Print

လူသားတွေအနေနဲ့ တစ်နေ့ကို ၆ နာရီခန့် အိပ်ရုံနဲ့တင် ကျန်းမာရေး ကောင်းမွန...

  24-Feb-2017
Preview Image

 

အကယ်၍ သင်ဟာ မနေ့ညကတော့ ၆ နာရီပဲ မျက်လုံးပိတ် အိပ်စက်လိုက်ရတယ်။ ဒါပေမယ့်လည်း ဒါဟာ အိပ်ရေးပျက်သွားတယ်လို့ မဆိုနိုင်ပါဘူး။ တစ်ချို့ က လူသားတွေဟာ တစ်ညကို ၈ နာရီခန့် အိပ်စက်မှ အိပ်ရေးဝတယ်လို့ ဆိုကြပေမယ့်လည်း တစ်ကယ်တမ်းတော့ ၆ နာရီကနေ ၇ နာရီ အထိ အိပ်စက်တာဟာ သဘာဝ ပမာဏ ပဲ ဖြစ်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပိုဆိုးတာကတော့ ခေတ်သစ်လူနေမှု ဘဝတွေဟာ ကျွန်ုပ်တို့ရဲ့ တန်ဖိုးရှိလှတဲ့ အိပ်ချိန်တွေကို ခိုးယူနေတာပါပဲ။ အိပ်ချိန်နည်းနည်းပဲ ရှိသူတွေကိုအေးဆေးအနားယူသင့်ကြောင့် အကြံပေးရင်းနဲ့ အမေရိကန်ပြည်ထောင်စုက သုတေသီတွေက အခုလိုပြောပြခဲ့ပါတယ်။ "ငါတို့ဟာ အိပ်ဆေးတွေသောက်နေရတယ်ဆိုတာဟာ မဖြစ်သင့်တဲ့အရာပါ။ ဘာကြောင့်သောက်နေရလဲဆိုရင် ငါတို့ရဲ့ အိပ်ချိန်တွေဟာ လျှပ်စစ် ၊ တီဗွီ ၊ အင်တာနက် စတာတွေကို ကျယ်ပြန့်စွာ သုံးနေတဲ့အတွက် အိပ်ချိန်တွေနည်းလာရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်ရှိတဲ့အချိန်တွေကို အိပ်ဆေးသောက်ပြီး အိပ်နေရတာပါလို့ဆိုပါတယ်။


ဒီစကားတွေက လော့အိန်ဂျလိစ်မြို့မှာရှိတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်က သိပ္ပံ ပညာရှင်တွေဟာ ရိုးရှင်းတဲ့ ကျေးလက်နေပြည်သူတွေကို အဖွဲ့ ၃ ဖွဲ့ခွဲပြီး သူတို့ရဲ့ အိပ်ပုံအိပ်နည်းတွေကို လေ့လာခဲ့ပြီးမှာ အခုလိုထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။ Namibia နိုင်ငံက The San ကျေးရွာ ၊ Tanzania နိုင်ငံ Hazda ကျေးရွာ နဲ့ Boilivia နိုင်ငံက Tsimane ကျေးရွာတို့ဟာ သူတို့ရဲ့ ရိုးရာလူနေမှု ပုံစံတွေကြောင့်လေ့လာဖို
့ရွေးချယ်ခံခဲ့ရပါတယ်။ ထို ကျေးရွာတွေမှာနေထိုင်တဲ့ အရွယ်ရောင်ပြီးသူ ၉၄ ယောက်ကို သူတို့ရဲ့ အိပ်ချိန် လမ်းလျှောက်ချိန်တွေ မှတ်တမ်းတင်နိုင်မယ့် နာရီကဲ့သို့သော ကိရိယာတွေ အသုံးပြုကာ ရက်ပေါင်း ၁၀၀၀ ခန့် အချက်အလက်တွေ စောင့်ကြည့်ရယူခဲ့ကြပါတယ်။ ထို လေ့လာခံ
ခဲ့ရတဲ့ လူရိုင်းအသွင် ရိုးရှင်းတဲ့ ကျေးလက်နေပြည်သူတွေဟာ တစ်ညကို ၇ နာရီခန့်သာ ပျမ်းမျှအိပ်ကြတာဖြစ်ပြီး များသောအားဖြင့်တော့ ၆ နာရီ နဲ့ ၂၅ မိနစ်သာ အိပ်စက်ကြ ပါတယ်။

 

အနောက်နိုင်ငံတွေရဲ့ လမ်းညွှန်ချက်လို တစ်ညကို ၈ နာရီ ပြည့်အောင် မအိပ်ကြ ပါဘူး။ ဒါပေမယ့်လည်း ထို ကျေးလက်နေပြည်သူတွေဟာ ကျန်းမာရေး ကောင်းမွန်ကြတာကိုတွေ့ရပြီး သူတို့ဟာ လူနေမှု အဆင့်အတန်း မြင့်မားသူတွေထက် အဝလွန်ခြင်း ဖြစ်နိုင်ချေနည်းပြီး ၊ သွေးအား ပိုမိုကောင်းမွန်သလို ပိုမို ကျန်းမာတဲ့ နှလုံးတွေလည်း ရှိကြတယ်လို့ သိရပြီး သူတို့ဟာလည်း ပိုမို ကြံ့ခိုင်သန်မာ ကြတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ဒီလေ့လာမှု က ဖော်ပြခဲ့တာကတော့ လူသားတွေအနေနဲ့ တစ်နေ့ကို ၆ နာရီခန့် အိပ်ရုံနဲ့ တင်လုံလောက်ပြီး ခေတ်သစ်လူနေမှု ဘဝ ရဲ့ အသုံးအဆောင် ပစ္စည်းတွေကိုသာ သုံးစွဲမှု လျှော့ချသင့်တာဖြစ်တယ်လို့ သုတေသီတွေက အကြံပေးထားပါတယ်။ ဒီလေ့လာမှုကိုတော့ Current Biology ဆိုတဲ့ ဂျာနယ်ထဲမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

 

Ref:
Mario 
thithtoolwin.com
Friday.October16.2015
Source: 
Dailymail



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18