Print

ဘာကြောင့် ဝလာတာလဲ

  24-Feb-2017
Preview Image

 

ဘာဖြစ်လို့ ဝလာတာလဲ။ ဘာကြောင့်လဲဆိုတာကို စဉ်းစားကြည့်လိုက်ရအောင်။ အဓိကကတော့ အစားအသောက်နဲ့ဆိုင်ပါတယ်။ များသောအားဖြင့်် ဝိတ်မကျတာက နေထိုင်စားသောက်ပုံက လိုအပ်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဘာကြောင့် ဝလွယ်တာလဲဆိုတာကို ရှင်းပြမယ်နော်။ ဘယ်နှစ်ချက် ကိုယ်နဲ့ကိုက်ညီလဲဆိုတာကို ကြည့်ရအောင်နော်။

 

အပြင်စာတွေစားတာများခြင်း

အိမ်မှာ ချက်စားတာထက် အပြင်မှာ ဝယ်စားတာများနေရင်တော့ ဝလွယ်နိုင်ပါတယ်။ ဆိုင်မှာစားရင်ကယ်လိုရီက များတတ်ပါတယ်။ဒါကြောင့် နေတိုင်းအပြင်မှာစားနေရင်တော့ တစ်နေ့စားရမယ့် ကယ်လိုရီကို ကျော်လွန်သွားတတ်ပါတယ်။ ဆီများတဲ့အစာ၊ အချိုတွေချည်းပဲစားနေရင် အစာကျေရန်လည်း မလွယ်ပါ။သွေးလည်ပတ်မှုကို နှေးစေသလို အဆီတက်စေနိုင်တဲ့ အဓိက အကြောင်းရင်းသာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အပြင်စာကို လျှော့ပြီး အိမ်မှာ ဟင်းလေးတွေကို စားကြည့်ပါ။

 

အိပ်ချိန်နည်းခြင်း

ဝလွယ်တာက အိပ်ချိန်နည်းတာလဲ အကြောင်းရင်းတခုပါ။ အိပ်ချိန်နည်းရင် နည်းသလောက် ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ အခြေခံစွမ်းအင်တွေ နည်းပါးလာပါလိမ့်မယ်။ ကိုယ်ခံအားကျဆင်းတဲ့အတွက် အဆီတွေ လောင်ကျွမ်းစေနိုင်ဖို့ရန်လည်း ခက်ခဲပါလိမ့်မယ်။ ်အနည်းဆုံး ၇ နာရီလောက် အိပ်သင့်ပါတယ်။ ဘယ်လောက်ပဲ အလုပ်များပါစေ။ အိပ်ချိန်ကို ရအောင်ယူထားသင့်ပါတယ်။ အကောင်းဆုံးကတော့ ည ၁၀ နာရီကနေ မနက် ၂ နာရီအတွင်း အိပ်နိုင်အောင် ကြိုးစားပါ။ ဒီအချိန်မှာ ကိုယ်ခန္ဓာ ထွားကျိုင်းစေနိုင်သော ဟိုမုန်းက အလုပ်လုပ်တဲ့အချိန်ဖြစ်တာကြောင့်ပါ။

 

အားကစား အားနည်းခြင်း

လူကြီးဖြစ်လာတဲ့အခါ အားကစားလုပ်ချိန်ကလည်း နည်းလားပါလိမ့်မယ်။ အားကစားမလုပ်တဲ့အတွက် ကြွက်သားတွေလည်း အားနည်းလာပါလိမ့်မယ်။ ဒီအတွက် အကျိုးကတော့ ကိုယ်ခံစွမ်းအားကျဆင်းလာပါလိမ့်မယ်။ ကိုယ်ခံအားကျလာတဲ့အတွက် အစာချေတဲ့အချိန်မှာ သာမန်ထက်အချိန်ကြာလာတဲ့အတွက် ကိုယ်ခန္ဓာမှာ အဆီပိုများ လာတတ်ပါတယ်။ အားကစားလုပ်ရတာကို မကြိုက်တာတောင် နေ့တိုင်း လမ်းလျှောက် တာပဲဖြစ်ဖြစ်၊ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်သင့်ပါတယ်။ အားကစားလုပ် တာကြောင့် ကြွက်သားတွေ ပြန်လည် ကျန်းမာလာတာနဲ့အတူ မလိုအပ်တဲ့အဆီတွေ ကိုလည်း ကျဆင်းစေမှာပါ။ ဒါကြောင့် နေ့တိုင်း အားကစား နည်းနည်းလုပ်သင့်ပါတယ်။

 

ရေဓါတ်နည်းခြင်း

ဝနေသောသူရဲ့ ကိုယ်ခန္ဓာအတွင်းမှာ ကျန်းမာရေးအတွက် အနှောက်အယှက်ဖြစ်စေသော အဆိပ်အတောက်တွေများနေပါလိမ့်မယ်။ ဒီအဆိပ်အတောက်တွေကိုလျှော့နည်းသွားစေဖို့ရန် ရေများများသောက်ရန်လိုအပ်ပါတယ်။ တစ်နေ့အတွက် ၁လီတာကနေ ၁.၅ လီတာ လောက် ရေကို သောက်သင့်ပါတယ်။

 

မနက်စာ မစားခြင်း

မနက်ဆို အရမ်းကို အလုပ်ရှုပ်နေတတ်တာကြောင့် မနက်စာ စာဖို့ရန် ပျင်းနေတာ မဟုတ်လား။ မနက်စာဟာ တနေ့တာအတွက် လိုအပ်တဲ့ အင်အားတွေကို ဖြည့်တင်းပေးခြင်းနဲ့အတူ အစားများသွားတာကိုလည်း ထိန်းပေးနိုင်ပါတယ်။ မနက်စာကို သေသေချာချာ စားသင့်ပါတယ်။ မစားရင် ဝလာပါလိမ့်မယ်။

 

ထမင်းစားချိန် မမှန်ခြင်း

မနက်၊ နေ့လည်၊ ညစာကို အချိန်နဲ့မစားရင်တော့ ဝလာမှာ အမှန်ပါ။နေ့လည်စာက နောက်ကျတော့ ညစာလည်း နောက်ကျသွားမှာပါ။ ညစာနောက်ကျတော့ အစာကြေစေဖို့ရန် ခက်ခဲပြီး ဝလာပါလိမ့်မယ်။ ဒါကြောင့် ညစာကို တတ်နိုင်သလောက်စောစောစားသင့်ပါတယ်။ကဲ ဘယ်လိုလဲ။ ကိုယ်နဲ့ ဘယ်နှစ်ချက်ကိုက်နေသလဲဆိုတာကို သိပြီးဖြစ်မှာပေါ့။ အချိန်ယူပြီး နေ့စဉ်နေထိုင်ပုံကို နည်းနည်းခြင်းဆီ ပြောင်းလဲယူရမှာပါ။

 

Ref: 
ChelmoTeam
September 22. 2015

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18