Print

အလှအပအတွက် Vitamin E ဘာကြောင့် လိုအပ်တာလဲ?

  01-Mar-2017
Preview Image

(၁) ဆံပင်သန်စွမ်းစေတယ်

ဗီတာမင် E မှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက ဆံချည်မျှင်အိတ်တွေ ပျက်စီးနေတာကို ပြန်လည်ပြု ပြင်ပေးပါတယ်။ ဗီတာမင် E က ဆံ

သားအရင်းကနေ အဖျားအထိ ကျန်းမာစေပြီး တောက်ပြောင်လှပစေပါတယ်။ 

 

(၂) နှုတ်ခမ်းခြောက်သွေ့အက်ကွဲခြင်းကို ကုသနိုင်တယ်

နှုတ်ခမ်းခြောက်သွေ့အက်ကွဲတာအတွက် ဗီတာမင် E နဲ့ ထိရောက်စွာကုသနိုင်ပါတယ်။ ဗီတာမင် E က နှုတ်ခမ်းသားအစိုဓာတ်ကို ထိန်းပေးပြီး နူးည့ံပျော့ေပျောင်းစေပါတယ်။ နှုတ်ခမ်းသားမည်းတာအတွက် ကုသနိုင်ပြီး သဘာဝအသွေးအရောင်နှင့် လှပစေပါတယ်။

 

(၃) လက်သည်း ခြေသည်းတွေကို သန်မာစေတယ်

ဗီတာမင် E က အစိုဓာတ်ထိန်းပေးပြီး လက်သည်း၊ ခြေသည်း ကျိုးပဲ့တာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ 

 

(၄) အရေးအကြောင်းများကို ကင်းစင်စေတယ်။

ဗီတာမင် E က မျက်နှာပေါ်က အရေးအကြောင်းတွေ၊ သက်ကြီး အစက်အပြောက်တွေနှင့် သက်ကြီးအသွင်အပြင်တွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် E က အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်ထုတ်လုပ်မှုကို အားကောင်းစေလို့ အရေးအကြောင်းတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

(၅) လက်ဖဝါးခြောက်သွေ့မှု ကြမ်းတမ်းမှုမှ ကင်းဝေးစေတယ်

ဗီတာမင် E က ခြောက်သွေ့ကြမ်းတမ်းတဲ့ လက်ဖဝါးအတွက် အစိုဓာတ်ဖြည့်ပေးလို့ နူးည့ံပျော့ပျောင်းစေပါတယ်။ အရေပြားအစိုဓာတ် ပိုမိုကြာရှည်စွာ ထိန်းထားနိုင်ပါတယ်။ 

 

(၆) အမာရွက်ကင်းစေတယ်

ဗီတာမင် E က အရုပ်ဆိုးစေတဲ့ အမာရွတ်တွေကို လျော့ပါးသက်သာစေပါတယ်။ဗီတာမင် E ရဲ့ အင်တီအောက်ဆီးဒင့်က အရေပြားရဲ့ အစိုဓာတ်ထိန်းပေးပြီး ပျက်စီးသွားတဲ့ အရေပြားကို ကုစားပေးတဲ့အပြင် နောက်ထပ် အမာရွတ်တွေ မဖြစ်ပေါ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

 

(၇) ဆံသားနှစ်ခွဖြစ်ခြင်းမှကာကွယ်နိုင်တယ်

ဆံပင်ဆေးဆိုးတာ၊ ဖြောင့်တာ၊ တောက်တာတွေ အလုပ်များတဲ့အခါ ဆံသားခြောက်သွေ့တာ၊ ကြမ်းတမ်းတာ၊ ဆံပင်အဖျားနှစ်ခွဖြစ်တာတွေ ကြုံတွေ့နိုင်ပါတယ်။ ပျက်စီးနေတဲ့ ဆံသားတွေကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။ ဗီတာမင် E ကို သံလွင်ဆီ၊ အုန်းဆီတို့နှင့် ဆတူရောပြီး အဖျားနှစ်ခွဖြစ်နေတဲ့ ဆံသားပေါ်လိမ်းပေးပါ။ ခေါင်းမလျှော်ခင် နှစ်နာရီလောက် ကြိုလိမ်းပေးပါ။ တစ်ပတ်ကို ၂-၃ ကြိမ် ပြုလုပ်နိုင်ပါတယ်။ 

 

(၈) အကြောပြတ်ရာများ ကင်းဝေးစေတယ်

ကိုယ်ဝန်ဆောင်ချိန်၊ ကိုယ်အလေးချိန် ရုတ်တရက်တက်လာတာ ဒါမှမဟုတ် ရုတ်တရက် ကျသွားတာတွေကြောင့်ဖြစ်တဲ့ အကြောပြတ်ရာတွေကို ဗီတာမင် E လိမ်းပေးနိုင်ပါတယ်။ ဗီတာမင် E ရဲ့ အင်တီအောက်ဆီးဒင့်အာနိသင်က အရေပြားတင်းရင်းမှုကို ဖြစ်စေတဲ့ ကော်လာဂျင်တွေ မပျက်စီးအောင် ကာကွယ်ပေးတာကြောင့် အရေပြားရဲ့ကျုံ့ဆန်နိုင်စွမ်းနဲ့ အကြောပြတ်ရာ ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်ပါတယ်။

 

(၉) အရေပြားရောင်ရမ်းခြင်းကို ကုသနိုင်တယ်

အရေပြားရောင်ရမ်းတာကြောင့် ယားယံတာ၊ နီရဲတာ၊ ပူစပ်ပူလောင် ခံစားရတာတွေကို ဗီတာမင် E နဲ့ ကုသနိုင်ပါတယ်။ ဗီတာမင် E ရဲ့ အင်တီအောက်ဆီးဒင့်အာနိသင်ကရောင်ရမ်းမှုကို သက်သာစေပြီး ပျက်စီးနေတဲ့ အရေပြားကို ပြန်လည်ပြုပြင်ပေးပါတယ်။

 

(၁၀) အရေပြားအရောင် ပြောင်းလဲခြင်း ကုသနိုင်တယ်။ 

ဗီတာမင် E က အင်တီအောက်ဆီးဒင့်ဖြစ်လို့ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု များတာကြောင့်ဖြစ်တဲ့ အရေပြား အရောင်ပြောင်းလဲတာကိုပြန်လည်ကောင်းမွန်စေပါတယ်။

 

• ဗီတာမင် E က ဆီပျော် ဗီတာမင်ဖြစ်တာကြောင့် ဗီတာမင် E ပါဝင်တဲ့အစာတွေ စားတဲ့အခါ အဆီအနည်းငယ်ပါဝင်အောင် စားဖို့လိုပါတယ်။
• ဗီတာမင် E ရဲ့ အာနိသင်တွေ မဆုံးရှုံးစေဖို့ လေထိတာ၊ အပူနဲ့ထိတာ၊ အလင်းရောင်နဲ့ ထိတာတွေမဖြစ်အောင် အေးမြ၊ ခြောက်သွေ့ပြီး မှောင်နေတဲ့နေရာတွင်ထားပါ။
• သွေးကျဲဆေးသောက်နေသူနွေအနေနဲ့ ဗီတာမင် E ဖြည့်စွက်သားသုံးမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုပါတယ်။
• ဗီတာမင် E ကို အရေပြားပေါ် မလိမ်းမီ အရေပြားနဲ့ ဓာတ်တည့်၊ မတည့် အရင်စမ်းသပ်ဖို့ လိုပါတယ်။
• ပေါက်ပြဲရှနာရှိတဲ့ ဒဏ်ရာပေါ်နှင့် ထိခိုက်လွယ်တဲ့ အရေပြားတွေပေါ် ဗီတာမင် E မလိမ်းသင့်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, Septmber 2015, Pg.79-83



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18