Print

LED မီးရောင်များသည် မျက်စိကို ထိခိုက်စေနိုင်ကြောင်း သုတေသီများ တွေ့ရှိ...

  24-Feb-2017
Preview Image

 

မက်ဒရစ် ၊ ၂၅-၁၂-၂၀၁၄စပိန်နိုင်ငံ မက်ဒရစ်မြို့ ၌ တည်ရှိသော Complutense တက္ကသိုလ်မှ အမြင်အာရုံ သုတေသီ ဒေါက်တာ Sanchez-Ramos က သူမ၏ ရှာဖွေတွေ့ရှိမှုအရ LED မီးရောင်မှ ဖြာထွက်သော စွမ်းအားမြင့် အလင်းတန်း များကြောင့် လူတို့ မျက်လုံး၏ retinas အလွှာကို ထိခိုက် စေနိုင်ကြောင်း ပြောပြခဲ့သည်ဟု သိရသည်။လျှပ်စစ်စွမ်းအင် ချွေတာသော LED နည်းပညာသည် လျှပ်စစ်စွမ်းအင် သုံးစွဲမှုလျှော့ပေါ့ရေးကို အထောက်အကူ ပြုသဖြင့် နေအိမ်များတွင် သုံးစွဲရန် နှင့် ရောင်းဝယ်ဖောက်ကားရန် အတွက် လူကြိုက် များရသည်။ သို့သော်လည်း LED မီးမှ ထွက်ပေါ်သောအလင်းရောင် များမှာ မျက်စိနှင့် တိုက်ရိုက် ထိတွေ့ပါက မျက်လုံး၏ မျက်စိကြောများ ကို ထိခိုက် စေနိုင်သည့် အန္တရာယ်များ ရှိကာ တစ်ခါတစ်ရံ ၄င်းတို့ကို ပြန်လည်ကုသ၍ မရကြောင်း Complutense တက္ကသိုလ်မှ အမြင်အာရုံ သုတေသီ တစ်ဦးက ဆိုသည်။ LED ( Light - emitting diodes ) မီးတို့မှ ထွက်ပေါ်သော မီးရောင်များမှာ လူတို့ တွေ့မြင်ရသည့် ရောင်စဉ်တန်း မှ စွမ်းအားမြင့် အလင်းတန်းများ ဖြစ်သော အပြာရောင်နှင့် ခရမ်းရောင် ရောင်ခြည်တို့ ပါဝင်သည်။

 

LED မီး၏ အန္တရာယ်မှာ နေ့စဉ်နှင့် အမျှ တိုးတက် လာနေသော နည်းပညာ စက်ပစ္စည်း များကြောင့် သုံးစွဲ သူများနှင့် အထူးသဖြင့် ကလေးငယ် များတွင် မျက်လုံး ထိခိုက်မှု များကို ပိုမိုဖြစ်လာ စေနိုင်ကြောင်း သုတေသီ ဒေါက်တာ Sanchez Ramos က ဆိုသည်။ ကွန်ပျူတာ မော်နီတာများ၊ မိုဘိုင်းဖုန်းများ၊ တီဗွီ ဖန်သားပြင်များ နှင့် အိမ်တွင်း အိမ်ပြင်တွင် တွေ့မြင်ရသော LED မီးတို့ကို ဆက်တိုက် အချိန်ကြာ ကြည့်ရှု သုံးစွဲခြင်းက မျက်လုံး၏ retina ဆဲလ်များကို ထိခိုက် စေနိုင်သည်။ဒေါက်တာSanchez Ramos က လူသားတို့၏ မျက်လုံးမှာ မီးရောင်ကို တည့်တည့် ကြည့်ရှုနိုင်ရန် အတွက် ဖန်တီးထားခြင်း မဟုတ်ဘဲ မီးရောင်နှင့် အတူ ကြည့်ရှုနိုင်ရန် အတွက် ဖန်တီးထားခြင်း ဖြစ်သည်ဟု ပြောပြသည်။ လူသားတို့သည် တစ်နှစ်လျှင် ခန့်မှန်းခြေ အားဖြင့် နာရီ ၆ဝဝဝ ခန့် မျက်လုံးကို အသုံးပြုရကာ မျက်လုံး အသုံးပြုသည့် အချိန် အများစုတွင် ဖန်တီးထားသော မီးရောင်အတု များဖြင့် ထိတွေ့ နေရလေ့ရှိသည်။ ထို့ကြောင့် မိမိတို့ မျက်လုံး၏ retinas အလွှာ ပျက်စီးမှုကို ကာကွယ်နိုင်ရန် ဗီတာမင် A ကြွယ်ဝသော အစားအစာများ စားသုံးပေးခြင်း နှင့် အရည်အသွေး ကောင်းမွန်သော နေကာ မျက်မှန်များ ဝတ်ဆင်ရန် ဒေါက်တာ Sanchez Ramos က တိုက်တွန်း ထားကြောင်း သိရသည်။

 

Ref:
Yadanarpondaily
Friday, December 26, 2014

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18