Print

ကိုယ်ခံစွမ်းအားယိုယွင်းမှုဆိုင်ရာရောဂါ (Lupus)၏ လက္ခဏာများ

  24-Feb-2017
Preview Image

 

Lupus ရောဂါမှာ ကိုယ်ခံစွမ်းအားယိုယွင်းမှုဆိုင်ရာရောဂါ systemicLupus erythematosus(SLE)ကို အတိုကောက်ခေါ်ဝေါ်ခြင်းဖြစ် သည်။ ယင်းရောဂါ၏ရောဂါလက္ခဏာများကို အခြားရောဂါများအ ဖြစ်မှားယွင်းထင်မှတ်နိုင်သဖြင့် ရောဂါဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရန် နှစ်ပေါင်းများစွာကြာနိုင်သည်။ Lupus ရောဂါမှာ ဖြစ်ပွားမှုနည်းသော ရောဂါမျိုးမဟုတ်ဘဲ အမျိုးသမီးအများစုဖြစ်ပွားလေရှိသည်။ သို့သော် Lupus ရောဂါကို အဆစ်အမြစ်ရောင်ရောဂါ(သို့မဟုတ်)အခြားရောဂါတစ်ခုခုအဖြစ် မှားယွင်းယူဆခံရလေ့ရှိသည်။ ထို့ပြင် Lupus ရောဂါကဲ့သို့ရောဂါ လက္ခဏာများပြသခြင်းမှာ တစ်ခါတစ်ရံတွင် ဗိုင်းရပ်စ်တစ်မျိုး ကြောင့်လည်းဖြစ်နိုင်သည်။ အကယ်၍ လူနာတစ်ယောက်တွင် အောက်ဖော်ပြပါ ရောဂါ လက္ခဏာများအနက် ၄ မျိုးပြသနေလျှင် Lupus ရောဂါဖြစ်နေပြီဟု ပြောနိုင်သည်။

 

သာမန်အားဖြင့် လိပ်ပြာပုံစံအင်ပျဉ်များ ပါးနှစ်ဖက်နှင့် နှာ ခေါင်းတွင် ထွက်ပေါ်နေခြင်းမှာ Lupus ရောဂါ၏လက္ခဏာများအ နက် တစ်ခုဖြစ်သည်။ Lupus ရောဂါသည် ၃၀ ရာခိုင်နှုန်းတွင် ယင်း ကဲ့သို့ အင်ပျဉ်ထလေ့ရှိသည်။နေရောင်ခြည်(သို့မဟုတ်)သဘာဝနှင့်တူအောင် ဖန်တီးထား သော အလင်းရောင်ပင်ဖြစ်စေ ခရမ်းလွန်ရောင်ခြည်ပုံစံ အခြားအ လင်းရောင်များနှင့်ထိတွေ့ပါက Lupus ရောဂါရှင်၏လိပ်ပြာပုံ အင် ပျဉ်များကို အခြေအနေပိုဆိုးလာစေသည်။ ခန္ဓာကိုယ်၏အခြားအ စိတ်အပိုင်းများတွင်လည်း နာကျင်သည့်ဝေဒနာ ခံစားရလေ့ရှိပြီး အထူးသဖြင့်နေရောင်ထိသည့်နေရာတွင် နာကျင်တတ်သည်။ Lupus ရောဂါ၏ ကြုံတွေ့ရမှု အများဆုံးရောဂါလက္ခဏာများ အနက် တစ်ခုမှာခံတွင်းပြည်တည်နာဖြစ်ပွား ခြင်းဖြစ်သည်။ သို့ သော် ပို၍ သေချာစေသော အချက်မှာ ယင်းပြည်တည်နာကြောင့် နာကျင်မှုမရှိခြင်းပင်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ အနာများ မှာ နှာခေါင်းထဲတွင်လည်း ဖြစ်ပေါ်နိုင်သည်။အရိုးအဆစ်များ နီမြန်းရောင်ရမ်းပြီးပျော့နေခြင်းမှာလည်း Lupus ရောဂါ၏လက္ခဏာတစ်ခုဖြစ်သည်။ နှလုံး(သို့မဟုတ်)အဆုတ်၏အနားကွပ်တစ်လျှောက် ရောင် ရမ်းခြင်းမှာလည်း Lupus ရောဂါ၏
လက္ခဏာတစ်ခုဖြစ်နိုင်သည်။

 

သို့သော် ယင်းအခြေအနေနှစ်ရပ်စလုံးကို ဗိုင်းရပ်စ်ကြောင့်ဖြစ်သော နာမကျန်းဖြစ်သူများတွင် ပိုတွေ့မြင်ရလေ့ရှိသည်။ဆီးတွင် ပုံမှန်တွေ့နေကျမဟုတ်သော သွေးဆဲလ်အသေးစား များနှင့် ပရိုတိန်းများတွေ့ရခြင်းမှာ Lupus ရောဂါ၏လက္ခဏာတစ်ခု ဖြစ်သည်။ ယင်းအခြေအနေမှာဆီးလမ်းကြောင်းရောဂါပိုးဝင်သော ရောဂါ၊ ကျောက်ကပ်ကျောက်တည်သောရောဂါတို့၏လက္ခဏာများနှင့်ဆင်တူသည်။ Lupus ရောဂါကြောင့် ဦးနှောက်နှင့်အာရုံကြောစနစ် ပြဿသနာအမျိုးမျိုးဖြစ်နိုင်ပြီး စိုးရိမ်ကြီးခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အမြင်အာရုံ ပြဿနာများ ပါဝင်သည်။ သို့သော် လေဖြတ်ခြင်းနှင့် စိတ်ဝေဒနာ ခံစားရပါက Lupus ရောဂါ ဖြစ်နေကြောင်း သေချာသလောက်ဖြစ် နိုင်သည်။ Lupus ရောဂါသည်များသည်
သွေးအားနည်းခြင်း(သို့မဟုတ်) သွေးနီဥမလုံလောက်ခြင်းများ ဖြစ်ပေါ်လေ့ရှိသည်။ ထို့ပြင် Lupus ရောဂါသည်များ၏အရေပြားပေါ်တွင် အကွင်း လိုက်ပုံစံ အင်ပျဉ်များ ဖြစ်ပေါ်လေ့ရှိပြီး မျက်နှာ၊ ဦးခေါင်းခွံနှင့်လည် ပင်းနေရာတို့တွင် အဓိကဖြစ်ပေါ်ကာ အမာရွတ်များ ကျန်နေလေ့ရှိ သည်။ ခန္ဓာကိုယ်ထဲရှိရောဂါဘယ တိုက်ဖျက်ပေးသော ပရိုတိန်းဓာတ်ကို စစ်ဆေးခြင်းဖြင့်လည်း Lupus ရောဂါ ရှိ၊ မရှိ သိရှိနိုင်သည်။ သို့သော် သွေးစစ်ဆေးမှုခံယူခြင်းဖြင့် ယင်းရလဒ်ကို ပိုမိုသေချာစေနိုင်မည်ဖြစ်သည်။ 

 

Ref:
7 days daily news journal
No.869 Sunday, September 27, 2015
Source: Health.com



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18