Print

ပန်းနုရောင် နှုတ်ခမ်းသား ပိုင်ဆိုင်စေရန်

  31-Oct-2016
Preview Image

ပန်းနုရောင် နှုတ်ခမ်းသား ပိုင်ဆိုင်စေရန်

နွားနို့ထဲမှာ နှင်းဆီပွင့်ဖတ်တွေ ထည့်မွှေပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။ အိပ်ရာမဝင်ခင်ညတိုင်း နှုတ်ခမ်းသားပေါ် သုတ်လိမ်းပေးရင် သိပ်မကြာခင် သင့်နှုတ်ခမ်းသားဟာ ပန်းနုရောင်သန်းလာပါလိမ့်မယ်။

ဝက်ခြံပြဿနာ ကင်းစင်စေရန်

ဆယ်ကျော်သက်အရွယ်မှာ အကြီးမားဆုံး ပြဿနာက ဝက်ခြံပါ။ ဝက်ခြံပျောက်ဖို့ အတွက် ကြက်သွန်နီကို ကြိတ်ချေပြီး ရှလကာရည်ထဲ စိမ်ပါ။ ပြီးရင် နာရီအနည်း ငယ်ကြာမှ ဝက်ခြံတွေပေါ် သုတ်လိမ်းပေးပါ။ နှစ်ကြိမ်-သုံးကြိမ်လောက် လုပ်လိုက်ရင် ဝက်ခြံကင်းစင်သွားပါလိမ့်မယ်။

မျက်တောင် ရှည်လျားစေရန်

မိန်းကလေးအများစုဟာ မျက်တောင်တွေ ရှည်လျားလှပချင်ကြပါတယ်။ မျက်တောင် ရှည်လျားသန်စွမ်းစေမယ့် အိမ်တွင်းကုထုံးက သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီထဲမှာ ဂွမ်းစနှစ်ပြီး မအိပ်ခင်ညတိုင်း မျက်တောင်တွေပေါ် သုတ်လိမ်းပေး ဖို့ဖြစ်ပါတယ်။

အသားအရေ ဝင်းပကြည်လင်စေရန်

ကြက်ဥ၊ ဘဲဥအနှစ်ကိုယူပြီး သံပုရာရည် ထမင်းစားဇွန်း တစ်ဇွန်းနဲ့ ဗာဒံစေ့ဆီ ထမင်းစားဇွန်းနှစ်ဇွန်းတို့ ရောမွှေကာ စေးပျစ်လာအောင် မွှေပါ။ ပြီးရင် မျက်နှာအသား အရေပေါ်မှာ သုတ်လိမ်းပြီး အချိန် ၁၀ မိနစ်ခန့် ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ တစ်လလောက် ပုံမှန်နှိပ်ပေးရင် အသားအရေ နုပျိုကြည်လင်နေပါလိမ့်မည်။

ဗောက်ကင်းစင်ရန်

ဗောက်ထတာကြောင့် ဝက်ခြံပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ မျက်နှာပေါ်ဝဲကျနေတဲ့ ဆံပင်တွေ ညစ်ပတ်ရင်လည်း ဝက်ခြံအဖုအပိမ့်တွေ ပေါက်စေနိုင်ပါတယ်။ သံပရာရည်နဲ့ အုန်းဆီကို ရောပြီး တစ်ပတ်မှာ နှစ်ကြိမ်-သုံးကြိမ်လောက် ဆံပင်တွေပေါ် သုတ်လိမ်းပေး ပါ။ အချိန်အနည်းငယ်ကြာမှ ခေါင်းလျှော်လိုက်ရင် ပထမ သီတင်းပတ်အတွင်း မှာပဲ ဗောက်ပျောက်သွားပါလိမ့်မယ်။

လက်ချောင်း၊ ခြေချောင်း လှပကြည့်ကောင်းစေရန်

သံပရာရည်၊ နှင်းဆီရေနဲ့ သံလွင်ဆီ အစက်အနည်းငယ်ကို ရောမွှေပြီး လက်ချောင်းနဲ့ ခြေချောင်းတွေပေါ် သုတ်လိမ်းကာ အိပ်ရာဝင်ပါ။ ဒီနည်းလမ်းဟာ လက်ချောင်း၊ ခြေချောင်းတွေကို ချောမွေ့ကြည်လင် တောက်ပစေတဲ့နည်း ဖြစ်ပါတယ်။

အရေပြားတွင် အစက်အပြောက်ကင်းစေရန်

သံလွင်ဆီ၊ မုန်ညှင်းဆီနဲ့ နှင်းဆီရည်တို့ကို ရောမွှေပြီး တစ်ကိုယ်လုံးအနှံ့ လိမ်းကာနှိပ်နယ်ပေးပါ။ သင့်အသားအရေ အစက်အပြောက် ကင်းစင်ပြီး ဖြူ စင်ဝင်းပ လာပါလိမ့်မယ်။

သွားဖြူ စင်တောက်ပစေရန်

သွားဖြူ စင်ချင်ရင် ဆော်ဒါမှုန့်နဲ့ တစ်နေ့တစ်ကြိမ် သွားတိုက်ပေးပါ။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

Arogyam magazine, No.275, June 2015, Pg.108



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18