစ်ဖက်တည်းမှာ ဖြစ်လေ့ရှိပြီး လူနာက နီ၊မှုန်၊ကိုက် နဲ့ရောက်လာတတ်ပါတယ်။ မျက်လုံးပာာ နီလဲနီပါတယ်။ မျက်စိအာရုံလည်း ထိခိုက်နေပါတယ်။ ဒါ့အပြင် သူက နာပါတယ်။ အဲဒီ၃မျိုးနဲ့ လက္ခဏာပြပါတယ်။

 

ရေတိမ်ပာာ အောက်ပါလူတွေမှာ ပိုပြီးဖြစ်တတ်

• Age over 45 years (အသက် ၄၅နှစ်ကျော်သူတွေ)

• Family history of glaucoma (မိသားစုမျိုးရိုးထဲမှာ ရေတိမ်ရှိတဲ့သူတွေ)

• Black racial ancestry (လူမည်းတွေ)

• Diabetes (ဆီးချိုရောဂါရှင်တွေ)

• History of elevated intraocular pressure 

• History of injury to the eye (မျက်စိကိုထိခိုက်မိသူတွေ)

• Use of cortisone (steroids), either in the eye or systemically (orally or injected) (steroid ပါတဲ့ဆေးတွေကို အသုံးပြုသူတွေ) 
ရေတိမ်ကို အထက်မှာဖော်ပြထားတဲ့၂မျိုးအပြင် အခြားအမျိုးအစားတွေလည်း အများကြီး ခွဲထားပါသေးတယ်။ အဲဒီအမျိုးအစားတွေကတော့ အများကြီးသိရန် မလိုအပ်တဲ့အတွက် ချန်လှန်ထားခဲ့ပါတယ်။

 

ရေတိမ်ကိုကုသရာတွင် ဆေးဖြင့်ကုသခြင်း

ခွဲစိတ်ခြင်းနှင့် လေဆာသုံးပြီး ကုသခြင်းဆိုပြီးတော့ ၃မျိုးရှိပါတယ်။ ခွဲစိတ်ခြင်းနှင့် လေဆာအသုံးပြုခြင်းတို့ကို တွဲပြီးလုပ်တတ်ပါတယ်။ ဆေးဖြင့်ကုသရာမှာ အထက်မှာ ဖောြ်ပထားသလိုပဲ ရေတိမ်က အထွက်မှာ အရည်လမ်းကြောင်းပိတ်လို့ ဖိအားများပြီး ဖြစ်တာဆိုတော့ အရည်ထွက်တာကို ပိတ်တဲ့ဆေးနဲ့၊ အထွက်လမ်းကြောင်းပိတ်တာကို တားဆီးတဲ့ဆေးဆိုပြီး ရှိပါတယ်။ အများအားဖြင့် အသုံးပြုတာတော့ မျက်စိထည့်ဆေး Pilocarpine ဒါမှမပာုတ် Timolol ကိိုသုံးပါတယ်။ ထပ်မံဖြည့်စွက်တဲ့ ဆေးကတော့ ူ Acetazolamide ကို သောက်ဆေးအနေနဲ့
သုံးပါတယ်။ နောက်ပိုင်မှာ ထပ်ထွက်တဲ့ ဆေးအသစ်တွေလည်း အများအပြားရှိပါတယ်။ တကယ်လို့ ဆေးနဲ့ကုသတာက မသက်သာဘူးဆိုရင်တော့ ခွဲစိတ်ခြင်းနှင့် လေဆာတို့ကို အသုံးပြုရပါတယ်။

 

ဒီနေရာမှာ အရေးကြီးတာက Open angle glaucoma က တဖြည်းဖြည်းမှ ဖြစ်တာကြောင့် ကုသရာမှာလည်း ချက်ခြင်းအရေးတကြီး လုပ်စရာ မလိုပါဘူး။ ဒါပေမယ့် Closed angle glaucoma ကတော့ ရုတ်တရက်ဖြစ်တာကြောင့် ဖြစ်တာနဲ့ အရေးတကြီး ကုသရန်လိုအပ်ပါတယ်။မျက်လုံးရေတိ်မ်မဖြစ်ရန် ကာကွယ်ရန်အတွက် အသက် ၄ဝကျော် များနှင့် မျိုးရိုးထဲတွင် ရေတိမ်ရှိသူတွေအားလုံး နှစ်စဉ်ပုံမှန် မျက်လုံးရဲ့ ဖိအားကို တိုင်းတာ ရပါမယ်။ မျက်လုံးကို ထိခိုက်မိစေမယ့် အပြုအမူတွေကို ရှောင်ရပါမယ်။ ဆီးချိုကို မှန်မှန်ထိန်းရပါမယ်။ မျက်လုံးတစ်ဖက်မှာ ရေတိမ်ဖြစ်ပြီဆိုရင် နောက်တဖက်မှာ ၅နှစ်အတွင်း ဖြစ်ဖို့အတွက် ၅၀ ရာခိုင်နှုန်းရှိပါတယ်။ အဲဒါကြောင့် မျက်လုံးတစ်ဖက်မှာ ရေတိမ်ဖြစ်ရင် အခြားတစ်ဖက်ကိုပါ လေဆာနဲ့ကြိုပြီး ကုသမှုခံယူ ထားသင့်ပါတယ်။

 

Ref:
Dr. Thurein Hlaing Win 
Public health in Myanmar


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18