သွားစိုက်ခြင်းအမျိုးမျိုး
02-Nov-2019
သွားစိုက်သည်ဟု ခေါ်ဆိုနေသော်လည်း အမှန်မှာ သွားကျိုးသည့်နေရာသို့ စိုက်သွင်းခြင်း
မဟုတ်ပါ။
(၁) သွားအရှင်စိုက်ခြင်း
သွားတစ်ချောင်းမှ မရှိသောအခါ အံပုံအရှင် စိုက်လုပ်ရသည်။ သွားတချို့
ကျိုးနေလျှင်လည်း အံကပ်အရှင် ပြုလုပ်ပေးနိုင်သည်။ သွားအသေ စိုက်ထားသကဲ့သို့
အစာမာများ မစားနိုင်သော်လည်း ပဲကြီးလှော်၊ အကြော်စုံ၊ ပြောင်းဖူး၊ အသားငါး၊
ထမင်းလောက်တော့ ကြေညက်စွာ စားလို့ရသည်။ အစာစားပြီး သန့်ရှင်းအောင်တိုက်
ညအိပ်သောအခါ ဖြုတ်၍ထားရသည်။
(၂) သွားအသေစိုက်ခြင်း
ဘေးသွားကို အစွပ်ပြုတွယ်ဆက်၍ သွားမရှိသည့်နေရာကို သွားတုစိုက်ထားခြင်းဖြစ်သည်။ ဝါးအားဒဏ်ကို ဘေးသွားအထိန်းများမှခံရ၍ ဘေးဘက်သွားများ ကောင်းမွန်ရန် လိုအပ်ပါသည်။ သင့်ရုံအမာစာများကို ဝါးနိုင်သည်။ ဖြုတ်လိုက်တပ်လိုက် မလုပ်ရသဖြင့် ကရိကထမဖြစ်၊ ပလက်တီနမ်၊ နီကယ်ဂရုန်း၊ ကြွေသွားစသည်ဖြင့် အမျိုးမျိုးပြုလုပ်
၍ ရသည်။
(၃) သွားမြစ်တုကို မေးရိုးထဲသို့ စိုက်၍သွားတုစိုက်ခြင်း
မေးရိုးတွင်းသို့ တိုက်တေနီယမ် အမြစ်တုစိုက်သွင်း၍ သွားတုပြုလုပ်ပေးခြင်းဖြစ်သည်။ သာမန်အသေစိုက်ခြင်းကဲ့သို့ ဘေးသွားများအား ပွတ်စားရန် မလိုသော အား
သာချက်ရှိသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် တွင်တွင်ကျယ်ကျယ် ပြုလုပ်နေသည်။
ကျွန်တော် တို့နိုင်ငံတွင်လည်း ပြုလုပ်၍ရနေပြီ။ သွားမြစ်တုစိုက်ရန်
အချိန်ပေးရခြင်း၊ ငွေကြေးကုန်ကျစရိတ်များခြင်း၊ သွားမြစ်တုစိုက်ခြင်း၏ ကောင်းကျိုးဆိုးကျိုးများကို ကြားသိမြင်
ဗဟုသုတ နည်းပါးသေးခြင်းတို့ကြောင့် သွားမြစ်တုစိုက် ကုသခံယူသူ နည်းပါးသေးသည်။
Ref:
The Myanmar Healthcare Directory 2015 စာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

