Print

ရေချိုးပြီး ခေါင်းအစိုနဲ့ အိပ်ယာဝင်တတ်တဲ့ သူတွေ အဲ့ဒီအကျင့်ကို ချက်ချင...

  24-Feb-2017
Preview Image

 

ဒီအကျင့်က ကျန်းမာရေးအတွက် မကောင်းပါဘူး။ ခေါင်းရေစိုကြီးကို တဘက်ကြီး ပတ်ပြီး အိပ်ရာဝင်တာကို လူအတော်များများက ကျန်းမာရေးအတွက် ဘာမှ မထိခိုက်ဘူး ထင်နေတတ်ကြပါတယ်။ တစ်ကယ်တော့ ဒီအကျင့်ကနေ ကျန်းမာရေးနဲ့ ပတ်သတ်လို့ မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာစေပါတယ်။

 

၁။ ခေါင်းကိုက်စေတယ်။ အိပ်စက်နေချိန်မှာ လူရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ သာမန်ထက်မြင့့်ပါတယ်။ ဒီတော့ တဘက်ပတ်ထားတဲ့ ခေါင်းရေစိုကလည်း အပူများနေမှာပါ။ အဲ့ဒီကနေပဲ အိပ်စက်နေရင်း ခေါင်းကိုက်စေတတ်ပြီး ခေါင်းကိုက်ဝေဒနာ စွဲတတ်ပါတယ်။

 

၂။ ဘက်တီးရီးယားတွေ ပေါက်ဖွားတတ်တယ်။ ခေါင်းအုံးဟာ ဘက်တီးရီယားတွေ အတွက် နေရာကောင်းတစ်ခုပါ။ ဘာလို့လဲ ဆိုတော့ ခေါင်းအုံးဟာ ချွေးစုပ်တယ်၊ အဲ့ဒီအပေါ်ကို လူ့အသားအရေက ဆဲလ်အသေတွေ၊ ခန္ဓာကိုယ်က အဆီတွေကျတာ ကြောင့်ပါ။ ဒီတော့ ခေါင်းရေစိုကနေ တဘက်ဆီကူးတယ်၊ တဘက်ကတစ်ဆင့် ခေါင်းအုံး စိုသွားတယ်၊ နောက်ဆုံး စိုစိစိ ခေါင်းအုံးက ဘက်တီးရီးယားတွေ အတွက် အေးအေးချမ်းချမ်းနေနိုင်၊ မွေးနိုင်၊ ဖွားနိုင်ဖို့ ဘုံဗိမ္မာန်ကြီးသဖွယ် ဖြစ်သွားတော့တာပေါ့။

 

၃။ ဆံပင်ကို ပျက်စီးစေတယ်။ ဆံသားဆိုတာ အလွန်နူးညံ့တာကြောင့် ပျက်စီးလွယ်ပါတယ်။ ရေစိုနေတဲ့ အချိန်ဆို ပိုပြီး ဆိုးသေးပေါ့။ ဒီတော့ ဒီအကျင့်မျိုး ပရိတ်သတ်ကြီး ဆီမှာ ရှိနေရင်တော့ အမြန်ဆုံး အကျင့်ဖျောက်နိုင်ဖို့ တင်ဆက် အကြံပြုလိုက်ပါရစေ။

 

Ref: 
ဖိုးသူတော် (www.phothutaw.com)
Credit : ဂန္တဝင် မဂ္ဂဇင်း
ကျန်းမာရေး, ဗဟုသုတ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18