ခရမ်းလွန်ရောင်ခြည်နှင့် လူသားတို့ကျန်းမာရေး
01-Mar-2017ခရမ်းလွန်ရောင်ခြည်တွင် UVA နှင့် UVB ဟု နှစ်မျိုးရှိနေလေရာ UVB မှာ လူသားတို့မျက်စိကို အထူးအန္တရာယ် ပြုစေနိုင်တဲ့ အဓိကရောင်ခြည်ဖြစ်ပါတယ်။ ၎င်းဟာ ရောင်ခြည်လှိုင်း ၂၉၀ နှင့် ၃၂၀ ကြားတွင်ရှိသော မျက်လုံး၏ အလင်းဝင်ပေါက်ဖြစ်တဲ့ မျက်စိကြည်လွှာကို ဖြတ်သန်းနိုင်စွမ်းရှိပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိတွင်မည်သို့သော ရောဂါများ ဖြစ်နိုင်ပါသနည်း။ ခရမ်းလွန်ရောင်ခြည်ဟာ မျက်စိကို မျက်ခမ်းမှအစ မျက်စိအတွင်းပိုင်း မျက်စိအာရုံလွှာအထိ အလွှာတိုင်းကို ပျက်စီးစေနိုင်ပါတယ်။ မျက်ခမ်းတွင် အရေပြားရောင်ရမ်းခြင်း၊ ရေယုန်ပေါက်ခြင်း၊ အရေပြားကင်ဆာရောဂါဖြစ်ခြင်းတို့ကို ဖြစ်စေပါတယ်။ မျက်ခမ်းကင်ဆာရောဂါဟာ သာမန်လူတို့တွင် အသက် ၄၀-၅၀ အရွယ်၌ပင် ဖြစ်တတ်ကြောင်း တွေ့ရှိရပါတယ်။
မျက်ကြည်လွှာခေါ် (Cornea) တွင်လည်း မျက်ကြည်လွှာရောင်ရမ်းခြင်း၊ မျက်ကြည်လွှာအနာရွတ်ဖြစ်ကာ မျက်စိအမြင်အာရုံဆုံးရှုံးသွားခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ၎င်းအပြင် မျက်စိအတွင်း မျက်နက်လွှာခေါ် (IRIS) အလွှာတွင်လည်း (Melanoma) ခေါ်သည့် မျက်စိကင်ဆာတစ်မျိုးကို ဖြစ်စေနိုင်ပါတယ်။ အဖြစ်အများဆုံးမှာ မျက်စိ အတွင်းတိမ်ရောဂါ ဖြစ်ပါတယ်။ ၎င်းနောက် မျက်စိအာရုံခံလွှာခေါ်သည့် (Retina) တွင် ရောင်ရမ်းခြင်း၊ အနာရွတ်ဖြစ်ခြင်းတို့ကို ဖြစ်စေပါတယ်။ အိုဇုန်းလွှာ ပျက်စီးနေခြင်းကို ကာကွယ်ခြင်းသာ မရှိပါက သက္ကရာဇ် ၂၀၂၀ တွင် မျက်မမြင်ဦးရေနှင့် အရေပြားကင်ဆာဦးရေဟာ ယခုလက်ရှိထက် သုံးဆခန့် ပိုများလာနိုင်ကြောင်း ခန့်မှတ်ထားကြပါတယ်။
၎င်းရောဂါများအနက် အတွင်းတိမ်ရောဂါ တစ်ခုသာ ခွဲစိတ်ကုသခြင်းဖြင့် လွယ်ကူစွာ အမြင်အာရုံ ပြန်လည်ရရှိအောင် ကုသနိုင်သော်လည်း ကျန်သော ရောဂါများမှာ မျက်စိလုံးဝ ကွယ်သည်ထိ အမြင်အာရုံကို ပြန်လည်ရရှိအောင် ကုသနိုင်သော်လည်း ကျန်သော ရောဂါများမှာ မျက်စိလုံးဝကွယ်သည်အထိ အမြင်အာရုံကို ထိခိုက်နိုင်စွမ်း ရှိသောရောဂါများ ဖြစ်ပါတယ်။ အပူရှိန်မြင့်တက်လာခြင်းဟာ လူသားအားလုံးရဲဲ့ ကျန်းမာရေးမှာ အထူးထိခိုက်လာနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ လူတွေရဲ့ ကျန်းမာရေးကို အန္တရာယ်ပြုနိုင်ပေမဲ့ ကာကွယ်နိုင်ပါတယ်။
နေရောင်ခြည်အပြင်းထန်ဆုံးအချိန်ဖြစ်တဲ့ မနက် (၁၁) နာရီမှ နေ့လယ် (၂) နာရီအတွင်း နေပူထဲကို တတ်နိုင်သလောက် မသွားဘဲနေဖို့လိုပါတယ်။ မတတ်သာလို့ သွားရမယ်ဆိုရင်လည်း ထီး၊ အဝိုင်းကျယ်တဲ့ ဦးထုပ်၊ နေကာမျက်မှန် သို့မဟုတ်UV Protection sunglass၊ Polarise မှန်ပါတဲ့ Sunglass နှင့် ရိုးရိုးချည်သား အကျင်္ ီ လက်ရှည်တို့ကို ဝတ်ဆင်ပြီး သွားနိုင်ပါတယ်။ အရေပြားပေါ်မှာ လိမ်းတဲ့ UV Cream, Sun Cream လိမ်းဆေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ နေ့စဉ် နေပူထဲမှာ အလုပ်လုပ်နေရတဲ့ လယ်ယာလုပ်သား၊ ငါးဖမ်းလုပ်သား၊ ဆောက်လုပ်ရေးလုပ်သားတွေ အထူးသတိထား လိုက်နာဖို့ လိုပါတယ်။
ဒါကြောင့် ကမ္ဘာ့အိုဇုန်းလွှာကို ကာကွယ်ခြင်းကိစ္စတွင် တစ်တပ်တအား ပါဝင်တဲ့ အနေဖြင့် ကလိုရိုဖလူရို ကာဗွန်ဓာတ် အထွက်များတဲ့ လေအေးစက်၊ ရေခဲသေတ္တာ၊ဓာတ်ငွေ့မှုတ်စက် စသည့် အသုံးအဆောင်များ ချွေတာသုံးစွဲရေး၊ ကမ္ဘာ့ပတ်ဝန်းကျင်ကို ဖန်လုံအိမ်အာနိသင်မှ ကာကွယ်ရန် သစ်ပင်စိုက်ခြင်း၊ သစ်ပင်၊ ပန်းပင်များ ကာကွယ်စောင့်ရှောက်ခြင်းတို့ကို တစ်ဖက်တစ်လမ်းမှ ကူညီလုပ်ဆောင်ပေးခြင်းဖြင့် လူသားတို့အတွက် ကျရောက်လာမည့် ရောဂါအန္တရာယ်ဆိုးတို့မှ ကာကွယ်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။
Credit:
ပါမောက္ခဦးကံညွန့်
(မျက်စိအထူးကုဆရာဝန်ကြီး)