Print

ဖြူ စင်ဝင်းပ မျက်နှာအလှအတွက်

  31-Oct-2016
Preview Image

ဖြူ စင်ဝင်းပ မျက်နှာအလှအတွက်

=======================

(၁) မျက်နှာကို မလိုအပ်ဘဲ မထိတွေ့ပါနဲ့။ မျက်နှာပေါ်က အပြစ်အနာအဆာတွေက လက်ချောင်းတွေကြောင့် အဖြစ်များလို့ပါ။

(၂) မျက်နှာလိမ်းခရင်မ် ဒါမှမဟုတ် မျက်နှာသန့်စင်ဆေးကို မျက်နှာအပေါ်ကို ညင်ညင်သာသာ ပင့်တင့်တဲ့နည်းနဲ့လိမ်းပါ။ အောက်ကိုဆွဲချပြီး လိမ်းရင် နူးည့ံတဲ့ အသားအရေက အချိန်မတိုင်ခင် အလွယ်တကူ လျော့တွဲကျလွယ်လို့ပါ။

(၃) အကောင်းဆုံး အရောင်တွဲစပ်မှု ရဖို့အတွက် မျက်နှာ ဒါမှမဟုတ် လည်ပင်းပေါ်မှာ ဖောင်ဒေးရှင်းခရင်မ်နဲ့ ပေါင်ဒါမှုန့်ကို မလိမ်းခင် လက်ကောက်ဝတ်အတွင်းဘက် အရေပြားမှာ အရင်ဆုံးလိမ်းသင့်ပါတယ်။

(၄) မျက်နှာပြင် အပြစ်အနာအဆာတွေ ဖုံးအုပ်နိုင်ဖို့ ဒါမှမဟုတ် နီမြန်းမှုကို ဖုံးကွယ်နိုင်ဖို့ ကွန်ဆဲလ်လာကို လိမ်းသင့်ပါတယ်။

(၅) ပေါင်ဒါမလိမ်းခင် ပါးနီအပိုကို အရင်ဆုံး ညင်ညင်သာသာ သုတ်လိမ်းလိုက်ပါ။ ဒါမှ သဘာဝကျကျ ပြေပြစ်တဲ့ အလှတရားကို ရရှိစေမှာပါ။

(၆) ဝက်ခြံကို လက်နဲ့ ဘယ်တော့မှ မညှစ်ပါနဲ့ ။ လက်နဲ့ ဖဲ့ဆိတ်တာကြောင့် တစ်သျှူ းအထိ ထိခိုက်ကာ သေးငယ်တဲ့ အမာရွတ် ထင်စေနိုင်ပါတယ်။

(၇) အဆီပြန်တဲ့ အသားအရေရှိတဲ့ နဖူး၊ နှာခေါင်းနဲ့ မေးစေ့လို တီဇုန်နေရာတွေမှာ တစ်သျှူ းစကို အရင်ဖိပြီးမှ မိတ်ကပ်လိမ်းပါ။ အဲဒီအရေပြား နေရာတွေပေါ်မှာ ပါးနီနဲ့ ပေါင်ဒါမှုန့် ခပ်ပါးပါးလိမ်းရုံနဲ့ ချောမွေ့လှပစေပါတယ်။

(၈) ပါးပြင်ပေါ်မှာ ပါးနီဆိုးတဲ့အခါ ပန်းသီးလေးလို ရဲပြီး ချစ်စရာကောင်းစေဖို့ အရင်ဆုံး ပြုံးလိုက်ပါ။

(၉) အခမ်းအနားတွေ တက်မယ်ဆိုရင် အဲဒီနေ့မှာ မိတ်ကပ်ကို ခပ်စောစော လိမ်းထားပါ။ ပြီးရင် မထွက်ခွာခင်မှာ တစ်ချက်စစ်ဆေးပြီး လိုအပ်သလို လိမ်းခြယ်ပါ။ ဒါမှ ပိုပြီးသဘာဝကျမှာဖြစ်သလို လောလောနဲ့ ဖြစ်သလို အလှပြင်ရတာမျိုးလည်း မဖြစ်မှာပါ။

(၁၀) တစ်နေ့တာအတွင်း မိတ်ကပ်ရောင်ဖျော့တာ မဖြစ်စေဖို့ ဖောင်ဒေးရှင်းခရင်မ် မလိမ်းခင် Primer ကို လိမ်းထားပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

Arogyam magazine, No.260, March 2014, Pg. 119



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18