ဆေးလိပ်သောက်ခြင်းကြောင့် HIV လူနာများ ရောဂါ ပိုမိုဆိုးရွားလာနိုင်
01-Mar-2017ဆေးလိပ်သောက်သည့် HIV ဗိုင်းရပ်စ် ကူးစက်ခံထားရသူများ သည် ရောဂါအခြေအနေကြောင့် သေဆုံးမှုထက် ဆေးလိပ်သောက် ခြင်းကြောင့် အသက်ပိုတိုနိုင်ကြောင်းလေ့လာမှုတစ်ခုက ဖော်ပြ သည်။
HIV ဆေးဝါးများ မပြတ်သောက်နေရသော လူနာတစ်ဦးသည် HIV နှင့် ရောဂါဆက်စပ်သော အခြေအနေကြောင့်မဟုတ်ဘဲ ဆေး လိပ်သောက်ခြင်းနှင့် ဆက်စပ်သော ရောဂါများဖြင့် သေဆုံးနိုင်ခြေ ပိုများကြောင်း မန်ဆာချူးဆက် အထွေထွေဆေးရုံမှ သုတေသီများ က ပြောသည်။
HIV လူနာများ ဆေးလိပ်ဖြတ်လိုက်ပါက သက်တမ်း သိသိသာသာ ပိုရှည်လာနိုင်သဖြင့် ၎င်းတို့ဆေးလိပ်ဖြတ်ရန် အရေးကြီးကြောင်း သုတေသီများကပြောသည်။
ယခုအခါHIV ဗိုင်းရပ်စ်ကို တိုက်ဖျက်သော ဆေးဝါးများ အစွမ်းထက်လာပြီး HIV လူနာများ၏ သက်တမ်း ယခုထက် ပိုရှည်လာစေရေး အခြားသော ကြားဝင်ဖြေရှင်းမှုများ လိုအပ်နေသည်ဟု သုတေသီများက ပြောသည်။
HIV ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ဆေးလိပ်သောက်သူများသည် ရောဂါအခြေအနေထက်ဆေးလိပ်သောက်ခြင်းကြောင့် အသက်တိုနိုင်ခြေ နှစ်ဆပိုများကြောင်း Infectious Diseases ဂျာနယ်တွင် ဖော်ပြထားသည်။
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးအတွက် ဆိုးရွားကြောင်းကို လူနာများ ကောင်းစွာသိထားကြပြီး ဖြစ်သော်လည်းဆေးလိပ်သောက်ခြင်းက HIV လူနာများအတွက် ပိုဆိုးကြောင်း ယခုလေ့လာမှုက ဖော်ပြထားသည်။
HIV လူနာများသည် ဆေးပုံမှန်သောက်ပြီး အခြားအန္တရာယ်ရှိ နိုင်သော အပြုအမူများကိုရှောင်ရှား၍ နေထိုင်မည်ဆိုပါကသက်တမ်းစေ့ နေနိုင်သဖြင့် ဆေးလိပ်သောက်ခြင်းကဲ့သို့ ရောဂါအခြေအနေ ပိုဆိုးစေသော မကောင်းသည့် အလေ့အထများကို စွန့်လွှတ်သင့်သည်ဟု သုတေသီများကပြောသည်။
Source : ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily