Print

အမြဲတမ်း နုပျိုလှပသူတိုင်း လက်ခံကျင့်သုံးလေ့ရှိသော နည်းလမ်းကောင်းများ

  01-Mar-2017
Preview Image

၁။ ပျော်စရာအတွေးများနှင့် နေထိုင်ခြင်း

စိတ်ပျိုကိုယ်နုဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ အကောင်းမြင်စိတ်ရှိတာ၊ တစ်ပါးသူတွေအပေါ် အကောင်းမြင်စိတ်နှင့်တွေးတောပေးတာတွေက သင့်စိတ်နှင့် ခန္ဓာကိုယ်ကို နုပျိုနေစေပြီး အသက်ရှည်စေပါတယ်။

 

၂။ စောစောအိပ်၊ စောစောထတယ်

နုပျိုစေတဲ့ အကောင်းဆုံး လျှို ့ဝှက်ချက်က အိပ်ရာစောစော ဝင်တာပါ။ အိပ်စက်ချိန်မှာ ခန္ဓာကိုယ်ရဲ့ လိုအပ်တာတွေကို ပြန်လည်ပြုပြင်ပေးပြီး အကောင်းဆုံးဖြစ်စေပါတယ်။ အိပ်ရေးဝဝ အိပ်စက်တာကြောင့် သင့်ခန္ဓာကိုယ်ကို နုပျိုစေပြီး ဦးနှောက်ဉာဏ်ရည် ထက်မြက်စေပါတယ်။ အိပ်စက်တဲ့အခါ အိပ်ရာစောစောဝင်ပြီး တစ်ညကို ရှစ်နာရီကြာအိပ်စက်သင့်ပါတယ်။

 

၃။ နုပျိုစေသော အစားအစာများကို စားတယ်

သင်စားတဲ့ အစားအသောက်တွေက နုပျိုလှပဖို့အတွက် အကောင်းဆုံး အထောက်အပ့ံပေးနိုင်ပါတယ်။ အစားအသောက်တိုင်းမှာ သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် ရေတစ်ဖန်ခွက် ပါဝင်အောင် စားသောက်သင့်ပါတယ်။ ဒီလိုစားသောက်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဗီတာမင်၊ သတ္တုဓာတ်နှင့် အင်တီအောက်ဆီးဒင့်တွေ ရရှိပြီး စွမ်းအင်ပြည့်ဝကာ လန်းဆန်းစေပါတယ်။ နေ့လယ်စာ၊ ညစာတွေ စားပြီးတဲ့အခါ အချိုပွဲစားတဲ့ အကျင့်ကို ဖျောက်ပစ်ဖို့ မလိုပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သီးနှံတစ်မျိုးမျိုး ဒါမှမဟုတ် သီးနှံတွေနဲ့ ပြုလုပ်ထားတာကို ရွေးချယ်စားဖို့သာ လိုအပ်တာပါ။

 

၄။ ကြွက်သား သန်မာအောင် လုပ်ဆောင်တယ်

ဆွဲဆန့်လေ့ကျင့်ခန်း၊ အလေး အသုံးပြုပြီး လေ့ကျင့်တာတွေ ပြုလုပ်တာကြောင့်ကြွက်သားတွေ ပိုမိုသန်မာလာပြီး သက်လုံ ပိုမိုကောင်းလာစေပါတယ်။ သင့်ကိုယ်သင်လည်း အသက် ၂၀ လောက် ပိုငယ်သွားတယ်လို့ ထင်မြင်လောက်အောင်ကို သွက်သွက်လက်လက် လှုပ်ရှားသွားလာနိုင်မှာ ဖြစ်ပါတယ်။ 

 

၅။ ဦးနှောက်ကို အလုပ်ပေးခြင်း

အသက်အရွယ်ရလာချိန်မှာ ဇရာရဲ့ ပြောင်းလဲလာမှုတွေကို ရင်ဆိုင်ရမှာပါပဲ။ဦးနှောက်ကို လှုံဆော်မှုပေးတာကသာ သင့်စိတ်ကို အစဉ်နုပျိုလန်းဆန်းနေမှာပါ။ ပတ်ဝန်းကျင်အသစ်ကို လေ့လာစူးစမ်းတာ၊ ပညာရပ်ဆိုင်ရာ အသစ်အဆန်းတွေ လေ့လာတာကို ဆောင်ရွက်ပါ။

 

၆။ ဆံပင်ပုံစံ မကြာခဏ ပြောင်းလဲတယ်

လက်ရှိ အသက်ထက် ပိုနုငယ်တယ်လို့ ထင်မြင်အောင် သင်ရဲ့ အပြင်အဆင်တွေနဲ့ ပြောင်းလဲယူလို့ရပါတယ်။ ဆံပင်ပုံစံကို လက်ရှိပုံစံနဲ့ လုံးဝမတူအောင် အသွင်ပြောင်းလိုက်တာက သင့်ရုပ်သွင်ကို ထူးခြားစွာ ပြောင်းလဲသွားစေပါတယ်။ 

 

၇။ အကောင်းမြင်စိတ် မွေးမြူတယ်

ဘယ်လိုပဲ အခက်အခဲ၊ အတားအဆီး၊ အဟန့်အတားနဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံတွေ့ပေမယ့် အကောင်းမြင်စိတ်နှင့် အရာရာကို ရှုမြင်တတ်သူတွေဟာ နုပျို လှပနေတတ်ကြပါတယ်။ အကောင်းမြင်စိတ် ရှိသူတွေမှာ စွမ်းအင်သတ္တိတွေဟာလည်း သူ့အလိုလို ဖြစ်ပေါ်လာတာကြောင့် အရာရာကို အောင်မြင်စွာ ကျော်လွှားသွားနိုင်ပါလိမ့်မယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.288, July 2016, Pg. 67-69



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18