Print

မိတ်ကပ်မပါဘဲ ဆွဲဆောင်မှုရှိအောင် ဘယ်လိုနေမလဲ

  31-Oct-2016
Preview Image

မိတ်ကပ်မပါဘဲ ဆွဲဆောင်မှုရှိအောင် ဘယ်လိုနေမလဲ

၁ - အသားအရေ

အသားအရေဟာ ရေဓာတ်ပြည့်ဝပြီး စိုပြေနေဖို့ အရေးကြီးပါတယ်။ နေ့စဉ် ရေကို ၈ ခွက်ကနေ ၉ ခွက်ထိ သောက်သင့်ပါတယ်။

၂ - မျက်နှာသစ်ဆေး

မိတ်ကပ်မလိမ်းဘူး ဆိုပေမဲ့ မျက်နှာသစ်ဆေး ကောင်းကောင်းသုံးပါ။ မျက်နှာမသစ်ခင် လက်ကို အရင်ဆေးပါ။ မျက်နှာကို တဘက်နဲ့သုတ်ရင် ညင်သာစွာသုတ်ပါ။

၃ - မျက်နှာသစ်ဆေး သုံးခြင်း

မျက်နှာသစ်ဆေး သုံးတဲ့အခါ လိုအပ်သလောက် ပမာဏကိုပဲသုံးပါ။ ပိုသွားရင် မကောင်းပါဘူး။ မျက်နှာသစ်ဆေး လိမ်းတဲ့အခါမှာလည်း မျက်နှာကို ၅ မိနစ် ၁၀ မိနစ်လောက် ှနှိပ်ပေးသင့်ပါတယ်။ အဆီပြန်အသားအရေ ရှိရင် မျက်နှာသစ်ဆေး သုံးပြီးတဲ့အခါမှာ Toner သုံးဖို့မမေ့ပါနဲ့။

၄ - မျက်ခုံးမွှေး

သင်နဲ့ လိုက်ဖက်တဲ့ မျက်ခုံးမွှေး ဖြစ်ဖို့ လိုပါတယ်။ အလှပြင်ဆိုင်နဲ့တိုင်ပင်ပြီး လိုက်ဖက်တဲ့ မျက်ခုံးမွှေးထားပါ။

၅ - နှုတ်ခမ်း

သွားပွတ်တံကို ရေဆွတ်ပြီး နှုတ်ခမ်းကိုလည်း ဖွဖွလေးတိုက်ပေးပါ။ ပြီးရင် တဘက်နဲ့လည်း ဖွဖွလေးသုတ်ပေးပါ။

၆ - ဆံပင်

လိုက်ဖက်တဲ့ ဆံပင်ပုံစံကို အလှပြင်ဆိုင် ကောင်းကောင်းမှာ ညှပ်ပါ။ ဆံပင်မဖြတ်ခင် ကိုယ်က ဘယ်လိုပုံစံနဲ့ ပိုလိုက်ဖက်မလဲဆိုတာ အင်တာနက်မှာလေ့လာသင့်ပါတယ်။

၇ - အစားအစာ

အသင့်စားမုန့်ထုပ်တွေ သိပ်မစားပါနဲ့။ အငန်စားတာတွေကိုလည်း လျှော့ချပါ။

၈ - လေ့ကျင့်ခန်း

နေ့စဉ်လေ့ကျင့်ခန်းကို မိနစ် ၃၀-၄၅ မိနစ်လောက် လုပ်ပေးသင့်ပါတယ်။

၉ - အမူအရာ

ခန္ဓာကိုယ် အမူအရာကလည်း သိမ်မွေ့တည်ငြိမ်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit : duwun

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18