ဝမ်းဗိုက်တွင် အဆီများစုနေတတ်သည့် အကြောင်းရင်း
01-Mar-2017
သင့်ဝမ်းဗိုက်နေရာမှာ အဆီတွေစုနေရတဲ့ အကြောင်းရင်းတွေ များစွာရှိပါတယ်။ ဘယ်အကြောင်းအရာ တွေက ကိုယ်နဲ့ တိုက်ဆိုင်မလဲဆိုတာကို သုံးသပ်ကြည့်ရအောင်နော်။
မျိုးရိုးရှိခြင်း
အဆီဆဲလ်ဖွံ့ဖြိုးမှုက သင့်မိသားစု မျိုးရိုးရာဇဝင်ပေါ်မှာလည်း အများကြီး မှီတည်နေတတ်ပါတယ်။ သင့်မိဘတွေမှာ ဒါမှမဟုတ် သင့် အဘိုး၊ အဘွားတွေမှာ ဗိုက်ပူပြီး ဝမ်းဗိုက်မှာ အဆီများတတ်တဲ့သူတွေရှိတယ် ဆိုရင်တော့ သင့်မှာလည်း ဖြစ်နိုင်နေပါတယ်။ ဆိုလိုတာက သင့်မိသားစုရဲ့ ခန္ဓာကိုယ်ပုံစံ အနေအထားကို ပြောင်းလဲဖို့ဆိုရာမှာ မလွယ်ကူတတ် ပါဘူး။ သင့်မိသားစု ရာဇဝင်ထဲမှာ ခန္ဓာကိုယ် အချိုးအစားက ပန်းသီးပုံစံမျိုးဆိုရင်၊ သဲနာရီလို ခန္ဓာကိုယ်မျိုးကို မျှော်မှန်းနေဖို့ မလွယ်ကူပါဘူး။ အဆီက နှစ်မျိုးရှိပါတယ်။ သင့်ခန္ဓာကိုယ်တွင်း ကလီစာတွေထဲမှာ ရှိနေပြီး ဝမ်းဗိုက်အဆီဖြစ်နေတာမျိုးနဲ့ ဝမ်းဗိုက်နံရံက အရေပြား မှာရှိနေတဲ့ အဆီဆိုပြီး ခွဲခြားသိနိုင်ပါတယ်။
ဇီဝရုပ်ဖြစ်ပျက်မှု အားနည်းခြင်း
အသက်အရွယ် ကြီးရင့်လာချိန်မှာ ခန္ဓာရဲ့ ဇီဝဖြစ်စဉ်ကလည်း တဖြည်းဖြည်း နှေးလာတတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ဝမ်းဗိုက်မှာ အဆီတွေ စုလာတတ်ပါတယ်။ နောက်ထပ် ဇီဝ ဖြစ်စဉ်ကို အားနည်းနေစေတဲ့ အကြောင်းအရင်း တစ်ခုကတော့ သကြားများတဲ့အစားအစာနှင့် အသင့်ပြုလုပ်ထားတဲ့ အစားအစာတွေကို အစားများတာ၊ ဆော်ဒါပါဝင်တဲ့ အချိုရည်တွေကို အသောက်များတာကြောင့် သင့်ခန္ဓာကိုယ်က ပိုမိုလောင်ကျွမ်းရပါတယ်။ ဒီအချိန်မှာ အဆီတွေ စုလာတတ်ပါတယ်။ တခြားပြဿနာတွေ အနေနဲ့ နှလုံးရောဂါ၊ သိုင်းရွိုက်နဲ့ သွေးချို၊ ဆီးချိုတွေပါ ဖြစ်လာနိုင်ပါတယ်။
စိတ်ဖိစီးမှုနှင့် ဖိအားများ
စိတ်ဖိစီးမှုနဲ့ စိတ်လှုပ်ရှားမှုတွေက သင့်သွေးထဲက ကော်တီဇုန်းအဆင့်ကို မြင့်မားလာစေ ပါတယ်။ သွေးထဲမှာ ကော်တီဇုန်းအဆင့်ကို မြင့်မားလာစေပါတယ်။ သွေးထဲမှာ ကော်တီဇုန်းတွေ မြင့်မားတာက သင့်ခန္ဓာကိုယ်ထဲမှာ အဆီတွေစုပုံလာစေမယ့် အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။
ကြွက်သားလျော့ကျခြင်း
ဝမ်းဗိုက်နေရာက ကြွက်သားတွေလျော့တွဲတာမျိုးကလည်း ဝမ်းဗိုက်ကြွက်သားတွေကို အထောက်အကူဖြစ်စေမယ့် လေ့ကျင့်ခန်း ရယူဖို့ လိုပါတယ်။
ခန္ဓာကိုယ် နေပုံ၊ ထိုင်ပုံ မမှန်ခြင်း
ဟိုးအရင်ကတည်းက သင်နေထိုင်ခဲ့တဲ့ ပြုမူနေထိုင်ပုံကလည်း သင့်ဝမ်းဗိုက်နေရာကို ချပ်ရပ်နေစေတဲ့ပုံစံလား၊ ပိုပြီး ဗိုက်ပူစေတဲ့ပုံစံလားဆိုတာကို အဆုံးအဖြတ်ပေးနိုင် ပါလိမ့်မယ်။ သင်က အမြဲတမ်းခါးဆန့်ဗိုက်ရှပ်ပြီး စမတ်ကျကျနေထိုင်တတ် သူဆိုရင် အဆီတွေရှိနေရင်တောင် သင့်ဝမ်းဗိုက်နေရာမှာ စုမနေတော့ပါဘူး။
အထိုင်များသောဘဝ
လှုပ်ရှားမှုနည်းပြီး ထိုင်နေရတဲ့ ဘဝနေထိုင်မှု ပုံစံကလည်း သင့်ဝမ်းဗိုက်နေရာမှာ အဆီပိုတွေ စုလာစေနိုင်ပါတယ်။ ဒါက တီဗီရှေ့မှာ အချိန်ကြာကြာထိုင်သူတွေ၊ ကွန်ပျူတာရှေ့မှာ အချိန်ကုန်တတ်သူတွေ၊ အမြဲထိုင်ပြီး စာရေးနေသူတွေမှာ အဖြစ်များပါတယ်။ ဒီလိုအထိုင်များတဲ့ သူတွေအနေနဲ့ ပုံမှန်လေ့ကျင့်ခန်း တစ်ခုခုကိုတော့ အချိန်ပေးပြီး လုပ်ဆောင်ဖို့လိုပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သဲသဲ
Arogyam magazine, Septmber 2015, Pg. 190