Print

အရွယ်နဲ့ Eye Cream

  31-Oct-2016
Preview Image

ရောက်ရှိနေတဲ့ အသက်အန္တရာယ်နဲ့ လိုက်ဖက်မှုရှိတဲ့ Eye Cream ကို ရှာဖွေနေ ပါသလား။ အသက် ၂၀၊ ၃၀ နဲ့ ၄၀ အရွယ်တွေမှာ ရွေးပြီးသုံးရမယ့် Eye Cream တွေကို ကြည့်ကြရအောင်။

အသက် ၂၀ အရွယ်

အဲဒီ အသက်အရွယ် ကတည်းက စတင်ပြီး Eye Cream နံနက်တိုင်းကို အသုံးပြု သင့်ပါတယ်။ မျက်နှာပြင်ကို Moisturizer သုံးပြီးနောက် မျက်လုံးအိမ် အပြင်ဘက်နေရာတွေကို Eye Cream လိမ်းပေးရပါမယ်။ လိမ်းတဲ့အခါမှာလည်း မျက်ဝန်းဘေး အရေပြားနေရာတွေဟာ ပါးလွှာတဲ့အတွက် လက်ခလယ်ကို အသုံးပြု ပြု ပြီး ညင်ညင်သာသာ လိမ်းပေးရမှာပါ။ ပွတ်ဆွဲတာမျိုး ဘယ်တော့မှ မပြုလုပ်မိပါစေနဲ့။ Eye Cream အမျိုးအစားကို ရွေးချယ်ရာမှာလည်း CH2O+Sea Results Eye Defense Fortifying Serum စာကြောင်းပါ ကုန်ပစ္စည်းဟာ ဒီအရွယ်နဲ့သင့်လျော်တဲ့အတွက် ရွေးချယ်ဖို့သင့်ပါတယ်။

အသက် ၃၀ အရွယ်

ဒီအသက်အရွယ်ကတော့ မျက်ဝန်းဘေးကို အရေးအကြောင်းထင်ဖို့ အဓိကကျတဲ့ အရွယ်ဖြစ်တဲ့အတွက် အထူးဂရုစိုက်ရပါလိမ့်မယ်။ အသုံးပြုတဲ့ Eye Cream ဟာလည်း SPF 8 နဲ့ အထက်ရှိတဲ့ အမျိုးအစားဖြစ်ရပါမယ်။ အသက်အရွယ် တဖြည်းဖြည်း ကြီးလာ တာနဲ့အမျှ အရေပြားဟာ ပိုမိုခြောက်သွေ့လာတဲ့အတွက် Hyalur-onic-Acid (အရေပြားဆဲလ်တွေကို အစိုဓာတ်ပေးနိုင်တဲ့ အက်ဆစ်) ဓာတ်ပါဝင်မှုရှိတဲ့ Eye Cream မျိုးကို ရွေးချယ်သုံးရပါလိမ့်မယ်။ ဥပမာအနေနဲ့ ပြောရရင် Murad Eye Treatment Complex SPF 8 ပဲဖြစ်ပါတယ်။

အသက် ၄၀ အရွယ်

အသက်အရွယ် ရလာရင် လက္ခဏာ အနေနဲ့ကတော့ မျက်ဝန်းအိမ်တစ်ဝိုက်က အရေပြားတွေက စတင်ပြီး အရေးအကြောင်း ထင်လာတတ်ပါတယ်။ ဒီအရွယ်အတွက် အသင့်တော်ဆုံး Eye Cream ကတော့ အရေပြားတင်းရင်းစေတဲ့ အမျိုးအစားမျိုးပါ။ ဥပမာ အနေနဲ့ဆိုရင် Obagi Elastiderm Eye Treatment Cream မျိုးပဲဖြစ်ပါတယ်။ ဒီအမျိုးအစားဟာဆိုရင် အရေပြားကို တင်းရင်းစေပြီး မျက်လုံးအိမ်ဘေးနေရာ အရေး အကြောင်းထင်တာကိုလည်း လျော့နည်းစေနိုင်ပါလိမ့်မယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:

အေးခေမာ

Health for all magazine, August 2015, Pg.34

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18