Print

ညလိမ်းခရင်မ်ကို ဘယ်လိုအသုံးပြုမလဲ

  31-Oct-2016
Preview Image

ညလိမ်းခရင်မ်ကို ဘယ်လိုအသုံးပြုမလဲ

(၁) ပထမဦးစွာ မျက်နှာပြင်ရှိ အညစ်အကြေးများကို စင်ကြယ်သွားစေရန် မျက်နှာသစ်ဆပ်ပြာဖြင့် မျက်နှာကို စက်ဝိုင်းပုံသဏ္ဍာန် ညင်သာစွာ ပွတ်တိုက်၍ ဆေးကြောသန့်စင်ပေးပါ။

(၂) ပြီးလျှင်ဆပ်ပြာဖြင့် အကုန်အစင် မဖယ်ရှားပေးနိုင်သော အဆီ၊ အညစ်အကြေးနှင့် မိတ်ကပ် အကြွင်းအကျန်များကို ထပ်မံဖယ်ရှားပေးရန်အတွက် မိမိအရေပြား အမျိုးအစားနဲ့ သင့်လျော်သော တိုနာ (Toner) ကို လိမ်းပေးပါ။

(၃) မျက်နှာပြင်ကို ခြောက်သွေ့သွားစေရန် မိနစ်အနည်းငယ် ထားပေးပါ။ ထို့နောက်မှ ညလိမ်းခရင်(မ်)ကို လက်ချောင်းထိပ်ဖျားများပေါ်တွင် တင်ယူပြီး မျက်လုံးဧရိယာ တစ်ဝိုက်ကို ရှောင်၍ မျက်နှာပြင်ပေါ် ညင်သာစွာ လိမ်းပေးပါ။

(၄) ထိုသို့ လိမ်းရာတွင် မျက်နှာပြင် အလယ်ပိုင်းမှစ၍ အပေါ်ဘက်သို့ ပင့်တင်ကာ နှိပ်နယ်ပေးသည့် သဏ္ဍာန်ဖြင့် စတင်၍ လိမ်းပေးပါ။

(၅) အရေပြားပေါ် ခပ်ကြမ်းကြမ်း ပွတ်ဆွဲခြင်းမျိုးကိုတော့ အထူးရှောင်ကြဉ်ရမှာ ဖြစ်ပါသည်။

(၆) ဒါအပြင် မျက်လုံးနေရာ တစ်ဝိုက်ရှိ အရေပြားများ အစိုဓာတ်ရရှိကာ ခြောက်သွေ့ခြင်းမျိုးမှ ကင်းဝေးစေရန် အတွက်လည်း Moisturizer စသည်ဖြင့် အရေပြားကို အစိုဓာတ်ပေးနိုင်သော Eye Cream တစ်မျိုးမျိုးကို မဖြစ်မနေ လိမ်းကြံပေးဖို့ အကြံပြုလိုက်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:

အေးခေမာ

Health for all magazine, November 2013, Pg.45



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18