Print

နားပြည်တည်နာ (Otitis Media)

  01-Mar-2017
Preview Image

နားမှာသုံးခန်းရှိသည်။ အပြင်မှမြင်ရသော နားရွက်သည် အပြင်နား (External Ear) ဖြစ်ပြီး နား၏ အစိတ်အပိုင်းတစ်ခုဖြစ်၏။ နားရွက်မှာ နားကပ်ပန်ရန်နှင့် မျက်မှန်၊ နားကျပ်စသည်တို့ တပ်ရန်အသုံးဝင်၏။ ဤနားရွက်အတွင်းမှ အပြင်နားမြောင့် (လှိုဏ်) ရှိသည်။ အပြင်နားနှင့် နားစည် (Tympanic Membrane) က ခြားထား၏။ အလယ်နားတွင် အရိုးငယ်ကလေးများ (Ear Ossicles) သုံးခုရှိသည်။ နောက်ဆုံးနားအရိုးကလေး
သည် အတွင်းနား (Inner Ear) နှင့် ဆက်ကာ နားကြပ်မှုကို ဖြစ်စေ၏။ 

 

နားကြားသည်မှာ ခရုပုံများ (Cochlea) က ခံစားပြီး ဦးနှောက်နားထင်လုံး (Temporal Lobe) မှသိ၏။ ဆက်နေသော လခြမ်းဝက်ပြွန်များ (Semicircular Canals) နှင့် ရှေ့ခန်း (ဝါ) ပဏာမခန်း (Vestibule) သည် ခန္ဓာကိုယ်ထိန်းခြင်း (Equilibrium) နှင့်ဆိုင်၏။ ဤအစိတ်အပိုင်းများ မကောင်းက ချာချာလည်အောင်ခေါင်းမူး၏။ Vertigo ရသည်ဟုခေါ်၏။ အလယ်နားယောင်ခြင်း (Otitis Media) မှာ အဖြစ်များ၏။ ရေကူးစဉ်ယောင်၍ ဖြစ်နိုင်သလို ပြည်တည်နာလည်း ဖြစ်နိုင်၏။ ဦးခေါင်းဒဏ်ရာရလျှင် သွေးထွက်၏။

 

ရောဂါလက္ခဏာများ
(၁) နားမှနာကျင်နေခြင်း
(၂) အဖျားရှိခြင်း
(၃) လူမှာနေထိုင်မကောင်း၊ စိတ်တိုစိတ်ဆတ်နေခြင်း
(၄) နားကိုကြည့်ကာ နားစည်မှာ အပြင်သို့ဖောင်းနေခြင်း

 

ကုသမှု
(၁) အဖျားကျဆေး၊ အနာအကျင်ပျောက်ဆေး ဥပမာ Tylenol, Pannadil, Motrin တစ်ခုခုတိုက်ပါ။
(၂) ပိုးသတ်ဆေးတစ်ခုခု Amoxicillin Or Erythromycin Or Bactrim DS ပေးပါ။
(၃) နားထဲသို့ ပိုးသတ်ဆေးရည်တစ်ခုခု Ear Drop ထည့်နိုင်ပါသည်။
(၄) ဟစ်စတာမင်းဆန့်ကျင်ဆေး ဥပမာ Piriton မပေးပါနှင့်။
(၅) နှာခေါင်းထဲထည့်သော နှာခေါင်းခြောက်ဆေးများ (Decongestant) များမထည့်ပါနှင့်။

 

ကလေးများတွင်လည်း နားယောင်ပြည်တည်နာ (နားပြည်ယို) ပိုဖြစ်တတ်၏။ အကြောင်းမှာ -

(၁) ကလေး၏ ယူကေချီယန်ပြွန် (Eustachian Tube) သည် နားခေါင်း နောက်နေရာနှင့်ဆက်ရာ တိုနေ၏။ လူကြီးမှာ ပိုရှည်၏။ 
(၂) ကလေး၏ ကိုယ်ခံစွမ်းအားစနစ်သည် လူကြီးတွင်လောက် မကြီးထွား၊ မတိုးတက်။
(၃) လည်ချောင်းနားနောက်ရှိ သားနံရည်ကျိတ်များမှာ ကလေးတွင်ပိုကြီး၏။


Credit:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက် အရေးပေါ်ဆေးပညာ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18