Print

အစာအိမ်နှင့် အူလမ်းကြောင်းအား မှန်ပြောင်းကြည့်စစ်ဆေးခြင်း

  01-Mar-2017
Preview Image

အစာအိမ်နှင့် အူလမ်းကြောင်းအား ရောဂါရှာဖွေရန်အတွက် မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းများ ပြုလုပ်ကြရတတ်သည်။ ဆေးပညာသဘောအရ မှန်ပြောင်းကြည့်ရှုစစ်ဆေးသင့်သည့် အခြေအနေများကို ဖော်ပြပေးထားသည်။

 

(၁) အစာမကြေဝေဒနာခံစားရပြီး အသက် ၅၅ နှစ်နှင့်အထက် အသက်အရွယ်ကြီးသူများ
(၂) သေချာရေရာမှုမရှိသော ရင်ဘတ်နာခြင်း
(၃) အစာမျိုချရာတွင် ခက်ခဲခြင်း
(၄) အန်ခြင်း
(၅) ခန္ဓာကိုယ်အလေးချိန်ကျခြင်း
(၆) ရုတ်တရက် အစာလမ်းကြောင်းမှ သွေးယိုစီးမှုဖြစ်ခြင်း
(၇) နာတာရှည်အစာလမ်းကြောင်းမှ သွေးယိုစီးမှုဖြစ်ခြင်း
(၈) အစာအိမ်နှင့် အူလမ်းကြောင်းအား ဘေရီယမ်ဆေးတိုက်ပြီး ဓာတ်မှန်ရိုက်ရာတွင် သံသယဖြစ်ဖွယ် တွေ့ရှိရခြင်း
(၉) အစာအိမ် (သို့) အူသိမ်အပေါ်ပိုင်းမှ အသားစရယူစစ်ဆေးရန်ရှိခြင်း

 

အောက်ဖော်ပြပါ အခြေအနေများတွင် အစာအိမ်နှင့် အူလမ်းကြောင်းအား မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းများ မပြူလုပ်သင့်ပါ။

 

(၁) ဆိုးရွားစွာ သွေးလန့်နေသည့်အခြေအနေ
(၂) မကြာမီက နှလုံးကြောင့် ရင်ဘတ်အောင့်ခြင်း၊ နှလုံးကြွက်သား ပျက်ယွင်းခဲ့ခြင်း
(၃) နှလုံးခုန်ရာတွင် နရီစည်းဝါးယိုယွင်းခြင်း (နှလုံးခုန်မမှန်ခြင်း)
(၄) ဆိုးရွားစွာ အသက်ရှူလမ်းကြောင်းရောဂါများရှိခြင်း
(၅) လည်းပင်းရိုးဆစ်ပြဿနာရှိခြင်း
(၆) အစာအိမ်နှင့် အူလမ်းကြောင်း ပေါက်နေဖွယ်ရာရှိခြင်း

 

အစာအိမ်နှင့် အူလမ်းကြောင်းအား မှန်ပြောင်းကြည့်ရှုစစ်ဆေးမှုမှာ ယနေ့အချိန်တွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိကြသည်။ ကျွမ်းကျင်သော ဆေးပညာရှင်များ၏ လက်ဝယ်တွင် လုံးဝအန္တရာယ်မရှိနိုင်ပေ။ သို့သော် ဖြစ်နိုင်ဖွယ်ရာ နောက်ဆက်တွဲ အရှုပ်အထွေး ပြဿနာ တချို့ကို တင်ပြပေးလိုက်ပါသည်။ 

 

(က) နှလုံးနှင့် အဆုတ်တို့၏လုပ်ငန်း ဖိနှိပ်ခံရခြင်း (အိပ်ဆေး၊ စိတ်ငြိမ်ဆေးများကြောင့်ဖြစ်တတ်ပါသည်။)
(ခ) အဆုတ်ရောင်ရောဂါ (နမိုးနီးယား)
(ဂ) အစာလမ်းကြောင်း ပေါက်သွားနိုင်ခြင်း တို့ဖြစ်သည်။

 

Credit:
ဒေါက်တာအေးကျော်
ကျန်းမာရေးသတင်းနှင့် ဗဟုသုတများ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18