အလှအပအတွက် သဘာဝ နည်းလမ်းကောင်းများ
01-Mar-2017၁။ အသားအရေ လှပစိုပြေမှုအတွက် သန့်စင်ဆေးရည်
အသားအရေ လှပစိုပြေမှုအတွက် မျက်နှာ၊ လည်ပင်းစတဲ့ ကိုယ်လက်အင်္ဂါတွေကို သန့်စင်ဆေးရည်အဖြစ် ပျားရည်တစ်ဆ နွားနို့ကိုးဆကို ရောနှောပြီး လိမ်းပေးထားရပါမည်။ ခဏကြာတဲ့အခါ ရေသန့်သန့်နှင့် ဆေးကြောပေးမယ်ဆိုရင် အသားအရေ ချောမွေ့သန့်စင်သွားမယ်လို့ ဆိုပါတယ်။
၂။ ဆံပင် အလှအပအတွက်
ဆံပင် အလှအပအတွက်ဆိုရင် တောက်ပြောင်ပြီး နူးည့ံတဲ့ ဆံနွယ်မျှင်တွေကို ပိုင်ဆိုင်ဖို့အတွက် ခေါင်းလျှော်တဲ့အခါ ရေခပ်နွေးနွေးလေးထဲမှာ ရှောက်သီးကို ညှစ်ပြီး ဆံပင်သားအနှံ့ စွတ်စိုအောင် လိမ်းပေးရပါမယ်။ ခဏကြာတဲ့အခါမှ ရေသန့်သန့်နှင့် လောင်းပြီး သန့်စင်စေရပါမယ်။
၃။ မျက်နှာပြင်မှ ဝက်ခြံတွေအတွက်
မျက်နှာပြင်မှ ဝက်ခြံ၊ အဖုအပိမ့်စတာတွေဟာ မျက်နှာပြင်ရဲ့ အလှအပကို ဖျက်စီးပစ်တတ်ပါတယ်။ ချောမွတ်ကြည်လင်ပြီး စိုပြေတဲ့အသားအရေမျိုး ဖြစ်လာအောင် နည်းလမ်းကောင်းတစ်ခုကတော့ ပျားရည်စစ်စစ်ကို မျက်နှာ အနှံ့ ၁၅ မိနစ်ကြာအောင် လိမ်းထားပေးပါ။ ပျားရည် လိမ်းထားစဉ်မှာ စေးကပ်ကပ်ရှိနေပေမယ့် ခဏလေး သည်းခံမယ်ဆိုရင် မျက်နှာလှလှလေးကို ပိုင်ဆိုင်ခွင့်ရမှာပါ။ ၁၅ မိနစ်ကြာပြီးတဲ့အခါရေနွေးနွေးလေးနှင့် မျက်နှာကို သန့်စင်ပေးလိုက်ပါ။
၄။ လှပချောမွတ်မှုအတွက်
လက်ရဲ့လှပချောမွတ်မှုကို ဂရုစိုက်တဲ့ မိန်းကလေးတွေအဖို့ အသားအရေကြမ်းတမ်းပြီး ညိုမည်းလာတဲ့ တံတောင်ဆစ်တွေကို သတိထား ဆင်ခြင်ဖို့တော့ လိုပါလိမ့်မယ်။ အရည်ညှစ်ပြီးသား ရှောက်သီး၊ သံပရာသီး (သို့) ထက်ခြမ်းခြမ်းထားတဲ့ သံပရာသီး၊ ရှောက်သီးစတာတွေနှင့် မကြာခဏဆိုသလို တံတောင်ဆစ်တွေကို ပွတ်တိုက်ပေးပါ။ အသားအရေ ညိုညစ်နေတာတွေ လျော့ပါးလာပြီး ချောမွတ်လာတာကို ခံစားလာရပါလိမ့်မယ်။
၅။ အသားအရေ အမျိုးမျိုးအတွက်
အသားအရေအနေနှင့် သာမန်အားဖြင့် ခွဲခြားမယ်ဆိုရင် ခြောက်သွေ့တဲ့ အသားအရေ၊ အဆီပြန်တဲ့ အသားအရေနှင့် သာမန် အသားအရေရှိသူတွေအဖို့ ပန်းသီးတစ်လုံးကို သစ်သီးဖော်စက်နှင့် အရည်ဖျော်တဲ့အခါမှာ မျက်နှာအနှံ့ လိမ်းပေးရပါမယ်။ ချွေးပေါက်ကလေးတွေ သန့်စင်သွားစေပြီး လန်းဆန်းကြည်လင်တဲ့ အသားအရေကို ရရှိစေနိုင်ပါမယ်။စပျစ်သီးအရည်ကတော့ အသားအရေ ခြောက်သွေ့သူများနှင့် သင့်လျော်ပါတယ်။
အလုံးခြမ်းနှင့် မျက်နှာအနှံ့ ပွတ်တိုက်ပေးခြင်းက ထွက်ပေါ်နေတဲ့ အဆီတွေကို ကင်းစေတာမို့ အဆီပြန်တဲ့အသားအရေ ရှိသူတွေအတွက် အဆင်ပြေပါတယ်။ သဘာဝပစ္စည်း အမျိုးမျိုးနှင့် အလှအပကို ထိန်းသိမ်းပြုစုနိုင်ပါတယ် ဆိုတာကိုတော့ မမေ့သင့်ပါဘူး။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Internet
Health for all magazine, April 2013, Pg. 48-49