Print

အမျိုးသားတွေ ဆံပင်သန်ဖို့ စားသင့်တဲ့ ဗီတာမင်များ

  24-Feb-2017
Preview Image

 

အမျိုးသမီးတွေလို ဆံပင်အလှအပအတွက် သီးသန့်မဟုတ်ပေမယ့် ဆံပင်ညှပ်တာ အဆင်မပြေလို့ပဲ ဖြစ်ဖြစ်၊ ဆံပင်နည်းလို့၊ ပါးလို့ပဲ ဖြစ်ဖြစ် ဆံပင်
မကောင်းသူတွေ အတွက် ဓာတုဆေးဝါးတွေ မသုံးဘဲ ဘေးထွက်ဆိုးကျိုးကင်းကင်း နဲ့ ဆံပင်သန်စွမ်းစေဖို့ လုပ်သင့်တာလေးတွေကို မျှဝေပေးချင်ပါတယ်။ ဆံပင်နည်းတဲ့ ပြဿနာကို သဘာဝ အာဟာရဓာတ်တွေ၊ ဗီတာမင်၊ သတ္တုဓာတ်တွေစားပေး ခြင်းက အကောင်းဆုံးဖြေရှင်းနည်းပဲ ဖြစ်ပါတယ်။

 

ဗီတာမင်ဘီ ၇ -ဘိုင်အို တင်လို့လည်း လူသိများတဲ့ ဗီတာမင်ဘီ ၇ ဟာ ဆံပင်နဲ့ ဦးရေပြားကျန်းမာရေးအတွက် ထောက်ကူပေးပါတယ်။ ဆံပင်တင်မကဘူး။ အရေပြားနဲ့ လက်သည်း၊ ခြေသည်းတွေ ကျန်းမာဖို့အတွက်ပါ အကျိုးပြုပါတယ်။ ဗီတာမင် ဘီ ၇ ကို ဖြည့်စွက်စားပေးမယ်ဆိုရင် ဆံပင်ရှည်နှုန်းမြန်စေသလို ထူထဲ သန်စွမ်းစေပါတယ်။ဗီတာမင်အေ - ဆံသားတွေ သန်စွမ်းတောက်ပြောင်အောင် ထောက်ကူးပေးသလို ဦးရေပြား ခြောက်သွေ့ခြင်းကင်းစေပါ တယ်။ ဗီတာမင်ဘီ- ဗီတာမင်ဘီ ၁၊ ၂၊ ၃၊ ၅၊ ၆ နဲ့ ၁၂ ဟာ ဆံပင်ကျွတ် သူ၊ ဆံပင်ပါးသူနဲ့ ထိပ်ပြောင်သူ တွေ စားပေးသင့်ပါတယ်။

 

ဗီတာမင်စီ-ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ဗီတာမင်စီဟာ ဆံပင်၊ အရေပြား၊ လက်သည်း၊ ခြေသည်းတွေသာမက ကိုယ်ခံ စွမ်းအားအတွက်ပါ အကျိုးပြုပါ တယ်။ ဗီတာမင်အီး - ဆံပင်မွေးညင်း ပေါက်နဲ့ ဦးရေပြားတစ်ဝိုက်သွေး လည်ပတ်မှု ကောင်းစေပြီး ဆံသားကျန်းမာစေပါတယ်။ ဒါ့အပြင် ဇင့်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်၊ အမိုင်နိုအက်စစ်၊ သံဓာတ်၊ အိုင် အိုဒင်းစတဲ့အား ဖြည့်ဓာတ်စာ တွေလည်း စားပေးနိုင်
ပါတယ်။ ဗီတာမင် ဆေးဝါးတွေသာမက နေ့စဉ် စားသောက်ရာမှာလည်း ဟင်းသီး ဟင်းရွက်၊ အသား၊ ငါး၊ ဥအမျိုးမျိုး၊ သစ်စေ့များ၊ ခရမ်း ချဉ်သီး၊ စတော်ဘယ်ရီ၊ ထောပတ်သီးစတာတွေ မျှတအောင် စားပေးနိုင်ပါတယ်။

 

Ref: 
ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
ကျန်းမာရေး, ဗဟုသုတ, အလှအပ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18