Print

ယာဉ်ကြောပိတ်ဆို့ရာမှ ဖြစ်ပွားတဲ့ လေထုညစ်ညမ်းမှုက မျက်နှာအမည်းစက်တွေဖြစ...

  31-Oct-2016
Preview Image

ယာဉ်ကြောပိတ်ဆို့ရာမှ ဖြစ်ပွားတဲ့ လေထုညစ်ညမ်းမှုက မျက်နှာအမည်းစက်တွေဖြစ်ပေါ်စေ

ယာဉ်အသွားအလာ ကျပ်တည်းလို့ဖြစ်တဲ့ လေထုညစ်ညမ်းမှုကြောင့် မျက်နှာ အရေပြားပေါ်မှာ အမည်းစက်တွေ ဖြစ်ပေါ်စေတယ်ဆိုတဲ့ သဘောတရားနဲ့ ပတ်သက်ပြီး သုတေသီတွေက လေ့လာမှုတစ်ခု လုပ်ခဲ့ပြီး ယင်းလေ့လာမှုမှာ ဂျာမဏီနဲ့ တရုတ်က အမျိုးသမီးတွေပါဝင်ခဲ့ပါတယ်။ အထင်ရှားဆုံး ပြောင်းလဲမှုတွေက ပါးပြင်ပေါ်မှာ ဖြစ်ပေါ်ပြီး၊ အသက် ၅၀ ကျော် အာရှအမျိုးသမီးတွေမှာ တွေ့ရပါတယ်။

အကြမ်းအားဖြင့် လေထုထဲမှာ No2 ပါဝင်မှုပြင်းအား 10 Mg/m3 မြင့်တက်လာခြင်းက မျက်နှာပြင်မှာ အမည်းစက်အသစ်တွေ 25% ပိုမိုဖြစ်နိုင်တာနဲ့ ဆက်စပ်နေတာ ကို တွေ့ရပါတယ်။ Lentigenes လို့ခေါ်တဲ့ အမည်းစက်လေးတွေက အစပိုင်းမှာ သေးငယ်တဲ့ အစက်လေးတွေပေမယ့် နောက်ပိုင်းမှာ အမည်းကွက်ကြီးတွေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အများအားဖြင့် မျက်နှာ၊ လက်ဖျံ၊ လက်ဖဝါးနဲ့ ခန္ဓာကိုယ်အထက်ပိုင်းမှာတွေ့ရများပါတယ်။

Lentigenes တွေက အသားဖြူတဲ့ သူတွေမှာ ပိုတွေ့ရပြီး လူဖြူလူမျိုးတွေမှာတော့ 60 ကျော်လာရင် လူ 100 မှာ 90 လောက်က Lentigenes တွေ ဖြစ်ပေါ်တတ်ပြီး အသက်35 နှစ်အောက်ဆိုရင်တော့ လူ 100 မှာ 20 လောက်ဖြစ်ပွားတယ်လို့ သိရပါတယ်။ Lentigenes တွေက ညိုရောင်ခြယ်ပစ္စည်း ပိုမိုပါဝင်တဲ့ အပိုင်းဖြစ်ပြီး ယေဘုယအားဖြင့်ကတော့ ကင်ဆာမဟုတ်တဲ့ အခြေအနေဖြစ်ပြီး၊ တစ်ခါတစ်ရံမှာတော့ ကင်ဆာမဖြစ်မီ အခြေအနေကို ပြောင်းလဲသွားတတ်တယ်လို့ သိရပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref:

Medindia

Health Updates Jarnal



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18