Print

ဆေးများကို ကုန်အောင်မသောက်ခြင်း

  25-Feb-2017
Preview Image

 

ရောဂါဝေဒနာ တစ်ခုအတွက် ဆရာဝန်က ထိုးဆေးဖြစ်စေ၊ သောက်ဆေးဖြစ်စေ အကြိမ်မည်မျှ မှီဝဲသုံးစွဲရမည်ကို ညွှန်ကြားလေ့ရှိပါသည်။ ဆေးကို လိပ်ပတ်လည်အောင် ထိုးရမည်၊ သောက်ရမည်ဖြစ်သည်။ လူနာအချို့သည် ရောဂါဝေဒနာ သက်သာပျောက်ကင်းသွားသည်ဟု ယူဆ၍ ဆေးဝါးများကို အားလုံးကုန်အောင် ညွှန်ကြားသည့်အတိုင်း မမှီဝဲ မသုံးစွဲဘဲ ချန်ထားတတ်ကြသည်။ 

 

ဤသို့ပြုဆောင်ခြင်းမှာ ဆေးယဉ်ပါးမှု၊ ဆေးမတိုးမှုကိုဖြစ်စေသော ဇာစ်မြစ် တစ်ခုဖြစ်သည်။ အထူးသဖြင့် ပဋိဇီဝဆေးဝါးများအတွက် ပိုမိုဂရုစိုက်ရန် လိုအပ်သည်။ယနေ့အချိန်တွင် ရောဂါပိုးမွှားများသည် ဆေးမတိုးခြင်း၊ ဆေးယဉ်ပါးခြင်း ဖြစ်နေကြသည်။ ကမ္ဘာတစ်ဝန်းအများဆုံး ကူးစက်ပျံ့နှံ့နေသောရောဂါများ (တီဘီရောဂါ၊ ငှက်ဖျားရောဂါ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ၏ ပိုးမွှားများသည် ဆေးယဉ်ပါးမှု ရှိနေကြသည်။ ရောဂါ ကာကွယ်တိုက်ဖျက်ရာတွင် ပိုးမွှားများ၏ ဆေးယဉ်ပါးမှုမှာ ကြီးမားသော အဟန့်အတား ဖြစ်လျက်ရှိသည်။ နမိုးနီးယားအဆုတ်ရောင်ရောဂါ ပိုးမွှားတချို့မှာလည်း ဆေးယဉ်ပါးမှု ရှိနေကြသည်။

 

ဆေးယဉ်ပါးမှုပြဿနာသည် အခြားသော အကြောင်းများကြောင့် ဖြစ်နိုင်သော်လည်း ဆေးများကို အပြည့်အဝ လိပ်ပတ်လည်အောင် မမှီဝဲမသုံးစွဲခြင်းသည်လည်း အချက်တစ်ချက် ဖြစ်သည်။ တချို့မှာ ကျန်နေသော ဆေးဝါးများကို နောက် တစ်ကြိမ် နေထိုင်မကောင်းသော အခါမျိုး၌ ပြန်လည်သောက်တတ်ကြသေးသည်။ ထိုသို့ ဆေးကျန်များကို သောက်ခြင်းမှာလည်း ဆေးယဉ်ပါးမှုသာမက အခြားသော ဆိုးကျိုးအန္တရာယ်များလည်း ကြုံတွေ့ရနိုင်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့်ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှ ကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18