ပထမဆုံးတစ်ချိန် သုက်သွေးလွှတ်ခြင်းဟာ မျိုးအောင်ဖို့အတွက် အကောင်းဆုံးဖြ...
15-Dec-2019
သုတေသနပြုသူတွေဟာ သုက်သွေးလွှတ်ခြင်း အဆင့်ဆင့်ကို ခွဲခြားလေ့လာခဲ့ပြီး
ပထမဆုံးအချိန် သုက်သွေးလွှတ်ခြင်းဟာ မျိုးအောင်ဖို့အတွက် အကောင်းဆုံးဖြစ်ကြောင်းကို
ရှာဖွေတွေ့ရှိခဲ့ပါသတဲ့။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအချိန်မှာ ပိုမိုလျင်မြန်စွာ
ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းတဲ့ မျိုးရိုးဗီဇတွေပါဝင်တဲ့ သုက်ပိုးပမာဏဟာ
အလွန်များပြားစွာ ပါဝင်လာတာကြောင့်ဖြစ်ပါတယ်။
Seville ရှိ Ginemed မျိုးဆက်ပြန့်ပွားရေး သုတေသနဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ
Maria Hebles က အရင်က သုက်သွေးလွှတ်ခြင်းကို တစ်ကြိမ်တည်း တစ်ခါတည်း လွှတ်တယ်လို့
ယူဆခဲ့ကြတာပါ။ ဒါပေမယ့် အဓိက မျိုးဆက်ပျံ့ပွားမှုအတွက် ရုပ်ပိုင်းဆိုင်ရာ
လုပ်ဆောင်ချက်တွေနဲ့ ပါဝင်မှုပမာဏကို အညီအမျှထိန်းညှိပေးနိုင်ဖို့
နှစ်ပိုင်းခွဲခြားထားတာကို တွေ့ရှိရပါတယ်လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။
ပညာရှင်တွေက ပထမပိုင်း သုက်သွေးလွှတ်ချိန်မှာ မျိုးအောင်နိုင်ဖို့အတွက်
မမျိုးဥနှင့်ပေါင်းစပ်မယ့် သုက်ပိုးကို အကာအကွယ်ပေးထားတဲ့ ဖော့စဖိတ်၊
စစ်ထရစ်အက်ဆစ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓါတ်တွေပါဝင်ပါတယ်။ ဒုတိယပိုင်း
သုက်သွေးလွှတ်ချိန်မှာတော့ သုက်ပိုးကို ထိခိုက်မှုများမှ ကာကွယ်ပေးပြီး မမျိုးဥနှင့်
ပေါင်းစပ်မျိုးအောင်ခြင်းကို နှောင့်နှေးစေနိုင်သည့် အခြေအနေဖြစ်ပါတယ်။
Credit : MTN
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

