Print

ဝမ်းချုပ်သူများအတွက် ဝမ်းမှန်ဆေး

  24-Feb-2017
Preview Image

 

မကြာခဏ ဝမ်းချုပ်တတ်သူများအတွက် သဘာဝ ဝမ်းမှန်ဆေးနည်းလေးကို ညွန်ပေးလိုက်ပါတယ်။ဆေးနည်းက လွယ်ကူပြီး ဘေးကင်းတဲ့ ဆေးနည်းလေးပါပဲ။ ဝမ်းနှုတ်ဆေးမဟုတ်ပဲ ဝမ်းကို ပုံမှန်ဖြစ်စေရန်သာ ဖြစ်ပါတယ်။ ဆေးနည်း-


(၁) သစ်ကြားသီး တစ်ခြမ်းကို နှမ်းနက် လက်ဖက်ရည်ဇွန် ၁ ဇွန်းနှင့်အတူ ရော၍ ထောင်းပါ။
(၂) ၄င်းအမှုန့်ကို ရေတစ်ဖန်ခွက်နှင့် အိပ်ယာထချိန်မှာ သောက်ပေးပါ။
(၃) ဆက်တိုက် ၃ ရက်ခန့် သောက်ပေးပါ။ ဝမ်းကို ပုံမှန်သွားစေမည်။ ဝမ်းပုံမှန် သွားနေပါက မသောက်ပဲ ရပ်ထားပါ။

 

ဝမ်းအလွန်ချုပ်သူများ သစ်ကြားသီးကို တစ်လုံးနှင့် နှမ်းနက်ကို ၂ ဇွန်းခန့် သုံးနိုင်ပါသည်။ ဝမ်းနှုတ်ဆေးမဟုတ်သည့်အတွက် အသည်းကို မထိခိုက်စေပါ။ ဘေးထွက်ဆိုးကျိုး မရှိသည့် သဘာဝဆေးနည်းကောင်းလေးပါ။ ဝမ်းမှန်၊ ဆီးမှန်၊ အစာကြေ၍ ကျန်းမာဝဖြိုးကာ ခွန်အားတိုးစေပါသည်။

 

Ref:
စောနွဲ ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ မြန်မာ့တို့အတွက်ဆေးမြီးတိုများ
Myawady Health
August 28.2015
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18