Print

ယောကျ်ားလေးတစ်ယောက်အနေနဲ့ ပုံမှန်ပြုလုပ်သင့်တဲ့ အသားအရေထိန်းသိမ်းမှု

  24-Feb-2017
Preview Image

အသားအရေကို ပုံမှန်ဂရုစိုက်မှုတွေ လုပ်သင့်ပါတယ်။ မျက်နှာသန့်စင်တဲ့အခါ မျက်နှာက အဆီတွေ၊ အညစ်အကြေးတွေကို သေချာစွာ သန့်စင်နိုင်တဲ့ မျက်နှာသန့်စင်ပစ္စည်းကို အသုံးပြုပါ။ မျက်နှာအရေပြား အဆီဓာတ်ကို ထိန်းသိမ်းနိုင်တဲ့ အစိုဓာတ်ထိန်းကရင်မ်ကို လိမ်းပါ။ နေရောင်ခြည်ထိတွေ့မှုက အသားအရေကို ထိခိုက်ပျက်စီးစေတာကြောင့် နေရောင်ခြည်ကို တတ်နိုင်သလောက်ရှောင်ပါ။ 

 

ဆေးလိပ်က အရေပြားအတွက်တော့ ရန်သူပါပဲ။ ဆေးလိပ်သောက် တာကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေထဲမှာ အသားအရေထိခိုက်မှုလည်း ပါဝင်ပါတယ်။ အရက်သောက်သုံးတာကြောင့် အသားအရေထိခိုက်ပျက်စီးပြီးခြောက်သွေ့နိုင်တာကြောင့် အရက်ကို အလွန်အကျွံသောက်သုံးတာကနေ ရှောင်ကြဉ်သင့်ပါတယ်။ အသားအရေထိန်းသိမ်းမှုတွေ အပြင်ဘက်က လုပ်ဆောင်သင့်သလို အစားအသောက်တွေ စားသောက်ပြီးလည်း ခန္ဓာကိုယ်တွင်းပိုင်းရဲ့ ထောက်ပ့ံမှုကို ရယူရပါမယ်။ 

 

အသားအရေကို အထောက်အပ့ံဖြစ်စေဖို့ အသီးအနှံတွေ စားသောက်သင့် ပါတယ်။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်တာက ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာစေတဲ့အပြင် အသားအရေအတွက်လည်းအထောက်အကူဖြစ်စေပါတယ်။ လေ့ကျင့်ခန်းလုပ်တာက သွေးလှည့်ပတ်မှုကောင်းပြီး အရေပြားဆီ သွေးရောက်ရှိမှု ကောင်းတာကြောင့် လိုအပ်တဲ့ အာဟာရဓာတ်တွေရှိရင်လည်း ရရှိပြီး အသားအရေလှပ စိုပြည်စေပါတယ်။ စိတ်ဖိစီးမှုတွေကိုလဲ လျော့ချပါ။

 

စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ ကော်တီဇောဟော်မုန်းက အရေပြားမှာ အဆီထွက်များစေပြီး ဝက်ခြံထွက်စေပါတယ်။ မိသားစုနဲ့၊ သူငယ်ချင်းတွေနဲ့ အပျော်ခရီးထွက်တာ၊ လမ်းလျှောက်တာ၊ အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ဆော့ကစားတာ၊ ယောဂကျင့်တာတွေ လုပ်ဆောင်တာက စိတ်ဖိစီးမှုကို လျှော့ချပေးပြီး အသားအရေလှပမှုအတွက်လည်း အထောက်အပ့ံဖြစ်စေပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine, No.253, August 2013, Pg.14



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18