Print

မျက်ဝန်းပြဿနာရှိသူများအတွက် မျက်ဝန်းအလှထိန်းသိမ်းနည်း

  31-Oct-2016
Preview Image

မျက်ဝန်းပြဿနာရှိသူများအတွက် မျက်ဝန်းအလှထိန်းသိမ်းနည်း

လက်ဖက်ရည်အိတ်

မှိတ်ထားတဲ့ မျက်ဝန်းတွေပေါ်မှာ အေးခဲနေတဲ့ လက်ဖက်ရည်အိတ် (Teabag) ကို ကပ်ပေးပါ။ မျက်ဝန်းညိုတာ၊ မျက်ဝန်းဖောင်းအစ်တာနဲ့ မျက်ဝန်းနွမ်းနယ်တာကို သက်သာစေပါတယ်။

အေးခဲနေသော ဂွမ်းစ

နံနက်အိပ်ရာထချိန်မှာ မျက်စိညောင်းညာပြီး မို့အစ်နေရင် ရေခဲရေထဲမှာ ဝါဂွမ်းလုံးကိုနှစ်ပြီး မျက်ဝန်းတွေပေါ် ၅-၁၀ မိနစ်လောက် တင်ထားပါ။

ဗာဒံစေ့ဆီနှင့် သံပရာရည်

မျက်ဝန်းအရေပြားမှာ အအေးနဲ့ အပူကို အချိန် ၁၀ မိနစ်ကြာ တစ်လှည့်စီ ဖိပေးပြီး ဗာဒံစေ့ဆီနဲ့ သံပရာရည် လက်ဖက်စားဇွန်းတစ်ဝက်ခန့် ရောကာ လိမ်းပေးပါ။ ညအိပ်ရာမဝင်ခင် ညတိုင်း လိမ်းပေးရင် မျက်ဝန်းညိုတာကို သက်သာစေပါတယ်။

ဗာဒံစေ့နှင့်နို့

ဗာဒီစေ့ ငါးစေ့ကို တစ်ညတာစိမ်ပါ။ နောက်တစ်နေ့ မနက်ခင်းမှာ ဗာဒံစေ့ကိုကြေညက်အောင် ကြိတ်ဝါးပြီး စားကာ နွားနို့တစ်ဖန်ခွက် သောက်လိုက်ပါ။ ဒီနည်းလမ်းအတိုင်း ၂၁ ရက်ကြာ လုပ်ဆောင်သွားရင် နေလောင်ဒဏ်ကြောင့် မျက်ဝန်းနွမ်းနယ်မှု ဝေဒနာကို သက်သာစေပါတယ်။

သခွားသီး

သခွားသီးစိပ်ပါးပါး နှစ်ချက်ကို မျက်ဝန်းတွေပေါ်ကပ်ပြီး ခဏတာ အနားယူပါ။ သခွားသီးရဲ့ အေးမြစေတဲ့ ဂုဏ်သတ္တိကြောင့် မျက်ကွင်းညိုတာကို လျော့ပါးစေပါတယ်။

သခွားသီးအရည်

သခွားသီးကို ကြိတ်ချေပြီး ရလာတဲ့ အရည်ထဲမှာ သန့်စင်တဲ့ ဝါဂွမ်းစတစ်ခုကိုနှစ်မိနစ်ခန့် နှစ်ပေးပါ။ ပြီးမှ မျက်ခွံနဲ့ မျက်ကွင်းညိုတဲ့ နေရာပေါ်တင်ပြီး အချိန် ၁၅ မိနစ်ခန့်ထားပါ။ ပြီးမှ ဖယ်ရှားလိုက်ပါ။ ဒီနည်းလမ်းကို ၂-၃ ရက် ဆက်တိုက်ပြုလုပ် မယ်ဆိုရင် သိသာထင်ရှားတဲ့ အကျိုးရလဒ်ကို ရရှိပါလိမ့်မယ်။

သခွားသီးနှင့် ပင်စိမ်းလက်ဖက်ရည်ကြမ်း

နံနက်အိပ်ရာထချိန်မှာ မျက်နှာဖောင်းအစ်ပြီး နီးမြန်းနေလို့ စိတ်ညစ်နေပါသလား။ တစ်ညတာလုံးငိုထားလို့ ဒါမှမဟုတ် အရက်သောက်ထားလို့ မျက်ဝန်းအလှ ထိခိုက်နေ ပါသလား။ သခွားသီးနဲ့ ပင်စိမ်းရွက်ကိုသုံးပါ။ ပြုလုပ်ရမယ့်နည်းက သခွားသီးကိုကြိတ်ချေပြီး အရည်ရအောင် ညှစ်ပါ။ ပြီးရင်ပင်စိမ်းရွက်ခတ်ထားတဲ့ လက်ဖက်ရည် တစ်ခွက်ထဲကို လောင်းထည့်ပါ။ အဲဒီအရည်ကိုဖောင်းအစ်နေတဲ့ မျက်ဝန်းတွေပေါ် သုတ်လိမ်းပေးကာ ခြောက်သွေ့တဲ့အထိ ထားလိုက်ပါ။

အေးခဲနေသောဇွန်း

ရေခဲသေတ္တာထဲမှာ စတီးဇွန်းအဝိုင်းကို မိနစ်အနည်းငယ်ကြာ ထည့်ပြီး ဖောင်းအစ်နေတဲ့ မျက်ဝန်းတွေပေါ် ဖိကပ်ပေးပါ။ ဒီနည်းလမ်းဟာ မျက်ဝန်းဖောင်းအစ်မှုကို သက်သာစေတဲ့ နည်းဖြစ်ပါတယ်။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref:

ခိုင်ဇွန်ဦး (ဆေးဝါးတက္ကသိုလ်)

Arogyam magazine, August 2013, No. 263, Pg.114

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18