Print

သေစေနိုင်လောက်သည့် ဆေးမှားယွင်းသုံးစွဲမှုများ (၁)

  01-Mar-2017
Preview Image

ကိန်းဂဏန်းများက အ့ံသြဖွယ်ကောင်းပေစွ။ တစ်နှစ်တာကာလအတွင်း ကမ္ဘာပေါ်တွင် ဆေးမှားယွင်းသုံးစွဲမှုများကြောင့် ဖျားနာခြင်း၊ ပြင်းထန်စွာ ထိခိုက်ခြင်းတို့ ခံစားခဲ့ကြရသူများမှာ ၁.၅ သန်းခန့်ရှိပြီး လူပေါင်းတစ်သိန်းခန့် သေဆုံးခဲ့ရသည်။ ထို့ပြင် ထိုသေဆုံးမှုအားလုံးသည် ကာကွယ်၍ ရနိုင်သော အကြောင်းတရားများ ဖြစ်ပေသည်။ အဖြေကဘာပါလဲ။ ၎င်းမှာ ကျွန်တော်တို့ ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်သာဖြစ်သည်။ အောက်ပါအချက်အလက်များမှာ ပညာရှင်များ က ပြောပြသည့် သေစေနိုင်လောက်သော သို့မဟုတ် ပြင်းထန်စွာ ထိခိုက်စေနိုင်လောက်သော ဆေးမှားယွင်းသုံးစွဲမှုပုံစံ များဖြစ်ကြပေသည်။

 

နာမည်ဆင်တူသော ဆေးနှစ်မျိုးအား မှားသောက်မိခြင်း
ဤသို့သော မှားယွင်းသုံးစွဲမှုများမှာ ဆရာဝန်လက်ရေးကို ဖတ်မရခြင်း၊ ဆေး အရောင်းဆိုင်မှ ကွန်ပျူတာအတွင်းသို့ ဆေးနာမည်မှားယွင်းရိုက်ထည့်မိခြင်း သို့မဟုတ် ဆေးထားရာနေရာမှ စတင် ဖြစ်ပေါ်တတ်သည်။ ဆေးအရောင်ဆိုင်များ တွင် ဆေးများအား အက္ခရာစဉ်လိုက်စီထားလေ့ ရှိခြင်းကြောင့် နာမည်တူဆေးများ မှာလည်း ဘေးချင်းကပ်လျက်ရှိနေတတ်ပြီး ဆေးယူသူအနေဖြင့် မှားယွင်းထုတ်မိရန် လွယ်ကူပေသည်။

 

Medication Error Reporting Program ၏ အဆိုအရဆေးနာမည်ဆင်တူခြင်းသည် ဆေးမှားယွင်းသောက်သုံးမှုအားလုံးအနက် ၂၅ ရာခိုင်နှုန်းခန့်အထိကို ဖြစ်ပေါ်စေနိုင်သည်ဟု သိရသည်။ ဥပမာအားဖြင့် စိတ်ကျရောဂါအတွက်သုံးသော Paxil နှင့် သွေးကျဲဆေးတစ်မျိုးဖြစ်သော Plavixli ၊ ADHD ရောဂါ အတွက်ပေးသောဆေးနှင့် သွေးပေါင်ကျဆေးတစ်မျိုး ဖြစ်သော Inderal တို့အား မှားပေးမိခြင်း စသည်တို့ဖြစ်သည်။

 

ဘယ်လိုရှောင်ရှားမလဲ
ဆရာဝန်က ဆေးနာမည်ရေးပေးပါက ဘာအတွက်ပေးသည်၊ ဆေးအမည်နဲ့ ပမာဏ တို့ကိုပါ ထည့်ရေးပေးရန်တောင်းဆိုပါ။ အကယ်၍ စိတ်ကျရောဂါအတွက် ပေးထား သည့် ဆေးက အစာအိမ်နာအတွက် ဆေးဖြစ်နေပါက ဆေးရောင်းသူစဉ်းစား သွားပေလိမ့်မည်။ သင်က ဆေးအညွှန်းဖြင့် ဆေးဆိုင်တွင် သွားရောက် ဝယ်သူဖြစ်ပါက ဆေးရောင်းသူ စဉ်းစားသွားပေလိမ့်မည်။ သင်က ဆေး အညွန်းဖြင့် ဆေးဆိုင်တွင် သွားရောက်ဝယ်သူဖြစ်ပါက ဆေးဝယ် ပြီးနောက် ဆေးညွှန်းတွင် ပါဝင်သောဆေးအမည် ဆေးပမာဏ၊ သုံးစွဲပုံစသည်တို့ တူညီခြင်း ရှိ၊ မရှိအား စီစစ်ရပေမည်။

 

Credit:
ဒေါက်တာကျော်စွာထွန်း (ဆေးဝါးဗေဒ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18