Print

ကိုယ်က ပိန်လွန်းတဲ့သူလား၊ အနေတော်လေးလား၊ နည်းနည်းဝနေပြီလားဆိုတာကို

  31-Oct-2016
Preview Image

ကိုယ်က ပိန်လွန်းတဲ့သူလား၊ အနေတော်လေးလား၊ နည်းနည်းဝနေပြီလားဆိုတာကို

 

တွက်ချက်ကြည့်ရအောင်ပါ။

- ကိုယ်အလေးချိန် ဘယ်နှစ်ပေါင်ရှိလဲ ချိန်ကြည့်ပါ။

- အရပ်တိုင်းပါ။ အရပ်အမြင့်"ပေ"ကို ''လက်မ" ဖွဲ့ပါ။

ပြီးရင် ဒီပုံသေနည်းထဲကို ထည့်ပြီး တွက်ကြည့်လိုက်ပါ။

ကိုယ်အလေးချိန်

BMI = (--------------------------------------------------------) × ရ၀၃

အရပ်အမြင့် "လက်မ"×အရပ်အမြင့် "လက်မ"

BMI

18.5 အောက် - ပုံမှန်ရှိရမယ့် ကိုယ်အလေးချိန်ထက်နည်း

18.5-24.9 - ပုံမှန်ကိုယ်လေးချိန်အတွင်း

25.0-29.9 - သာမန်ထက် အနည်းငယ်ဝ

30.0-34.9 - အဝလွန် သာမန်အဆင့်

35.0-39.9 - အဝလွန် ပြင်းထန်အဆင့်

40.0 အထက် - အဝလွန် အလွန်ပြင်းထန်အဆင့်

အဝလွန်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုး ပြဿ နာများ

၁။ ဆီချို ၊သွေးချို ၊ သွေးတိုးနဲ့ သွေးတွင်းအဆီများခြင်းစတဲ့ရောဂါတွေ ဖြစ်လာနိုင်ပြီး အဲဒါတွေကတစ်ဆင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ခြင်းနှင့်ဆီချိုသွေးချို၊ နောက်ဆက်တွဲပြဿ နာများ ကိုခံစားရနိုင်ပါသည်။

၂။ အသည်းမှာ အဆီတွေ စုပုံခြင်းအားဖြင့် အသည်းရောင်ခြင်းမှ တစ်ဆင့်အသည်းခြောက်ခြင်း (Non-alcoholic Steatohepatits Cirrhosis) တို့ကို ခံစားရနိုင်ပါတယ်။

၃။ ကိုယ်အလေးချိန် တအားများတဲ့အတွက် ဆီးသွားရခက်ခဲခြင်း၊ အရိုးနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ သွေးပြန်ကြောများ ထုံးခြင်းစတဲ့ ပြဿ နာတွေ ကြုံတွေ့ရနိုင်ပါသည်။

၄။ ဒါ့အပြင် အဝလွန်ရောဂါ မှတဆင့် ဟော်မုန်းကြောင့် ဖြစ်သောကင်ဆာများ၊ သားဥအိမ်အရည် အိတ်တည်ခြင်း၊ မျိုးမပွားနိုင်ခြင်း၊လိင်မှုဆိုင်ရာချို့တဲ့ခြင်းများ လည်းခံစားရနိုင်ပါတယ်။

၅။ အဝလွန်ရောဂါ ခံစားနေရသူတစ်ယောက်ဟာ စိတ်ကျရောဂါခံစားရခြင်း၊ အထီးကျန်ခြင်းကို ခံစားရခြင်း၊ အရေပြားရောဂါများ (ဥပမာ-ပေါင်ခြံ၊ ရင်သားနှင့် ရင်ဘတ်ကြားတွင် မှိုရောဂါများ စွဲကပ်ခြင်း) စတဲ့ရောဂါများ ခံစားရနိုင်ပါတယ်။

အဝလွန်ခြင်းကို ကာကွယ်ရန် မိမိ အတွက်အမှန်တကယ် လိုအပ်သော ကစီဓာတ်၊အသားဓာတ်နှင့် အဆီကိုသာစားသုံးသင့်ပေသည်။

-နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

-သင့်တင့်မျှတစွာ စားသုံးပါ။

-စိတ်ဖိစီးမှုနည်းသော ဘဝကိုလေ့ကျင့်ယူပါ။

-ဆေးလိပ်၊ အရက်နှင့် ကျန်းမာရေးကိုထိ ခိုက်စေသော အပြုအမှုများကို ရှောင်ရှားပါ။

ကျန်းမာလှပတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ............

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

 

Credit : ရောင်စဉ်လှိုင်း

Health For All Magazine (March 2014)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18