လျှာကိုသန့်စင်စေတဲ့ နည်းလမ်း
25-Feb-2017
လျှာပဲသူဘာသာပါးစပ်ထဲနေတာ ဘာဖြစ်မှာလဲလို့ တွေးကောင်း တွေးမိကြ ပါလိမ့်မယ်။ လျှာအရောင်ဖြူဖြူကြီးဆိုရင် လျှာမှာမက္ခရု ဖြစ်နေတာလား၊ တခြားရောဂါ တစ်ခုခုရဲ့ အကျိုးဆက်လားဆိုတာ သတိထားဖို့လိုသလို ရေဓာတ်ကုန်ခန်းတဲ့အခါ၊ ခံတွင်းခြောက်တဲ့အခါ၊ ဖျားနေတဲ့အခါ မျိုးတွေမှာလည်း ဖြစ်တတ်တာမို့ လျှာရဲ့ ပုံမှန် အရောင် ပန်း ရောင်လေးဖြစ်ပြီး ကျန်းမာသန့်ရှင်းနေစေဖို့ လုပ်နိုင်တာလေးတွေ ကို ဖော်ပြပေးလိုက်ပါတယ်။
မုန့်ဖုတ်ဆော်ဒါ - အရိုးရှင်းဆုံးနဲ့ အသက်သာဆုံးနည်းလမ်းက တော့ မုန့်ဖုတ်ဆော်ဒါ အနည်းငယ် ခပ်ပျစ်ပျစ်လေးလုပ်ထားတဲ့ အနှစ်ကို သွားပွတ်တံမှာသုတ်ပြီး လျှာကို ပွတ်တိုက်ဆေးကြောပေး ရင် အဖြူအနှစ်ဖတ်တွေကို သန့် စင်ပြီးသား ဖြစ်စေပါတယ်။
ဟင်းသီးဟင်းရွက်အလှဆီ၊ အုန်း ဆီ - သွားပွတ်တံကို ဟင်းသီး ဟင်းရွက်အလှဆီ (ဒါမှမဟုတ်)အုန်းဆီထဲကို နှစ်ပြီး လျှာကိုဆေး ကြော၊ ပြီးရင် ရေခပ်နွေးနွေးလေး နဲ့ ပလုတ်ကျင်းပေးနိုင်ပါတယ်။
ပင်လယ်ဆား - သဘာဝပိုးသတ် ဆေးလို့ဆိုနိုင်တဲ့ ပင်လယ်ဆားကို သွားပွတ်တံလေးရေ စွတ်ပြီး လျှာ ကို ပွတ်တိုက်ဆေးပေးမယ်ဆိုရင် လျှာသာမက ခံတွင်းတစ်ခုလုံးသန့် စင်စေကာ ခံတွင်းအနံ့ဆိုးတွေကို ပါ ဖယ်ရှားပြီးသား ဖြစ်စေပါတယ်။ နောက် ပြီး ရေခပ်နွေးနွေးလေးထဲ ကို ပင်လယ်ဆားခတ်ပြီးတော့ လည်း သဘာဝခံတွင်း သန့်ဆေး ရေဖန်တီးနိုင်ပါသေးတယ်။
ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် - ခံတွင်းအနံ့ဆိုးသန့်စင်ဖို့အတွက် နဲ့ လျှာကိုသန့်စင်ဖို့ အတွက် ဟိုက် ဒရိုဂျင်ပါအောက်ဆိုက်ကို သုံးနိုင် ပါတယ်။
ရှားစောင်းလက်ပပ် - လျှာက ဆဲလ်သေတွေနဲ့ ဗက်တီးရီးယားတွေကို သန့်စင်ပေးနိုင် စွမ်းရှိပါတယ်။
နနွင်း - နနွင်းမှုန့်အနည်းငယ်ထဲကို သံပရာရည်ညှစ်ထည့်ပြီး အနှစ် လုပ်ပြီးတဲ့အခါ သွားပွတ်တံနဲ့ ပွတ်တိုက်ပြီး ဆေးကြောပေးနိုင်ပါ တယ်။ ရေတစ်ဖန်ခွက်ထဲကို နနွင်းမှုန့်လက်ဖက်ရည်ဇွန်းဝက်ထည့် ဖျော်ပြီး ခံတွင်းသန့်ဆေးအဖြစ် သုံးနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: Healthdigezt