Print

အရက်ဖြတ်ရန် သိထားရမည့် အချက်အလက်များ

  24-Feb-2017
Preview Image

 

အရက်စွဲခြင်းမှာ ပြင်းထန်သော ရောဂါတစ်မျိုးဖြစ်ပြီး အခြားပြင်းထန်သောရောဂါများကဲ့သို့ပင် မကုသဘဲ ထားပါက ပြင်းထန်သော၊ အ သက်အန္တရာယ်ရှိနိုင်သော နောက်ဆက်တွဲပြဿနာများရှိလာနိုင် သည်။

 

ကံကောင်းသည်မှာ အရက်စွဲခြင်းအတွက် အစွမ်းထက်သည့် ကုသရေးစီမံကိန်းများရှိပြီး အစီအစဉ်တစ်ခုနှင့်တစ်ခုတွင် ပါဝင် သော အသေးစိတ်အချက်အလက်များ ကွဲပြားမှုရှိသော်လည်း အချို့အရေးကြီးသော အချက်များမှာ စီမံကိန်းအားလုံးတွင် ပါဝင်နေသည်။

 

အရက်ဖြတ်ရန်ကြိုးပမ်းခြင်းမှာ အရက်စွဲနေခြင်းကို ကိုင်တွယ် ဖြေရှင်းရန် အရေးကြီးသော ပဏာမခြေလှမ်းဖြစ်သည်။ အရက်ဖြတ်ရာတွင် ဆေးပညာအရ ကြီးကြပ်မှုကို ခံယူရလေ့ရှိပြီး ယင်းအချိန် အတွင်း ဆရာဝန်များညွှန်ကြားသည့် ဆေးဝါးများကို ရောဂါလက္ခဏာများထိန်းချုပ်နိုင်ရန် သောက်သုံးရမည်ဖြစ်သည်။

 

လူနာတစ်ဦးချင်းစီ၏ ဘေးအန္တရာယ်ကင်းရှင်းမှု သေချာစေရေး ကျန်းမာရေးပညာရှင်များက စောင့်ကြည့်မည်ဖြစ်ကာ ဆေးဝါးများအပြင် အရက်ကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများနှင့် ကုသမှုတို့နှင့်ပတ်သက်သော ဗဟုသုတများကို ပညာပေးလေ့ရှိသည်။

 

အရက်ဖြတ်ရန် ကြိုးစားရာတွင် ကြုံတွေ့ရမည့် ရောဂါလက္ခ ဏာများမှာ အန္တရာယ်ရှိနိုင်သဖြင့် အရက်စွဲနေသူအဖို့ အရက်ဖြတ် ရန် ဆေးဝါးများအသုံးပြုရေး လိုအပ်ခြင်းဖြစ်သည်။ ယင်းလက္ခဏာ များတွင် ဇောချွေးပြန်ခြင်း၊ မူးမော်ခြင်း၊ အော့အန်ခြင်း၊ တုန်တုန်ယင်ယင်ဖြစ်ခြင်း၊ စိုးရိမ်စိိတ်ကြီးခြင်း၊ စိတ်တိုတတ်ခြင်း၊ သူတစ်ပါးအပေါ် သံသယစိတ်ကြီးခြင်း၊ စိတ်ကယောင်ချောက်ချားဖြစ်ခြင်းနှင့် တက်ခြင်း စသောလက္ခဏာများပါဝင်သည်။

 

သို့သော် အရက်စွဲနေသူသည် ယင်းလက္ခဏာများအားလုံး ပြသလေ့မရှိဘဲ ရောဂါလက္ခဏာများမှာ အတန်အသင့်မှနေ၍ ပြင်းထန်လေ့ရှိသည်။

 

အစဉ်သဖြင့် အရက်ဖြတ်လျှင် ဆေးရုံတက်၍ ဖြတ်ရလေ့ရှိပြီး ပြန်လည်ထူထောင်ရေးအစီအစဉ်များလည်း ပါဝင်သည်။နေအိမ်တွင် အရက်ဖြတ်သော အစီအစဉ်များမှာ ဆေးရုံ၌ အရက်ဖြတ်ခြင်းထက် ပိုကြာရှည်လေ့ရှိသည်။

 

Ref;
ကျန်းမာရေး, ဗဟုသုတ 
ဖိုးသူတော် (www.phothutaw.com)
Source : 7Day Daily

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18