Print

အိပ်ရာနိုးချိန်လှပအောင် ဘယ်လိုလိုက်နာသင့်ပါသလဲ။

  24-Feb-2017
Preview Image

ညဘက် အိပ်ရာမဝင်ခင် အိမ်မှာ အလှအပဆိုင်ရာ နည်းလမ်းတွေကို လုပ်ဆောင်ပေးရင် အိပ်ရာက နိုးထလာတဲ့အခါ အသားအရေက ကြည်လင်လန်းဆန်း အားပြည့်နေမှာပါ။

 

နည်းလမ်း (၁)
ညဘက်အိပ်စက်နေချိန်မှာ လှုပ်ရှားမှုကြောင့် မှောက်အိပ်မိသွားရင် မျက်နှာပေါ်အစင်းကြောင်း ထင်သွားနိုင်ပါတယ်။ အဲဒီလိုမဖြစ်အောင် ညဘက်အိပ်စက်ချိန်မှာ မျက်နှာပေါ် ပေါင်းတင်ကပ်ခွာ (Mask) အုပ်ထားပေးပါ။

 

နည်းလမ်း (၂)
နံနက် ခေါင်းလျှော်မယ်ဆိုရင် ညဘက်မှာ ဆံပင်သားကို အုန်းဆီ၊ သံလွင်ဆီစတဲ့ ဆံပင်လိမ်းဆီတစ်မျိုးမျိုး လိမ်းပေးပါ။ ဦးရေပြားထဲအထိ စိမ့်ဝင်အောင် လိမ်းပေးပြီးခေါင်းစွပ် (Shower Cap) စွပ်ကာ အိပ်ရာဝင်ပါ။

 

နည်းလမ်း (၃) 
ခေါင်းအုံးစွပ်ကိုလဲပါ။ အသားအရေနဲ့ ဆံပင်သားချောမွေ့စေဖို့ ပိုးသားခေါင်းအုံးစွပ် စွပ်ထားတဲ့ ခေါင်းအုံးနဲ့ အိပ်ပါ။

 

နည်းလမ်း (၄)
ညဘက် အိပ်ရာမဝင်ခင်မှာ မျက်နှာကို သေချာသန့်စင်ပြီး အာဟာရဓာတ်ဖြည့်တင်းပေးမယ့် အဆီ (သံလွင်ဆီ၊ အလှဆီ) တစ်မျိုးမျိုးလိမ်းပေးပါ။ နံနက်အိပ်ရာထချိန်မှာ အသားအရေချောမွေ့နေပါလိမ့်မယ်။

 

နည်းလမ်း (၅)
နံနက်ခင်းမှာ လှပကြည့်ကောင်းတဲ့ ဆံပင်လှိုင်းတွေရရှိချင်ရင် ညဘက်မအိပ်ခင်မှာ ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး အိပ်သင့်ပါတယ်။

 

နည်းလမ်း (၆)
အသားအရေအတိုင်း အစိုဓာတ်ထိန်းပေးပါ။ လက်တံတောင်ဆစ်၊ ဒူးနဲ့ ခြေချောင်းတွေမှာ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးသင့်ပါတယ်။

 

နည်းလမ်း (၇)
ညဘက်ရေချိုးတဲ့အခါ ခန္ဓာကိုယ်အရေပြားကို ဘရပ်ရှ်နုနုနဲ့ ပွတ်တိုက်ပေးပါ။ ဒီလိုလုပ်ပြီး အိပ်ရာဝင်တဲ့အခါ နံနက်ခင်းမှာ အသားအရေက ချောမွေ့နေပါလိမ့်မယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.276, July 2015,Pg.120



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18