Print

လေပွခြင်းကို သက်သာစေမည့် နည်းလမ်းအချို့

  24-Feb-2017
Preview Image

 

အစာခြောက်တွေကို အစားများ တာကြောင့် အစာမကြေဘဲ လေပွတာ မျိုးတွေ ဖြစ်စေတတ်ပါတယ်။ လေပွတာကို အလွယ်တကူ သက်သာစေမယ့်နည်း လမ်းတွေရှိပါတယ်။ သင်နေ့စဉ်စားနေကျ အစားအစာတွေကို သတ်မှန်ထားပြီး အစာစားပြီးတိုင်း ဖြစ်ပေါ်တတ်တဲ့ သင့် ကျန်းမာရေး အခြေအနေကို လေ့လာနိုင် ပါတယ်။ နေ့တိုင်း လေပွ တယ်လို့ခံစား နေရရင် သင်စားနေကျ အစားအစာတွေ ရဲ့ အစာစား နည်းပုံစံကို ငါးရက်လောက် ပြောင်းကာ စားပေးပါ။ရေများများသောက်ပါတစ်နေ့တာ အတွက် လိုအပ်တဲ့ရေ ပမာဏထက် နည်းတာကြောင့် အစာမ ကြေတာနဲ့ မူးဝေတာမျိုးတွေဖြစ်စေနိုင်ပါ တယ်။ တစ်နေ့ကို ရေခြောက်ဖန်ခွက်လောက်သောက်ပေးပါ။ လေပွတာကို လည်း သက်သာစေနိုင်ပါတယ်။ မနက်စာစားပါ။ အုတ်ဂျုံပါဝင်တဲ့ အစားအစာတွေနဲ့ ဥအမျိုးမျိုး၊ အစေ့အဆန်၊ ဘယ်ရီသီး၊ ဒိန်ချဉ် စတာတွေကို နံနက်ပိုင်းအစားအစာ မှာ ပါဝင်အောင်စားပေးပါ။ မနက်စာစား သူတွေအနေနဲ့ တစ်နေ့တာဇီဝရုပ်ဖြစ် ပျက်မှုကို ကောင်းစေပြီး၊ စွမ်းအင်တွေကို လည်း ရရှိစေနိုင်ပါတယ်။အစာအချို့ကို လျှော့စားပါ။ အရောင်ချွတ်ထားပြီး ဖြူဖွေး အောင်ပြုလုပ်ထားတဲ့အစားအစာတွေ၊ သကြား၊ ကော်ဖီနဲ့ အယ်လ်ကိုဟောပါ ဝင်တဲ့ဖျော်ရည်တွေကို လျှော့သောက် ပေးပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်း ချက်နည်းဖြစ်စေဖို့ စာအုပ်တွေ ကိုလေ့လာပြီး ချက်ပြုတ်ပါ။

 

ဖိစီးမှုနည်းပါစေစိတ်ဖိစီးမှုကြောင့် သင့်လေပွ စေတာမျိုး မဟုတ်ပေမယ့်။ စိတ်ဖိစီးမှု ကြောင့် အစာစားမှားရာကနေ လေပွစေ တတ်ပါတယ်။ စိတ်ဖိစီးမှုလျော့ပါးစေဖို့ လမ်းလျှောက်လေ့ကျင့်ခန်း၊ တရားထိုင် တဲ့လေ့ကျင့်ခန်း၊ယောဂလေ့ကျင့်ခန်း တွေနဲ့ အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ် တဲ့လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေး ပါ။ အချိန်ပြည့်ဆိုသလို လေ့ကျင့်ခန်းပြု လုပ်တာမျိုးမဟုတ်ဘဲ စိတ်ကိုပျော်ရွှင်စေ ဖို့ကို ဦးစားပေးပြီးလေ့ကျင့်ပေးပါ။ လေ့ လာမှုတွေအရ အပေါင်းအသင်းတွေနဲ့အ တူ လမ်းလျှောက် လေ့ကျင့်ခန်းပြုလုပ်တာ ကြောင့် စိတ်ကိုပျော်ရွှင် စေနိုင်ပြီး တစ် ရက်မှာ ခြေလှမ်းပေါင်း တစ်သောင်း ကျော်လောက် လျှောက်ပေးသင့်တယ်လို့ ဆိုပါတယ်။အခြားကုသမှု နည်းလမ်းများမှာလက်ဖက်စိမ်း လက်ဖက်ရည် ပှုပှုသောက်တာမျိုး၊ လာဗန်ဒါအရွက်ကို ရေ နွေးပူပူနဲ့ သောက်တာမျိုးတွေက လေပွ တာကို သက်သာစေနိုင်ပါတယ်။ ရေချိုး ဆားနဲ့ ရေခပ်နွေးနွေးထဲမှာစိမ်ချိုးပါ။ ကိုယ်ဝန်ဆောင်သည်ဆိုရင်တော့ရေနွေး နဲ့ စိမ်ချိုးတာကို ရှောင်သင့်ပါတယ်။ ဆရာဝန်နှင့် တိုင်ပင်ပါ။အစာစားနည်းပုံစံ ပြောင်းလဲပြီး ငါး ရက်နဲ့ ၁၀ ရက်ကြာတဲ့ အထိ လေပွတာ က မသက်သာဘူးဆိုရင်တော့ နားလည် တဲ့ဆရာဝန်တစ်ဦးရဲ့ အကြံကိုယူသင့်ပါ တယ်။ သင့်မှာ တခြား ကျန်းမာရေးပြဿ နာတွေမရှိဘူး ဆိုရင်တောင် ဝေဒနာ သက်သာစေဖို့ တိတိကျကျ ကုသမှုပေး နိုင်ပါလိမ့်မယ်။

 

Ref:
လမင်းလေး
Good Health
ကျန်းမာရေးအတွက်ဆေးတစ်ခွက်
Myawady Health
August 28 •2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18