Tuberculosis (တီဘီရောဂါ)
02-Oct-2019
တီဘီရောဂါဟာ ဘက်တီးရီးယားပိုးကြောင့်
ဖြစ်ပွားပြီး ရောဂါဖြစ်ပွားသူ ချောင်းဆိုး၊ နှာချေရာမှ ထွက်ပေါ်လာသော
အမှုန်အမွှားလေးများကို ရှူရှိုက်မိရာမှ ရောဂါကူးစက်တတ်သည်။ တီဘီရောဂါသည် အရေးကြီးသော
ရောဂါတစ်ခု ဖြစ်သည်။ ဒါ့ကြောင့်
ရောဂါဖြစ်ပွားလျှင် ထိရောက်စွာ ကုသမှု ခံယူသင့်ပြီး ထိုသို့ ထိထိရောက်ရောက် ကုသပါက
ပျောက်ကင်းနိုင်သည့် ရောဂါဖြစ်သည်။TB ရောဂါသည် အဆုတ်ကို အဓိကအားဖြင့် ထိခိုက်စေသည်။ သို့သော်
ကိုယ်ခန္ဓာ၏ ဂလင်းအကျိတ်များ၊ အရိုးများ၊ အာရုံကြော စသည့်မည်သည့် အစိတ်အပိုင်းကိုမဆို
ပိုးဝင်ရောက်နိုင်သည်။
လက္ခဏာများ
အတွေ့ရများသော လက္ခဏာများမှာ -
- ၃ ပတ်နှင့်အထက် ချောင်းဆိုးခြင်း (တစ်ခါတစ်ရံ သွေးပါတတ်)
- ကိုယ်အလေးချိန်ကျခြင်း
- ဖျားခြင်း (အဖျားမကြီးဘဲ တငွေ့ငွေ့ဖျားတတ်)
- ပင်ပမ်းနုံးချိနေတတ်ခြင်း
- အစားအသောက်ပျက်ခြင်း စသည်တို့ ဖြစ်ကြသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
Mycobacterium tuberculosis ခေါ်
ဘက်တီးရီးယားပိုးကြောင့် တီဘီရောဂါ ဖြစ်ပွားသည်။ ရောဂါဖြစ်သူနှင့် ထိတွေ့မှု
များသည့်သူများကို ရောဂါကူးစက်နိုင်သည်။ ရောဂါပိုး ဝင်ရောက်နေသော်လည်း ကိုယ်ခန္ဓာ
ခုခံအားက ရောဂါပိုးကို မသတ်နိုင်သော်လည်း ပိုးပွားများမှုကို ထိန်းချုပ်ထားနိုင်သော
အခြေအနေမျိုးတွင် ရောဂါလက္ခဏာများမပေါ်ဘဲ ရှိတတ်ပြီး ထိုအခြေအနေကို Latent
TB ဟု သတ်မှတ်သည်။ ရောဂါပိုးကို
ကိုယ်ခံအားစနစ်က ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ပိုးများ ပွားများ ပျံ့နှံ့နေသော
အခါတွင်မူ ရောဂါလက္ခဏာများ ပေါ်ပေါက်လာကာ တခြားသူများကိုလည်း ပိုမိုကူးစက်လွယ်စေသည်။
ထိုအခြေအနေကို Active TB ဟု သတ်မှတ်သည်။ ထို့ကြောင့် Latent TB ဖြစ်နေသူတို့သည် ခုခံအားကျဆင်း၊
အားနည်းသည့်အခါမျိုးတွင် Active TB အဆင့်သို့ ကူးပြောင်းသွားနိုင်သည်။
နောက်ဆက်တွဲ ပြဿနာများ
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော
အချက်များ
- ၃ ပတ်နှင့်အထက် ချောင်းဆိုးလျှင်
- ချောင်းဆိုး သွေးပါလျှင်
ဆရာဝန်နှင့် ပြသရန် လိုအပ်သည်။
စစ်ဆေးမှုများ
- ရင်ဘတ်ဓါတ်မှန် (Chest
X ray)
- သွေးစစ်ဆေးခြင်း
- သလိပ် စစ်ဆေးခြင်း (Sputum
for AFB)
- ကွန်ပြူတာ ဓါတ်မှန် (CT)
- သံလိုက်ဓါတ်မှန် (MRI)
- Mantoux Test (for latent TB)
- ခါးဆစ်ရိုးဖောက် စစ်ဆေးခြင်း (Lumbar
Puncture)
ကုသခြင်း
တီဘီရောဂါကို စနစ်တကျ ကုသပါက
ပျောက်ကင်းနိုင်သည်။ ကုသရာတွင် မတူညီသော ပိုးသတ်ဆေးများကို ပေါင်းစပ်
အသုံးပြုကြသည်။ အများအားဖြင့် ဆေးကို ၆ လသောက်ရသည်။ သို့ရာတွင် ဆေးယဉ်ပါး တီဘီ
ရောဂါ ဖြစ်ပွားလျှင်မူ ကုသမှုသည် ၂ နှစ်ခန့်အထိ ရှည်ကြာနိုင်သည်။
ကာကွယ်ခြင်း
BCG vaccine ကာကွယ်ဆေးထိုးခြင်းသည်
၁၀ ယောက်တွင် ၈ ယောက် ကာကွယ်မှု ရသည်ဟု ဆိုကြသည်။ ထို ကာကွယ်ဆေးကို တီဘီကူးစက်ရန်
အခွင့်အလမ်းများသည့် သူများ (ဥပမာ- အဖြစ်များသည့် နိုင်ငံတွင် နေသည့် ကလေးငယ်၊ ကျန်းမာရေး ဝန်ထမ်းများ)
စသည်တို့တွင် အဓိက ထိုးလေ့ရှိသည်။
Credit : ကြယ်မင်းတာယာ
သင်သိလိုသမျှ
ကျန်းမာရေးမေးခွန်းများနှင့်
ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့်
၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး
ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
