Print

ခါးနာခြင်းနှင့် သိကောင်းစရာ

  24-Feb-2017
Preview Image

 

ခါးနာပျောက်လိုလျှင် အကြောင်းအရင်းကို ရှာဖွေကုသမှု ပြုသင့်ပါသည်။ ထိခိုက်ဒဏ်ရာကြောင့်သော်လည်းကောင်း မူမမှန်သော အနေအထား ဖိအားဒဏ် ကြောင့်သော်လည်းကောင်း၊ ပိုးတွယ်ကပ်ပျက်စီး၍သာ်လည်းကောင်း၊ ကင်ဆာရောဂါ ကြောင့်သော်လည်းကောင်း၊ အဆစ်ကျီးပေါင်းတက်ရောဂါ ကြောင့်သော် လည်းကောင်း ကြောညပ်ဝေဒနာကြောင့်လည်းကောင်း ဖြစ်တတ်ပါသည်။ထို့အပြင် ကိုယ်တွင်းကလီစာ အစိတ်အပိုင်းများ ရောင်ရမ်းခြင်း ရောဂါအမျိုးမျိုးကြောင့် ခါးနာဝေဒနာ ဖြစ်ပေါ်တက်စရာ ကျွမ်းကျင်သူများဖြင့် စနစ်တကျ ကုသမှုသင်ပါသည်။ အချိန်တိုအတွင်း သက်သာ ပျောက်ကင်းနိုင်သော ခါးနာရောဂါလည်း ရှိတတ်သဖြင့် ပေါ့ဆစွာ မနေဘဲ စနစ်တကျ ကုသမှု ပြုသင့်ပါသည်။ အချိန် တိုအတွင်းသက်သာပျောက်ကင်းနိုင်သော ခါးနာရောဂါ လည်း ရှိတတ်သဖြင့် ပေါ့ဆစွာမနေဘဲ စနစ်တကျ ကုသမှု ခံယူသင့်ပါသည်။ ခါးနာလျှင် ဘာလုပ်သင်ပါလဲ ခါးနာမှုကို သက်သာစေနိုင်သော အကောင်းဆုံး အနေအထားမှာ ညီညာသော မွေ့ရာပါးပါးတွင်ပက်လက်အိပ်ကာခေါင်းအုံးကိုဒူးအောက်တွင်ခုထားပေးရမည်။ ခြေထောက်ကို ထိုင်ခုံပေါ်တင်ပြီး ဒူးနှင့်ပေါင်ကို ကွေးထားရမည်။ ထိုသို့နားနေမှုကို
တစ်ရက်နှစ်ရက်ခန့် ပြုလုပ်သင့်သည်။ အိပ်ရာပေါ်တွင် စိတ်ရောကိုယ်ပါ အနားယူ သင့်သည်။ ကြွက်သားများတောင့်တင်းမှုကို သက်သာစေရန် ရေနွေးအိတ်ကိုမိနစ် ၂၀ မှ ၃ဝအထိကပ်ပေးနိုင်ပါသည်။ရေခဲကပ်ပေးခြင်းဖြင့်လည်းနာကျင်မကိုသက်သာစေနိုင်ပါသည်။ နာကျင်မှုကို သက်သာစေရန်ဆေးဝါး များကိုဆရာဝန်နှင့်တိုင်ပင်ပြီး မှီဝဲနိုင်ပါသည်။

 

ဘယ်လိုရပ်လျှင် အကောင်းဆုံးလဲ

ကြာရှည်စွာရပ်၍ အလုပ်လုပ်ရမည်ဆိုပါက သင်ဧ။် ခြေတစ်ဖက်ကို ခွေးခြေနိမ့်ပေါ်တင်ထားခြင်းအားဖြင့် ခါးတွင်ဖိအားတိုက်ရိုက်သက်ရောက်မှုကို
နည်းစေသည်။၁ဝမိနစ်၁၅မိနစ ်ကြာတိုင်းခြေထောက်ကိုဘယ်ညာပြောင်းတင်ပေးရမည်။

 

ဘယ်လိုအိပ်စက်ရမလဲ

ဘေးစောင်း အိပ်မည်ဆိုပါလျှင် ဒူးကွေ၍ ဒူးနှစ်ခုကြားတွင် ဖက်လုံးထားကာ အိပ်စက်နိုင်ပါသည်။ ပက်လက်အိပ်မည်ဆိုလျှင် ဒူးအောက်တွင် ခေါင်းအုံးထားပေး ရမည်။ ခါးအောက်တွင်လည်း ခေါင်းအုံးအသေး ထားပေးရမည်။ပျော့ အိသော မွေ့ရာများနှင့် မအိပ်စက်ပါနှင့် ။ ပက်လက်ကုလားထိုင်နှင့် မထိုင်ပါနှင့်။ 

 

ဘယ်လိုထိုင်လျှင် အကောင်းဆုံးဖြစ်မလဲ 

ထိုင်ခုံပေါ်ထိုင်မည်ဆိုပါက ဒူးကို ပေါင်ထက်အနည်းငယ်မြှင့်ရန် ခွေးခြေပေါ်တွင် ထြေထောက်ကိုတင် ထားပါ။ ခါးတစ်ခုတည်းလှည့်ခြင်းမျိုးမဟုတ်ဘဲ ခန္ဓာကိုယ် တစ်ခုလည်းလှည့်ရျ် အသုံးပြု။ ကားမောင်းနေစဉ် ထိုင်ခုံ ကိုရှေ့သို့တိုးထိုင်ပြီး ဖြောင့်မတ်စွာထိုင်ပါ။ ကြာမြင့်စွာ ကားမောင်းရမည်ဆိုပါလျှင် ခေါင်းအုံးအသေး (သို့) မျက်နှာသုတ်ပဝါကို လိပ်ပြီး ခါးနောက်တွင် ခုထားပေးသင့်သည်။ 

 

ခါးနာမှုမှ ကင်းဝေးစေရန် 

၁။ ခါးကုန်း၍ ပစ္စည်းမရန် ဒူးကွေး၍ ဆောင့်ကြောင့်ထိုင်ပါ။ နောက်ကျောကို ဖျောင့်မတ် အောင်ထားပြီး ပစ္စည်းကို မိမိနှင့် နီးကပ်အောင်ကိုင်၍ မပါ။ ခါးကိုမသုံးဘဲ ဒူးအားကို အသုံးပြုရျ်ပြန်ထပါ။ မနေစဉ် ကိုယ်ကို လိမ်မသွားအောင်ဂရုပြုပါ။ 

 

၂။ ကြာရှည်စွာ ထိုင်သည့်အခါ တင်ပါးနှင့် ကျောကို နောက်မှီနှင့် ကပ်ထားသော တည့်တည်မတ်မတ်ထိုင်ရမည်။ 

 

၃။ လေးလံသောပစည်းများကို ရွှေ့သည့်အခါ မဆွဲဘဲ တွန်းရျ် ရွှေ့ပါ။ 

 

၄။ ကြာရှည်စွာ ကားမောင်းရမည်ဆိုပါက မကြခဏ နားနေပေးရန်။ 

 

၅။ ဒေါင့်မြင့်ဖိနပ်များ မစီးရပါ။ ၆။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှု နည်းသူများတွင် ခါးပိုနာတတ်သည်။

 

အောက်ပါလက်ခဏာများရှိလျှင် ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။ 
၁။ နာကျင်မှုသည် အောက်ပိုင်းသို့ ပျံနှံ့သွားခြင်း။ 
၂။ ခြေနှစ်ဖက်စလုံး အားနည်းသွားခြင်း။ 
၃။ ခြေလက်၊ ပေါင်ခြံနှင့် စအိုတစ်ဝိုက်တွင် ထုံခြင်း။ 
၄။ ဖျားခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း။ 
၅။ ဆီဝမ်းလုပ်ငန်းများ ပုံမှန်မဆောင်ရွက်နိုင်ခြင်း။ 
၆။ နာကျင်လွန်းသဖြင့် လုံးဝမလှုပ်ရှားနိုင်ခြင်း။ 
၇။ နှစ်ပတ်၊ သုံးပတ် ကြာသည်အထိ နာကျင်မှု မသက်သာခြင်း။

 

Ref: golden genius
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18